ပါကစ္စတန်မှာ အကြမ်းဖက် ရုန်းရင်းဆန်ခတ်မှုတွေဖြစ်ပြီးနောက် ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်း (Imran Khan) ကို ဖမ်းဆီးဖို့ ပြင်ဆင်နေတာကို တရားရုံးက ယာယီပိတ်ပင်လိုက်ပါတယ်။
ပါကစ္စတန်အရှေ့ခြမ်းက လာဟိုးမြို့က ခမ်းရဲ့နေအိမ်အပြင်ဘက်မှာ သူ့ကိုထောက်ခံသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကြား ၂၄ နာရီကျော်ကြာ အပြင်းအထန် အဓိကရုဏ်းဖြစ်နေတာကို ရပ်တန့်နိုင်ဖို့ ဝန်ကြီးချုပ်ဟောင်းအပေါ် ဖမ်းဆီးမိန့်ကို ကြာသပတေးနေ့အထိ ခေတ္တရပ်ထားဖို့ ပါကစ္စတန်တရားရုံးတရုံးက ရဲတပ်ဖွဲ့ကိုအမိန့်ပေးခဲ့တာပါ။