
ဘဂ္ဂဒက်၊ မေ ၁၂ ။ ။ အီရတ်နိုင်ငံမြို့တော် ဘဂ္ဂဒက်တွင် ကားဗုံးသုံးခါ ပေါက်ကွဲမှုအတွင်း သေဆုံးသ ဦးရေသည် အနည်းဆုံး ၉၃ အထိ ရှိလာကြောင်း ရဲဌာနနှင့် ကျန်းမာရေးဌာနတို့က ပြောသည်။
သေဆုံးမှု အများဆုံး ကားဗုံးပေါက်ကွဲမှုက ရှီးယိုက်မွတ်စလင်များ အများစုနေထိုင်ရာ ဆာဒါမြို့က ဈေးတစ်ဈေးတွင် ဖြစ်ပြီး ယင်းနေရာကားဗုံးကွဲမှုတွင် သေဆုံးသူ ၈၄ ဦးနှင့် ဒဏ်ရာရသူ ၈၇ ဦးရှိခဲ့သည်။




