
ဂရိနိုင်ငံမှာ ပြီးခဲ့တဲ့ တပတ်က လူ ၅၇ဦး သေဆုံးခဲ့တဲ့ ရထားနှစ်စီး တိုက်ခဲ့တဲ့ ဖြစ်ရပ်အပေါ် သယ်ယူ ပို့ဆောင်ရေးနဲ့ ပြည်သူ့ဝန်ထမ်းတွေ ဒေါသထွက်ပြီး သပိတ်မှောက်နေပါတယ်။
ကျောင်းဆရာတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ ကားသမားတွေကလည်း ရထားဝန်ထမ်းတွေရဲ့ သပိတ်မှာ ပါဝင်လာပါတယ်။ ဂရိမှာ ရထားနှစ်စင်း တိုက်မိပြီးတဲ့နောက် ရထားဝန်ထမ်းတွေက လုံခြုံရေးစနစ် ပိုမိုကောင်းမွန်ဖို့ ဆန္ဒပြခဲ့ကြပါတယ်။









