ရုရှ၏ ကျူးကျော်စစ် စတင်ချိန်မှစပြီး ဗြိတိန်နိုင်ငံသည် ယူကရိန်းထံသို့ ပထမဆုံးအဖြစ် ရဟတ်ယာဉ်များ ပေးပို့မည်ဖြစ်ကြောင်း လန်ဒန်ရှိ ကာကွယ်ရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့တွင် ပြောသည်။ “ဗြိတိန်မှ ယူကရိန်းထံ လှူဒါန်းသော ပထမဆုံး ရဟတ်ယာဉ်များ” အတွက် ယူကရိန်းစစ်မှုထမ်းနှင့် အင်ဂျင်နီယာ ဆယ်ဦးအဖွဲ့က ဗြိတိန်တွင် သီတင်းခြောက်ပတ်ကြာ လေ့ကျင့်သင်တန်းဆင်းနေကြောင်း ကာကွယ်ရေး ဝန်ကြီး ဌာနက ဆိုသည်။
ရက်ပ်အဆိုတော် ကာညေးဝက်စ် ၂၀၂၄ အမေရိကန်သမ္မတရွေးကောက်ပွဲ ဝင်ပြိုင်မည်
ရက်ပ်အဆိုတော်ကာညေးဝက်စ်က နောင်လာမည့် ၂၀၂၄ သမ္မတရွေးကောက်ပွဲတွင် ဝင်ပြိုင်မည့်အကြောင်း အင်တာဗျူးတစ်ခုတွင် အတည်ပြုကြေညာသွားသည်။ Ye ဟု တရားဝင်နာမည်ပြောင်းထားသည့် ကာညေးဝက်စ်က ၎င်း၏ကြေညာမှုတွင် ရွေးကောက်ပွဲကမ်ပိန်း၌ ၎င်းကိုကူညီမည့်သူကိုလည်း မိတ်ဆက်ပေးခဲ့သည်။ ထိုအင်တာဗျူး တွင် ဝက်စ်က Ye 24 ဟုရိုက်နှိပ်ထားသည့် အကျႌကို ဝတ်ထားခဲ့သည်။ တွစ်တာလူမှုမီဒီယာကို အီလွန်မတ်စ်ဝယ်ယူ အုပ်ချုပ်လိုက်ပြီးနောက် မကြာမီကမှ ဝက်စ်၏တွစ်တာအကောင့်ပြန်ရထားပြီး အကောင့်ပြန်ရပြီးနောက် ဝက်စ်၏ အတည်ပြု ချက်ထွက်လာခြင်းဖြစ်သည်။ ဝက်စ်သည် အီလွန်မတ်စ်တွစ်တာကို လွှဲပြောင်းမယူမီက ဂျူးဆန့်ကျင်ရေး မှတ်ချက်များရေးခဲ့မှုကြောင့် တွစ်တာပေါ်လစီကိုချိုးဖောက်သူအဖြစ် အကောင့်ပိတ်ခံလိုက်ရသည်။
တရုတ်က ၎င်းတို့ပိုင်ဆိုင်သည်ဟု ပြောဆိုထားသော ရေပြင်နယ်နိမိတ်အနီးရှိ ဖိလစ်ပိုင်၏ကျွန်းတစ်ကျွန်းဆီသို့ အမေရိကန်ဒုသမ္မတ သွားရောက်
အမေရိကန်၏ ကာလရှည်မဟာမိတ် ဖိလစ်ပိုင်အား ထောက်ခံမှုကိုပြသကာ ဒေသတွင်း၌ တရုတ်၏သြဇာကြီးထွား လာမှုကို တန်ပြန်သည့်အနေဖြင့် အမေရိကန်ဒုသမ္မတ ကာမလာဟဲရစ်စ်သည် တရုတ်က ၎င်းတို့ပိုင်ဆိုင်သည်ဟု အခိုင်အမာဆိုထားသော ရေပြင်နယ်နိမိတ်အနီးတွင် တည်ရှိသည့် ဖိလစ်ပိုင်၏ ကျွန်းတစ်ကျွန်းဆီသို့ နိုဝင်ဘာ ၂၂ ရက်က သွားရောက်ခဲ့သည်။ ဟဲရစ်စ်သည် နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေသော တောင်တရုတ်ပင်လယ်ရှိ စပရတ်တလေကျွန်းစုနှင့် အနီးကပ်ဆုံး ဖိလစ်ပိုင်ကုန်းမြေထုဖြစ်သည့် နိုင်ငံအနောက်ပိုင်း ပါလာဝမ်ကျွန်းသို့ သွားရောက်ခဲ့သည့် အဆင့်အမြင့်ဆုံး အမေရိကန်အစိုးရတာဝန်ရှိသူ ဖြစ်လာခဲ့သည်။
တရုတ်တွင် COVID-19 ရောဂါကူးစက်မှုများ မြင့်တက်လာပြီးနောက် မြို့တော်ပေကျင်းရှိ ခရိုင်အချို့၌ စာသင်ကျောင်း များကို ပိတ်ထားရန် အာဏာပိုင်များ ညွှန်ကြား
တရုတ်နိုင်ငံတွင် COVID-19 ရောဂါကူးစက်မှုများ မြင့်တက်လာစဉ် ရောဂါကူးစက်မှုအများဆုံး ဒေသအချို့မှ ဒေသခံများအား နေအိမ်၌သာ နေထိုင်ရန် အာဏာပိုင်များက ညွှန်ကြားခဲ့ပြီးနောက် နိုဝင်ဘာ ၂၁ ရက်တွင် မြို့တော် ပေကျင်းရှိ ခရိုင်အချို့၌ စာသင်ကျောင်းများကို ပိတ်ထားပြီး အွန်လိုင်းမှသာ သင်ကြားစေခဲ့သည်ဟု သိရ သည်။ တရုတ်အာဏာပိုင်များသည် နိုင်ငံအလယ်ပိုင်း ဟဲနန်ပြည်နယ် ကျင့်ကျိုးမြို့မှသည် နိုင်ငံအနောက်တောင်ပိုင်း ချုံချင့်မြို့အထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုများကို ထိန်းချုပ်ရန် ကြိုးပမ်းနေရသည်။ နိုဝင်ဘာ ၂၀ ရက်က တရုတ်တွင် ကိုရိုနာဗိုင်းရပ်စ် ပြည်တွင်းကူးစက်သူအသစ် ၂၆၈၂၄ ဦး တွေ့ရှိခဲ့ကာ ဧပြီလထဲတွင် ရောဂါကူးစက်မှု အမြင့်ဆုံးဖြစ်ခဲ့သည့် အရေအတွက်နှင့်လည်း နီးကပ်လာခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံ၏ အနောက်ဂျာဗားကျွန်းတွင် ပြင်းအား ၅ ဒသမ ၆ ရှိ ငလျင်လှုပ်သဖြင့် သေဆုံးသူ အနည်းဆုံး ၄၆ ဦးအထိရှိလာပြီး လူ ၇၀၀ ကျော် ဒဏ်ရာရ
နိုဝင်ဘာ ၂၁ ရက်က အင်ဒိုနီးရှား၏ အဓိကကျွန်းဖြစ်သော ဂျာဗားကို ပြင်းအား ၅ ဒသမ ၆ ရှိ စောက်တိမ် ငလျင်လှုပ်သွားသောကြောင့် လက်ရှိအချိန်ထိ အနည်းဆုံးလူ ၄၆ ဦးသေဆုံးထားသည်ဟု ဒေသဆိုင်ရာတာဝန် ရှိသူတစ်ဦးက အေအက်ဖ်ပီသတင်းဌာနကို ပြောကြားသည်။ ငလျင်သည် အဆောက်အအုံများကို ပျက်စီးစေခဲ့ပြီး မြေပြိုမှုကို ဖြစ်ပေါ်စေခဲ့သည်ဟု ယင်းတာဝန်ရှိသူက ပြောကြားသည်။ လက်ရှိအချိန်ထိ ထိခိုက်ဒဏ်ရာရသူ အနည်းဆုံး ၇၀၀ ကျော်ရှိသည်ဟု သိရသည်။
လျှပ်စစ်ကားတင်သွင်းရန် ကုမ္ပဏီ ၂၆ ခုက လျှောက်ထားလျက်ရှိပြီး မည်သည့်ကုမ္ပဏီကိုမျှ ခွင့်ပြုချက်မပေး သေးကြောင်း နစက ပြောကြား
လျှပ်စစ်ကား တင်သွင်းရန် ကုမ္ပဏီ ၂၆ ခုက လျှောက်ထားလျက်ရှိပြီး မည်သည့် ကုမ္ပဏီကိုမျှ ခွင့်ပြုချက်မပေး သေးကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။ “လာရောက်လျှောက်ထားတဲ့ကုမ္ပဏီ ၂၆ ခုရှိပါတယ်။ အခုချိန်အထိ ဘယ်ကုမ္ပဏီကိုမျှ ခွင့်မပြုသေးပါဘူး” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ဘိုင်ဒင်-ရှီ တွေ့ဆုံမှုနှင့် အမေရိကန်-တရုတ် ဆက်ဆံရေး
အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင်ပြုလုပ်ခဲ့သည့် စက်မှုထိပ်သီး နိုင်ငံ ၂၀ အစည်းအဝေးမတိုင်မီ နိုဝင်ဘာ ၁၄ ရက်က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် တရုတ်သမ္မတ ရှီကျင်းပင်တို့သည် ကာလကြာ ရှည်စောင့်ဆိုင်းခဲ့ရသည့် ၎င်းတို့၏ အစည်းအဝေးကို ပြုလုပ်ခဲ့သည်။ တရုတ်၏ ကာလကြာရှည် ကိုဗစ်ကင်းစင်မူဝါကြောင့် ကမ္ဘာ့စူပါ ပါဝါနှစ်နိုင်ငံမှ ခေါင်းဆောင်နှစ်ဦးသည် ၂၀၂၁ ခုနှစ် ဇန်နဝါရီလက အမေရိကန်သမ္မတအဖြစ် ဘိုင်ဒင် စတင်တာဝန်ယူခဲ့ပြီး နောက်ပိုင်း ပထမဆုံးအကြိမ် လူချင်းတွေ့ဆုံမှု ဖြစ်ခဲ့သည်။
ပါကစ္စတန် ကျောင်းနေအရွယ်ကလေးငယ်များ၏အနာဂတ်ကို ဖျက်ဆီးခဲ့သော ရေလွှမ်းမိုးမှုများ
ပါကစ္စတန်နိုင်ငံရှိ သုံးနှစ်သားအရွယ် အက်ဖ်ရှန်သည် ကျောင်းသို့ သွားရောက်ရာတွင် ပုပ်စော်နံနေသောရေများဖြင့် ပြည့်လျှံနေသည့် မြောင်းတစ်ခုပေါ်တွင် ဖြတ်ထိုးထားသော တံတားတစ်စင်းပေါ်မှ ယိုင်တီးယိုင်တိုင်ဖြင့် ဖြတ်သန်းသွားလာနေရသည်။ နိုင်ငံအရှေ့တောင်ပိုင်း ချန်ဒန်မိုရီမြို့ရှိ ၎င်း၏စာသင်ခန်းသည် စံချိန်တင်ရွာသွန်းသော မုတ်သုံမိုးကြောင့် ရေကြီးခဲ့ပြီးနောက် လက်ရှိတွင် အက်ဖ်ရှန်နှင့် ၎င်း၏မောင်နှမများ နေ့စဉ်ကျောင်းတက် ရသည့် အခြေအနေဖြစ်သည်။ “ကလေးတွေကို ဒီတံတားကို ဖြတ်ပြီး ကျောင်းကို လွှတ်ရတာအန္တရာယ်များတဲ့ အလုပ်တစ် လုပ်ပါ” ဟု အသက် ၂၃ နှစ်အရွယ်အက်ဖ်ရှန် ၏ဖခင်ဖြစ်သူ အဗ္ဗဒူလ်ကာဒါက ပြောကြားခဲ့သည်။ “ဒါပေမဲ့လည်း ကျွန်တော်တို့ ရဲ့ကလေးတွေ အနာဂတ်လုံခြုံဖို့အတွက် မဖြစ်မနေလုပ်နေရတာပါပဲလေ”ဟု ၎င်းကဆိုသည်။
APEC ထိပ်သီး စည်းဝေးချိန် ဘန်ကောက်မှာ ရဲနဲ့ ဆန္ဒပြသမားတွေ အဓိကရုဏ်းဖြစ်
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်ရှိ အာရှပစိဖိတ်ဒေသ စီးပွားရေးပူပေါင်းဆောင်ရွက်မှု APEC ထိပ်သီးညီလာခံ ကျင်းပရာ အဆောက်အဦ နဲ့ မလှမ်းမကမ်းနေရာမှာ ဒီမိုကရေစီလိုလားတဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြကြသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေအကြား ကြာသပတေးနေ့က ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ကြပါတယ်။
ထိုင်း ဝန်ကြီးချုပ် Prayuth Chan Ochar နုတ်ထွက်ဖို့ တောင်းဆိုနေကြတဲ့ ဆန္ဒပြသူတွေကို စုဝေးနိုင်ခြင်း မရှိအောင် ရဲ နဲ့ စစ်သားတွေ ပါဝင်ကြတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာကို ဘန်ကောက်မြို့တော်အနှံ့ ဖြန့်ကျက်ချထားပါတယ်။
ထိုင်ဝမ်ကို ကျူးကျော်တိုက်ခိုက်ပါက ရုရှားရဲ့အမှားမျိုးဖြစ်လာမယ်လို့ တရုတ်ကို အမေရိကန်သတိပေး
တရုတ်သမ္မတ ရှီကျင့်ဖျင်အနေနဲ့ ထိုင်ဝမ်ကို ကျူးကျော်တိုက်ခိုက်မယ်ဆိုရင် ယူကရိန်းကို ကျူးကျော်တဲ့ ရုရှားရဲ့အမှားမျိုးကြုံတွေ့ရမယ်လို့ အမေရိကန်စစ်ဘက်အကြီးအကဲတစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ် မာ့ခ်မီလီ က သတိပေး ပြောကြားလိုက်ပါတယ်။ သမ္မတ ရှီကျင့်ဖျင်ဟာ ကွန်မြူနစ်ပါတီအစည်းအဝေးမှာ ရာထူးသက်တမ်းသုံးကြိမ်ဆက် ထမ်းဆောင်ခွင့်ရခဲ့ပြီး ထိုင်ဝမ်ကျွန်းကို ပြန်လည်ပေါင်းစည်းရေးဟာ သူ့ရဲ့အဓိကရည်မှန်းချက်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ ပင်တဂွန်စစ်ဌာနချုပ်ရဲ့ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ် မာ့ခ်မီလီ က “တရုတ်အစိုးရအနေနဲ့ ထိုင်ဝမ်ကိုကျူးကျော်ခဲ့ရင် ယူကရိန်းကိုကျူးကျော်တဲ့ ရုရှားရဲ့ မဟာအမှားကြီးလို ဖြစ်သွားပါလိမ့်မယ်။ ဒါဟာ ဥာဏ်နည်းလွန်းရာလည်း ရောက်ပါတယ်” လို့ ပြောကြားခဲ့တာပါ။ -Ref:VOA