
ထိုင်းမူးယစ်ဆေးရောင်းဝယ်သူတစ်ဦးက သူ့မျက်နှာကို “ချောမောတဲ့ ကိုရီးယား အမျိုးသား” မျက်နှာနဲ့တူအောင် ပလတ်စတစ်ဆာဂျရီ အကြိမ်ပေါင်းများစွာ ခွဲစိတ် ပြုပြင်ဖန်တီး ရုပ်ဖျက်ခဲ့တဲ့အကြောင်း ထိုင်းဒေသဆိုင်ရာ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဆောင်ဂျီမင်လို့ နာမည်ပြောင်းထားတဲ့ ဆာဟာရတ်ဆာဝမ်ဂျာဟန်ကို ပြီးခဲ့တဲ့ အပတ်က ဘန်ကောက်က ကွန်ဒိုတိုက်ခန်းတစ်ခုမှာ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။









