စက်တင်ဘာ ၎
မာလီ သမ္မတ အီဘရာဟင် ဘောက်ဘာကာ ကီတာက ကာကွယ်ရေးဝန်ကြီးဖြစ်သူ တီအန်မန် ဟူဘာ့တ် ကော်လီ ဘာလီအား ရာထူးမှ ထုတ်ပယ်လိုက်သည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
စက်တင်ဘာ ၂ ရက်က နိုင်ငံအလယ်ပိုင်းရှိ ဘိုနီကျေးရွာကို အစ္စလမ္မစ် စစ်သွေးကြွများက ၀င်ရောက်စီးနင်းခဲ့မှုဖြစ်စဉ် နောက်ပိုင်း ယခုကဲ့သို့ ကာကွယ်ရေးဝန်ကြီး ထုတ်ပယ်ခံလိုက်ရခြင်းဖြစ်ကြောင်း နိုင်ငံပိုင် ရုပ်သံက ထုတ်လွှင့်သည်။