
ဖေဖော်ဝါရီတွင် ဘေဂျင်းက ကြေညာခဲ့သည့် ငြိမ်းချမ်းရေးအစီအစဉ်အရ မော်စကိုနှင့် ကိယက်ဗ်တို့ကြား ပြန်လည်ညှိနှိုင်းဆွေးနွေး ဖျန်ဖြေပေးဖို့အတွက် တရုတ်သမ္မတ ရှီကျင့်ဖျင်သည်သမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံရန် ရုရှားနိုင်ငံသို့ တနင်္လာနေ့က ရောက်ရှိခဲ့သည်။
ဖေဖော်ဝါရီတွင် ဘေဂျင်းက ကြေညာခဲ့သည့် ငြိမ်းချမ်းရေးအစီအစဉ်အရ မော်စကိုနှင့် ကိယက်ဗ်တို့ကြား ပြန်လည်ညှိနှိုင်းဆွေးနွေး ဖျန်ဖြေပေးဖို့အတွက် တရုတ်သမ္မတ ရှီကျင့်ဖျင်သည်သမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံရန် ရုရှားနိုင်ငံသို့ တနင်္လာနေ့က ရောက်ရှိခဲ့သည်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းသည် ၎င်း၏နိုင်ငံအား စစ်ပွဲအတွင်း အချိန်မရွေး တိုက်ခိုက်နိုင်ရန် အတွက် နျူကလီယားလက်နက်များ အဆင်သင့်ပြင်ထားရန် နှိုးဆော်ခဲ့ကြောင်း မြောက်ကိုရီးယားအစိုးရပိုင် သတင်းဌာန ဖြစ်သည့် ကေအင်န်စီအေ က မတ်လ ၂၀ ရက် တနင်္လာနေ့တွင် ဖော်ပြခဲ့သည်။
ကင်မ်၏ အဆိုပါမှတ်ချက်မှာ အမေရိကနှင့် တောင်ကိုရီးယား၏ ပူးတွဲ စစ်ရေးလေ့ကျင့်နေမှုများကို သတိပေးသည့် အနေဖြင့် မြောက်ကိုရီးယားက စနေနေ့နှင့် တနင်္ဂနွေနေ့များ၌ ပဲ့ထိန်းဒုံးကျည်များ စမ်းသပ်ပစ်လွှတ်ခဲ့စဉ် ပေါ်ထွက်လာခြင်းဖြစ်သည်။
ထိုင်းဘုရင် မဟာဝိဇယလောင်ကွန်းသည် မတ်လ ၂၀ ရက် တနင်္လာနေ့တွင် ပါလီမန်ကို ဖျက်သိမ်းရန် ဒီကရီအမိန့် ကို ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ ထိုသို့ ဖျက်သိမ်းလိုက်သဖြင့် ထိုင်းနိုင်ငံတွင် ရွေးကောက်ပွဲများကို ကျင်းပတော့မည်ဖြစ်သည်။
အဆိုပါ အတည်ပြု ဒီကရီအမိန့်ကို မတ်လ ၁၇ ရက်နေတွင် ထုတ်ပြန်ခဲ့ပြီး တနင်္လာနေ့၌ စတင် အာဏာ သက်ရောက်ခြင်းဖြစ်သည်။
အမေရိကန်သမ္မတဟောင်း ဒေါ်နယ်လ်ထရမ့်ဟာ သူအဖမ်းခံရတော့မယ့်အချိန် နီးကပ်လာပြီလို့ ပြောခဲ့ပြီးနောက် မှာပဲ စနေနေ့ညက အိုကလာဟိုးမားပြည်နယ် တူလ်ဆာမြို့မှာကျင်းပတဲ့ နပန်းပွဲတစ်ပွဲကို တက်ရောက် ကြည့်ရှု ခဲ့ပါတယ်။ သမ္မတဟောင်း ထရမ့်ဟာ သူနဲ့လိင်ပိုင်းဆိုင်ရာ ပတ်သက်မှုရှိခဲ့တယ်လို့ စွပ်စွဲထားတဲ့ လိင်အပျော်မယ် တစ်ယောက်ကို နှုတ်ပိတ်ခပေးခဲ့မှုအတွက် စုံစမ်းစစ်ဆေးခံနေရတာဖြစ်ပါတယ်။
ဩစတြေးလျနိုင်ငံ နယူးဆောက်ဝေးပြည်နယ်၏ မြို့တော် မန်နင်ဒီရှိ မြစ်ထဲတွင် ငါးကောင်ရေသန်းပေါင်းများစွာ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်းဒေသခံနှင့် တာဝန်ရှိသူများက မတ် ၁၇ ရက်တွင်ပြောသည်။
ငါးများသေဆုံးမှုကို မတ် ၁၇ ရက်တွင် ဒေသခံများက စတင်တွေ့ရှိခဲ့သည်။ ဒါလင်ဘာခါမြစ်ကို သက်ရောက်မှုရှိနေသည့် အပူလှိုင်းကြောင့် ငါးများသေဆုံးမှု ဖြစ်ပွားနေခြင်းဖြစ်ကြောင်း ပြည်နယ်တာဝန်ရှိသူများက ပြောသည်။
တောင်ကိုရီးယားမှာ အသက် ၆၀ နဲ့ အထက်အသက်အရွယ်တွေ လုပ်ငန်းခွင်တွေထဲမှာ ဝင်ရောက်လုပ်ကိုင်နေတဲ့ ပမာဏာဟာ ပြီးခဲ့တဲ့ ဆယ်နှစ်အတွင်း နှစ်ဆကျော် တိုးလာခဲ့ပါတယ်။
အခုလို အသက် ၆၀ ကျော် အရွယ် သက်ကြီးအရေအတွက် လုပ်ငန်းခွင်တွေမှာ တိုးလာတာဟာ တိုးမြင့်လာတဲ့ လူနေမှုစရိတ်တွေအတွက် လူတွေအခုလို အလုပ်ပိုလုပ်ရဖို့ ဖြစ်လာတာဖြစ်တယ်လို့ ဆိုပါတယ်။
အစ္စရေး တရားရုံးချုပ်ရဲ့ အာဏာကို ချုပ်ကိုင်ဖို့ အစိုးရက ခက်ခက်ခဲခဲ ပြင်ဆင်ထားတဲ့ အစီအစဉ်တွေကို ဆန့်ကျင်တဲ့ နိုင်ငံတဝန်း ဆန္ဒပြပွဲတွေရဲ့ အစိတ်အပိုင်းအဖြစ် အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့ လမ်းမတွေပေါ်မှာ လူထောင်ပေါင်းများစွာဟာ မတ် ၁၈ ရက်က ချီတက်ခဲ့ပါတယ်။
ပင်လယ်နက်ရှိ နိုင်ငံတကာလေပိုင်နက်အတွင်း အမေရိကန်လေတပ်၏ ထောက်လှမ်းရေးဒရုန်းတစ်စီးကို ရုရှားလေယာဉ်တိုက်လေယာဉ်တစ်စင်းက ဒရုန်းပေါ်သို့ လေယာဉ်ဆီများသွန်ချကာ ပျက်ကျစေခဲ့သည့် ဗီဒီယိုဖိုင်ကို ပင်တဂွန်စစ်ဌာနချုပ်မှ ထုတ်ပြန်လိုက်သည်။
ကြာသပတေးနေ့တွင် ထုတ်ပြန်ခဲ့သည့် အဆိုပါ ၄၂ စက္ကန့်ကြာ ဗီဒီယိုတွင် ရုရှား Su-27 တိုက်လေယာဉ်တစ်စီးသည် အမေရိကန်တို့၏ MQ-9 ထောက်လှမ်းရေးဒရုန်း၏ နောက်ဘက်သို့ ချဉ်းကပ်လာပြီး အပေါ်မှကျော်၍ ဖြတ်သန်းစဉ် လောင်စာဆီများ ဒရုန်းပေါ်သို့သွန်ချခြင်းကို မြင်တွေ့ရသည်ဟု ပင်တဂွန်စစ်ဌာနချုပ်မှ ပြောကြားခဲ့သည်။ ယင်းဗီဒီယိုကို အမေရိကန်ဒရုန်းတွင် တပ်ဆင်ထားသော ကင်မရာက ရိုက်ကူးခဲ့ခြင်းဖြစ်သည်။
မြောက်ကိုရီးယားဟာ မတ်လ ၁၆ ရက် အစောပိုင်းက ပြုံယမ်းမြို့အနီးကနေ အရှေ့ဘက်ကို တိုက်ချင်းပစ်ဒုံးကျည် (ICBM) ၁ စင်း ပစ်လွှတ်ခဲ့တယ်လို့ ဂျပန်အစိုးရ ထိပ်တန်း ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ဒီပစ်လွှတ်မှုဟာ နျူးကလီးယားလက်နက် ကိုင်ဆောင်ထားတဲ့ မြောက်ကိုရီးယားကို တန်ပြန်မယ့် နည်းလမ်းတွေကို ဆွေးနွေးဖို့ မျှော်လင့်ထားတဲ့ ထိပ်သီးဆွေးနွေးပွဲအတွက် တိုကျိုမြို့ကို လေယာဉ်ခရီး မစတင်ခင် နာရီပိုင်းလောက်မှာ လုပ်ဆောင်ခဲ့တာပါ။
ဆီးရီးယားသမ္မတ ဘာရှာ အယ်လ် အာဆတ် သည် ရုရှားနိုင်ငံ မော်စကိုသို့ သွားရောက်လည်ပတ်ခဲ့စဉ် ရုရှားသမ္မတပူတင်နှင့်တွေ့ဆုံပြီးနောက် အရှေ့အလယ်ပိုင်းတွင် စစ်အခြေစိုက်စခန်းသစ်များ ထူထောင်ရန်နှင့် တပ်ဖွဲ့ဝင်အရေအတွက် တိုးမြင့်ရန် ရုရှား၏ အဆိုပြုချက်များကို ကြိုဆိုကြောင်း ပြောကြားခဲ့သလို၊ ရုရှား၏ စစ်စခန်းများတည်ရှိမှုသည်လည်း အမြဲတမ်းဖြစ်သင့်သည်ဟု အကြံပြုလိုက်သည်။