
အိန္ဒိယနိုင်ငံဟာ တရုတ်နိုင်ငံကို ကျော်လွန်ပြီး ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံအဖြစ် ရောက်ရှိလာတော့မယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်လိုက်တဲ့ အချက်လက်တွေက ဖော်ပြနေပါတယ်။ အိန္ဒိယနိုင်ငံရဲ့ လူဦးရေဟာ ၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်းလောက်မှာ တရုတ်နိုင်ငံရဲ့ လူဦးရေထက် ၂.၉ သန်း ပိုများနိုင်တယ်လို့ဆိုပါတယ်။ ကိန်းဂဏန်း အတိအကျဆိုရင် အခုနှစ်ရဲ့ နှစ်လယ်ပိုင်းမှာ အိန္ဒိယရဲ့ လူဦးရေဟာ ခန့်မှန်းခြေ သန်း ၁၄,၂၈၆ အထိရှိနိုင်ပြီး တရုတ်နိုင်ငံရဲ့ လူဦးရေဟာ သန်း ၁၄,၂၅၇ ရှိနေနိုင်တာပါ။









