
ကနေဒါနိုင်ငံရဲ့ ဝေဟင်ပိုင်နက်ကိုချိုးဖောက်ဝင်ရောက်ခဲ့ပြီး အမြင့်ပေ ၄၀၀၀၀ မှာ ပျံသန်းနေတဲ့ အမည်မသိ အရာဝတ္ထုတစ်ခုကို အမေရိကန်တိုက်လေယာဉ်တစ်စီး က ကနေဒါအနောက်အလယ်ပိုင်း ယူကွန်ဒေသမှာ ပစ်ချခဲ့တယ်လို့ ကနေဒါဝန်ကြီးချုပ် ဂျပ်စတင် ထရူးဒူး က ပြောကြားပါတယ်။
အမည်မသိ အရာဝတ္ထုကို ဖျက်ဆီးပစ်ရန် အမေရိကန်နဲ့ ကနေဒါတိုက်လေယာဉ်တွေကိုပါ စေလွှတ်ခဲ့ကာ အမေရိကန် အက်ဖ်-၂၂ တစ်စီး က ပစ်ချခဲ့တယ်လို့ ကနေဒါဝန်ကြီးချုပ်က ပြောကြားပါတယ်။







