အမေရိကန် ကင်းလှည့်လေယာဉ်နှင့် ၁၀ ပေအကွာထိ ရုရှားတိုက်လေယာဉ်တစ်စီး ချဉ်းကပ်ခဲ့

_91063874_021820664

 အမေရိကန် ကင်းထောက် လေယာဉ်တစ်စီးကို ၁၀ ပေမျှ အကွာထိ ရုရှားတိုက်လေယာဉ် တစ်စီးက နီးကပ်စွာ နှောင့်ယှက် ပျံသန်းခဲ့ကြောင်း ပင်တဂွန် စစ်ဌာနချုပ် က စွပ်စွဲ ပြောကြားလိုက်သည်။ ပင်လယ်နက် ဧရိယာတွင် စစ်ဆင်ရေးတာဝန် ထမ်းဆောင်နေသည့် P-8A ရေတပ် ထောက်လှမ်းရေး လေယာဉ်ကို ရုရှား၏ SU-27 တစ်စီးက စက်တင်ဘာ ၇ ရက်တွင် ချဉ်းကပ်လာခဲ့ခြင်းဟု သိရသည်။ လေယာဉ်နှစ်စီးသည် ၁၀ ပေမျှ အကွာထိ အလွန် နီးကပ်ခဲ့ပြီး ရုရှားတိုက်လေယာဉ်၏ လုပ်ရပ်မှာ ပရော်ဖက်ရှင်နယ် မဆန်သလို အန္တရာယ် များလွန်းကြောင်း အမေရိကန်၏ ပင်တဂွန် စစ်ဌာနချုပ်က ဝေဖန်ခဲ့သည်။

ထူးဆန်းစွာ သွေးအနီရောင်ပြောင်းသွားတဲ့ အာတိတ်ဒေသက မြစ်တစ်စင်း

334ecb1779de4f139bcaabb5816f2320

အာတိတ်ဒေသတွင်း မြစ်တစ်စင်းမှာ သွေးအနီရောင် ပြောင်းလဲသွားခဲ့တဲ့ ဖြစ်ရပ်အပေါ် ဒေသခံများကြား ပဟေဠိဖြစ်နေပြီး ရုရှားတာဝန်ရှိသူတွေက အဆိုပါ မူမမှန်တဲ့ ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေကြောင်း သိရပါတယ်။

ဆိုက်ဘီးယားဒေသတွင်း Norilsk မြို့အနီးရှိ Daldykan မြစ်ရေဟာ အင်္ဂါနေ့ (စက်တင်ဘာ ၆ ရက်) က သဘာဝအရောင်မှ သွေးအနီရောင်အဖြစ် ပြောင်းလဲသွား ခဲ့ပြီး သွေးများစီးဆင်းနေသကဲ့သို့ မြစ်ရဲ့ဓာတ်ပုံတွေ ဆိုရှယ်မီဒီယာမှာ ပျံနှံ့ခဲ့ရာ အံ့အားသင့်ခဲ့ကြရပါတယ်။

ပူတင်သည် အိုဘားမားထက် ပိုမိုထူးချွန်သည့် ခေါင်းဆောင်တစ်ဦးဟု ထရမ့်ချီးကျူး

ဗလာဒီမာပူတင်သည် ဘာရတ်အိုဘားမားထက် ပိုမိုထက်မြက် ထူးချွန်သည့် နိုင်ငံ့ခေါင်းဆောင် တစ်ဦးဖြစ်ကြောင်း ဒေါ်နယ်လ်ထရမ့်က ပြောကြားလိုက်သည်။

_91063470_atrump_putin_compo

(more…)


အိုင်အက်စ်နှင့် စစ်ပွဲတွင် ကာ့ဒ်ဂျိုလီဟု တင်စားခံရသည့် စစ်သမီး ကျဆုံးသွားပြီဟု သတင်းများထွက်ပေါ်

ကာ့ဒ်မျိုးနွယ်များ၏ အန်ဂျလီနာဂျိုလီဟု လူသိများသည့် ဆီးရီးယားအခြေစိုက် ကာ့ဒ်စစ်သမီး အာရှာရာမာဇန် အန်တာ သည် အိုင်အက်စ်စစ်သွေးကြွများကို တိုက်ခိုက်နေသည့်စစ်ပွဲတွင် ကျဆုံးသွားကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။

asia-ramazan-antar-543996

(more…)


မြောက်ကိုရီးယားကို လုံခြုံရေးကောင်စီ ပြင်းထန်စွာ ရှုတ်ချ

မြောက်ကိုရီးယားနိုင်ငံက ပဲ့ထိန်းတပ်ဒုံးကျည် နောက်ဆုံးပစ်လွှတ်ခဲ့မှုအပေါ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ပြင်းပြင်းထန်ထန် ဝေဖန်ပြစ်တင်ခဲ့ပြီး နောက်ထပ် ထိရောက်တဲ့ အရေးယူမှုတွေ လိုအပ်ရင် လုပ်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

14203302_1246140215416974_5891583291722010199_n

(more…)


ဂိုလန်ကုန်းမြင့်တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီးနောက် ဆီးရီးယားရှိ ပစ်မှတ်များကို အစ္စရေးတိုက်ခိုက်

ဂျေရုစလင် စက်တင်ဘာ ၈

ဂိုလန်ကုန်းမြင့်တွင် ဆီးရီးယားဘက်မှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လက်နက်ကြီးများ ကျရောက်ပေါက်ကွဲမှုကြောင့် ငါးရက်အတွင်း ဒုတိယအကြိမ်မြောက်အဖြစ် ကြာသပတေးနေ့တွင် ဆီးရီးယားနိုင်ငံရှိ ပစ်မှတ်များကို အစ္စရေး လေယာဉ်များက တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောသည်။

14212211_1272582916094552_356753255638513637_n

(more…)


၈ ရက်ကြာ တိုက်ပွဲတွေအတွင်း ဆီးရီးယားမှာ လူ ၁ သိန်းနီးပါး အိုးအိမ်မဲ့ဖြစ်

ဆီးရီးယားနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အစိုးရတပ်ဖွဲ့တွေနဲ့ သူပုန်အဖွဲ့တွေကြား တိုက်ပွဲတွေကြောင့် သြဂုတ်လ ၂၈ ရက်ကနေ စက်တင်ဘာလ ၅ ရက်နေ့အကြား တိုင်းပြည်အလယ်ပိုင်း Hama ခရိုင်ကနေ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသူပေါင်း ၁ သိန်းနီးပါး ရှိသွားပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှု အေဂျင်စီက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

14263958_1247104738653855_2589918568200430065_n

(more…)


ဟောင်ကောင်ခွဲထွက်ရေး ထောက်ခံသူ မည်သူမဆို အပြစ်ပေးခံရနိုင်ဟု တရုတ်အစိုးရ သတိပေး

ဟောင်ကောင်ဥပဒေပြုကောင်စီမှာဖြစ်စေ ပြင်ပမှာဖြစ်စေ လွတ်လပ်ရေးလှုပ်ရှားမှုမှန်သမျှကို ပြတ်ပြတ်သားသား ဆန့်ကျင်မယ့်သဘောထားကို တရုတ်အစိုးရက ရှင်းလင်းစွာသတိပေးလိုက်ပါတယ်။ ဟောင်ကောင်ခွဲထွက်ရေးကို ထောက်ခံအားပေးသူ မည်သူမဆို အပြစ်ပေးခံရနိုင်တယ်လို့ တရုတ်အစိုးရက သတိပေး လိုက်ကြောင်း နိုင်ငံပိုင် သတင်းဌာနက ပြောပါတယ်။

Hongkonk

(more…)


ဒူတာတေးက သမ္မတအိုဘားမားအား “မိန်းမပျက်မ သား”ဟု ပြောဆိုမှု နောင်တရ

12107660w

(ဓာတ်ပုံ – အီးပီအေ)

ဖိလစ်ပိုင်သမ္မတ ဒူတာတေးက အမေရိကန်သမ္မတ အိုဘားမားအပေါ် ပုဂ္ဂိုလ်ရေး စော်ကားပြောဆိုမှုနဲ့ ပတ်သက်လို့ နောင်တရကြာင်း ပြောပါတယ်။

လာအိုမြို့တော်မှာ အင်္ဂါနေ့က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ “အမေရိကန် သမ္မတအပေါ် ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ပြောဆိုခဲ့တဲ့ မှတ်ချက်´´ အတွက် ဒူတာတေးက နောင်တရကြောင်း ဖော်ပြခဲ့တယ်လို့ မီဒီယာများက ဆိုပါတယ်။

ခိုလှုံရာမဲ့ ကလေးငယ်ပေါင်း သန်း ၅၀ နီးပါးရှိဟု ယူနီဆက်ဖ်ပြော

uprooted

ကုလသမဂ္ဂ၊ စက်တင်ဘာ ၇

စစ်ပွဲ၊ အကြမ်းဖက်မှုနှင့် နှိပ်စက်ညည်းပန်းမှုများကြောင့် မွေးရပ်တိုင်းပြည်မှ စွန့်ခွာထွက်ပြေးရမှုများတွင် ကလေး ငယ်များ ဦးရေက ကမ္ဘာ့တစ်ဝန်းတွင် သန်းပေါင်း ၅၀ နီးပါးရှိကြောင်း ကုလသမဂ္ဂနိုင်ငံတကာကလေးငယ်များ အရေးပေါ် ရန်ပုံငွေအဖွဲ့ ယူနီဆက်ဖ်က စက်တင်ဘာ ၇ ရက်၌ ပြောသည်။