တရုတ်နိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်ရေး ၃ နှစ်ကြာ ချမှတ်ထားတဲ့ ကန့်သတ်ချက်တွေကို ဖယ်ရှားလိုက်ပြီး ဗုဒ္ဓဟူးနေ့ကစလို့ ပြည်ပခရီးသွားတွေအတွက် ပြည်ဝင်ခွင့်ဗီဇာ အမျိုးအစား အားလုံးကို ပြန်ထုတ်ပေးပြီး၊ နယ်စပ်တွေ အားလုံးကိုလည်း ဖွင့်ပေးတော့မယ်လို့ ပြောလိုက်ပါတယ်။ ကပ်ရောဂါ မတိုင်ခင်က ဗီဇာမလိုပဲ သွားခွင့်ရှိတဲ့ တရုတ်ဆိပ်ကမ်းမြို့ဖြစ်တဲ့ ရှန်ဟိုင်းကိုဝင်ရောက်လာတဲ့ အပျော်စီး သင်္ဘောတွေနဲ့ ဟိုင်နန်ကျွန်းတို့လို နေရာတွေမှာ အရင်လို ဗီဇာမလိုဘဲ ဝင်ရောက်ခွင့်ပြုမှာ ဖြစ်ကြောင်းလည်း တရုတ်အစိုးရက ပြောပါတယ်။
မြောက်ကိုရီးယားကရေငုပ်သင်္ဘောမှ နျူကလီးယားခရုဇ်ဒုံးကျည်များစမ်းသပ်ပစ်ခတ်ခဲ့
အမေရိကနှင့်တောင်ကိုရီးယားတို့စစ်ရေးလေ့ကျင့်မှုစတင်ချိန်၌ မြောက်ကိုရီးယားဘက်မှ ရေငုပ်သင်္ဘောမှ မဟာဗျူဟာမြောက်ခရုဇ်ဒုံးကျည်နှစ်စင်းအား စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာန KCNA ကဖော်ပြခဲ့သည်။
“မဟာဗျူဟာ” ဟူသောစကားလုံးအား များသောအားဖြင့် နျူစွမ်းရည်ရှိသောလက်နက်များအတွက် အသုံးပြုခြင်း ဖြစ်သည်ဟုလည်း ဖော်ပြထားပြီး အဆိုပါစမ်းသပ်ပစ်လွှတ်မှုမှ ၎င်းတို့၏ ယုံကြည်စိတ်ချရမှုအား အတည်ပြုခဲ့ခြင်း ဖြစ်သည်ဟုလည်းဆိုသည်။
အဆိုပါဒုံးကျည်၏ အသေးစိတ်အချက်အလက်များအား ခွဲခြမ်းစိတ်ဖြာ လေ့လာနိုင်ရန်အတွက် တောင်ကိုရီးယား ထောက်လှမ်းရေးအေဂျင်စီအနေဖြင့် အမေရိကနှင့်ပူးပေါင်းဆောင်ရွက်နေပြီး စစ်ရေးအရအထူးသတိထား နေရသည်ဟုလည်း ပူးတွဲစစ်ဦးစီးချုပ်ကပြောကြားခဲ့သည်။
အမေရိကန်နဲ့တောင်ကိုရီးယား က ငါးနှစ်အတွင်း အကြီးဆုံးစစ်ရေးလေ့ကျင့်မှု စတင်
နိုင်ငံအနီးမှာ စစ်ရေးလေ့ကျင့်တာတွေကို စစ်ကြေညာခြင်းအဖြစ် ရှုမြင်နိုင်တယ်လို့ မြောက်ကိုရီးယားက သတိပေးခဲ့ပြီးနောက်မှာပဲ တောင်ကိုရီးယားနဲ့ အမေရိကန်တို့က ငါးနှစ်အတွင်း အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှုကို စတင်လိုက်ပါတယ်။
မကြာသေးခင်လတွေမှာ ပိတ်ပင်ထားတဲ့ လက်နက်စမ်းသပ်မှုတွေကို ဆက်တိုက် လုပ်ဆောင်ခဲ့တဲ့ မြောက်ကိုရီးယားဆီက ခြိမ်းခြောက်ပြောဆိုတာတွေ များလာနေချိန်မှာပဲ အမေရိကန် နဲ့ တောင်ကိုရီးယားက ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုတွေကို တိုးမြှင့်လုပ်ဆောင်နေပါတယ်။
ဆော်ဒီ ရေနံကုမ္ပဏီ Aramco စံချိန်တင်အမြတ်ငွေရရှိ
ဆော်ဒီ ရေနံကုမ္ပဏီကြီး Aramco ဟာ စွမ်းအင်ဈေးနှုန်းမြှင့်တက်လာမှုနဲ့ ဝယ်လိုအားပမာဏများလာမှုတွေ ကြောင့် ၂၀၂၂ ခုနှစ်မှာ စံချိန်တင်အမြတ်ငွေ အမေရိကန်ဒေါ်လာ ၁၆၁.၁ ဘီလီယံအထိရရှိခဲ့တယ်လို့ တနင်္ဂနွေ နေ့က ထုတ်ပြန်ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ကနဲ့ယှဉ်ရင် နိုင်ငံပိုင်ကုမ္ပဏီအတွက် အမြတ်ငွေ ၄၆.၅ ရာခိုင်နှုန်း မြင့်တက်လာတာဖြစ်ပါတယ်။
စစ်ရေးတိုက်ခိုက်မှု အန္တရာယ်ကို ဟန့်တားဖို့ မြောက်ကိုရီးယားဆုံးဖြတ်
စစ်ရေးတိုက်ခိုက်မှုတွေကို ဟန့်တားနိုင်မယ့် အရေးကြီးတဲ့ လက်တွေ့အစီအမံတွေကို ဆောင်ရွက်ဖို့ မြောက်ကိုရီးယားက ဆုံးဖြတ်လိုက်ကြောင်း နိုင်ငံပိုင်သတင်းကနေ တနင်္ဂနွေမှာ ကြေညာလိုက်ပါတယ်။ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ၅ နှစ်အတွင်း အကြီးမားဆုံး ပူးတွဲစစ်ရေးလေ့ကျင့်မှုမစခင် တရက်အလိုမှာပဲ၊ အခုလို ပြောလိုက်တာပါ။ ဒီဆုံးဖြတ်ချက်ကိုတော့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်း ဦးဆောင်တဲ့ အာဏာရပါတီရဲ့ စစ်ကော်မရှင်အစည်းအဝေးတွင်းမှာ ချမှတ်လိုက်တာဖြစ်တယ်လို့ မြောက်ကိုရီးယားအစိုးရပိုင် KCNA သတင်းက ပြောပါတယ်။
ဘန်ကောက်မြို့က လေထုညစ်ညမ်းမှု အန္တရာယ်
ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်မြို့မှာ လက်တလော ဖုံးလွှမ်းနေတဲ့ လေထု ညစ်ညမ်းမှု အန္တရာယ်ရှိတဲ့ အဆင့်တွေဟာ မလျော့ကျဘူးဆိုရင် ဘန်ကောက်မြို့မှာ နေထိုင်သူတွေဟာ အိမ်ကနေပဲ အလုပ်လုပ်ကြဖို့ ညွှန်ကြားခံရနိုင်ပါတယ်။ ကလေးတွေနဲ့ ကိုယ်ဝန်သည် အမျိုးသမီးတွေကိုတော့ အိမ်ထဲမှာပဲ နေကြဖို့ ညွှန်ကြားထားပြီး အပြင် ထွက်ကြသူတိုင်း နှာခေါင်းစည်း တပ်ကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
ပြိုလဲသွားတဲ့ Silicon Valley Bank ကို ကန်အစိုးရ ကျားကန်ပေးမည် မဟုတ်
ဘဏ္ဍာရေးအကျပ်အတည်းကြုံတွေ့နေရတဲ့ Silicon Valley Bank ကို ပြည်ထောင်စုအစိုးရအနေနဲ့ ငွေကြေး ကျားကန်ထောက်ပံ့ပေးမှာမဟုတ်ဘူးလို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Janet Yellen က ပြောပါတယ်။ ဒါပေမယ့်လည်း စုငွေတွေဆုံးရှုံးမလားဆိုပြီး စိတ်ပူနေသူတွေအတွက်တော့ ကူညီဆောင်ရွက်ပေးမယ်လို့ ပြောပါတယ်။
ရုရှားကုမ္ပဏီပိုင် ဒေါ်လာ ၂၅ သန်းကျော်တန်သည့် ဘိုးအင်းလေယာဉ်ကို အမေရိကန် သိမ်းယူမည်
အမေရိကန်ပြည်ထောင်စုဟာ အမေရိကန်ဒေါ်လာ ၂၅ သန်းကျော် တန်ဖိုးရှိတဲ့ ရုရှားရေနံကုမ္ပဏီ Rosneft ပိုင် ဘိုးအင်းလေယာဉ်ကို သိမ်းယူဖို့ မတ်လ ၈ ရက်က ဝရမ်းတခု ရရှိခဲ့ကြောင်း အမေရိကန် တရားရေးဌာနက ပြောပါတယ်။
နယူးယောက်အရှေ့ပိုင်းခရိုင်အတွက် အမေရိကန်ခရိုင်တရားရုံးကနေ ပို့ကုန်ထိန်းချုပ်မှု ချိုးဖောက်မှုတွေနဲ့ ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုတွေအပေါ် အခြေခံပြီး သိမ်းဆည်းမှုကို ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။
အင်ဒိုနီးရှား ဘောလုံးကွင်း လူပိသေဆုံးခဲ့မှု ဘောလုံးအဖွဲ့ တာဝန်ရှိသူ နှစ်ဦး ထောင်ဒဏ် ချမှတ်ခံရ
အင်ဒိုနီးရှားနိုင်ငံမှာ ကမ္ဘာ့အဆိုးရွားဆုံး ဖြစ်ရပ်တစ်ခုဖြစ်တဲ့ အားကစားရုံတွင်း လူအချင်းချင်း တိုးဝှေ့ပိ သေဆုံးခဲ့မှုနဲ့ ပတ်သက်လို့ ဘောလုံး တာဝန်ရှိပုဂ္ဂိုလ် နှစ်ဦးကို တာဝန်လစ်ဟင်းမှုနဲ့ တရားရုံးက ထောင်ဒဏ် ချမှတ်လိုက်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလက မာလန်းမြို့ အားကစားရုံတစ်ခုမှာ ဘောလုံးကွင်းထဲ ဝင်လာတဲ့ ဘောလုံးပွဲကြည့်ပရိသတ်တွေကို ရဲက မျက်ရည်ဗုံးတွေနဲ့ ပစ်ခတ် လူစုခွဲခဲ့ရာကနေ လူအချင်းချင်း တိုးဝှေ့ပိမိပြီး လူ ၁၃၅ ဦး သေဆုံးခဲ့ပါတယ်။
ဂရိမှာ ပြည်သူ့ဝန်ထမ်းတွေနဲ့ ပို့ဆောင်ရေးဝန်ထမ်းတွေ ဆန္ဒပြ
ဂရိနိုင်ငံမှာ ပြီးခဲ့တဲ့ တပတ်က လူ ၅၇ဦး သေဆုံးခဲ့တဲ့ ရထားနှစ်စီး တိုက်ခဲ့တဲ့ ဖြစ်ရပ်အပေါ် သယ်ယူ ပို့ဆောင်ရေးနဲ့ ပြည်သူ့ဝန်ထမ်းတွေ ဒေါသထွက်ပြီး သပိတ်မှောက်နေပါတယ်။
ကျောင်းဆရာတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ ကားသမားတွေကလည်း ရထားဝန်ထမ်းတွေရဲ့ သပိတ်မှာ ပါဝင်လာပါတယ်။ ဂရိမှာ ရထားနှစ်စင်း တိုက်မိပြီးတဲ့နောက် ရထားဝန်ထမ်းတွေက လုံခြုံရေးစနစ် ပိုမိုကောင်းမွန်ဖို့ ဆန္ဒပြခဲ့ကြပါတယ်။