အမေရိကန်ပြည်ထောင်စုကို တိုက်ထုတ်ဖို့နိုင်ငံသား ၁ ဒသမ ၄ သန်းလောက်ဟာ နိုင်ငံရဲ့စစ်တပ်မှာ စေတနာ အလျောက် ပါဝင်ဖို့ ဒါမှမဟုတ် စာရင်းသွင်းဖို့ ဆန္ဒရှိနေတယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာက မတ် ၂၀ ရက်မှာ ထုတ်ပြန်ပါတယ်။
နယ်ချဲ့အမေရိကန်တွေကို တန်ပြန်ဖို့ နိုင်ငံတဝန်း စစ်မှုထမ်းဖို့၊ စာရင်းသွင်းဖို့ မြောက်ကိုရီးယားလူငယ်တွေ လက်မှတ်ထိုးနေတဲ့ ဗီဒီယိုကို မြောက်ကိုရီးယားရဲ့ အစိုးရပိုင် ရုပ်မြင်သံကြားက ထုတ်လွှင့်ခဲ့ပါတယ်။