ဇူလိုင် ၎
အမေရိကအား ရှုတ်ချသည့် လူထုအစည်းအဝေးပွဲများကို မြောက်ကိုရီးယား ကျင်းပ, နျူစစ်ပွဲနှင့်ပတ်သက်၍ သတိပေး
လာမည့် ဇူလိုင်လ တွင်အမေရိကန် စစ်တပ် မှ Drone များကို အိန္ဒိယ က ဝယ်ယူ နိုင်ရန် စီစဉ်ထား
ဘလင်ကန်၏ ပေကျင်းခရီးစဉ်သည် တရုတ်တောင်းပန်ရေးခရီးစဉ်သာ ဖြစ်ဟု မြောက်ကိုရီးယား ဝေဖန်
ဆိုးလ်၊ဇွန် ၂၁
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်၏ တရုတ်နိုင်ငံခရီးစဉ်သည် တရုတ်အပေါ်ဖိအားမပေးနိုင်သည့် အတွက် တင်းမာမှုများဖြေလျှော့ရန်တရုတ်တောင်းပန်ရေးခရီးစဉ်သာဖြစ်သည်ဟု မြောက်ကိုရီးယားက ဝေဖန်ပြောကြားခဲ့သည်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒင် တက်လာပြီးနောက် အရေးအပါဆုံးသော အမေရိက – တရုတ်တွေ့ဆုံမှုအနေဖြင့် ဘလင်ကန်နှင့် တရုတ်သမ္မတရှီတို့တနင်္လာနေ့ကတွေ့ဆုံခဲ့ကြပြီး ၎င်းတို့၏ ပြင်းထန်သောပြိုင်ဆိုင်မှုများကို တည်ငြိမ်အောင်ပြုလုပ်ရန် သဘောတူညီခဲ့ကြသည်။
တနင်္လာနေ့တွေ့ဆုံမှုအပြီး၌ မစ္စတာဘလင်ကန်က ပေကျင်းသည် မြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ်မှုများ ရပ်တန့်ရန်စည်းရုံးနိုင်သည့် တစ်ခုတည်းသောနိုင်ငံဖြစ်သဖြင့် မြောက်ကိုရီးယားကိုဒုံးကျည်စမ်းသပ်မှုရပ်တန့်ဖို့ ပြောရန်လည်းတိုက်တွန်းခဲ့သည်ဟုသိရသည်။
KCNA သတင်းဌာန၏ဖော်ပြချက်၌ မြောက်ကိုရီးယားမှ နိုင်ငံတကာရေးရာလေ့လာသူမစ္စတာဂျုံယွန်ဟက်ခ်က အမေရိက သည် တရုတ်ဆန့်ကျင်ရေးအတွက် QUAD ကဲ့သို့သောအဖွဲ့များဖွဲ့ကာ ဒေသတွင်း တင်းမာမှုများ ဖန်တီးရာ၌ အဓိကတာဝန်ရှိသည့်နိုင်ငံတစ်နိုင်ငံဖြစ်သည်ဟုလည်းဆိုခဲ့သည်။
Source : Reuters
ရွေးကောက်ခံ လွှတ်တော်အမတ်အားလုံးကို ထိုင်းရွေးကောက်ပွဲကော်မရှင် အတည်ပြု
အာဖရိကနိုင်ငံများဖလား ခြေစစ်ပွဲ အတွင်း ဘီနင်-ဆီနီဂေါ နှစ်နိုင်ငံ ဘောလုံးပြိုင်ပွဲ အတွင်း လူ ၂ဦး သေဆုံးခဲ့ရပြီး လူ ၁၀ဦးထိ ဒဏ်ရာများရရှိခဲ့ကြ
BRICS အဖွဲ့အစည်းကြီး၏ အဖွဲ့ဝင်တိုးချဲ့နိုင်ရေး ဆွေးနွေးမှုများကို လာမည့် သြဂုတ်လတွင် ကျင်းပပြုလုပ်ဖွယ်ရှိနေ
“ရုရှား – ယူကရိန်း စစ်ပွဲများအတွက် အာဖရိက ငြိမ်းချမ်းရေး ကိုယ်စားလှယ်များကို ရုရှား စိန့်ပီတာစဘတ်မြို့ တွင် ကြိုဆိုတွေ့ဆုံ မှုများပြုလုပ် သွားမည်”
မြောက်ကိုရီးယား၏ ဂြိုဟ်တုနှင့် ဒုံးကျည်များကို ပစ်ချရန်ရည်ရွယ်ထားဟု ဂျပန်ပြော
ကမ္ဘာ့ နံပါတ်တစ် ငွေချေကဒ် ဖြစ်လာခဲ့သည့် တရုတ် UnionPay