
ကွာလာလမ်ပူ၊ စက်တင်ဘာ ၂၂
မလေးရှားရဲဌာနက သြဂုတ် ၂ ရက်မှ စက်တင်ဘာ ၁၇ ရက်အတွင်း အကြမ်းဖက်မှုနှင့် ချိတ်ဆက်သည် သံသယရှိသည့် နိုင်ငံခြားသား သုံးဦးအပါအဝင် လူလေးဦးကို ဖမ်းဆီးခဲ့သည်။
နိုင်ငံခြားသားသုံးဦးအား ပြည်နှင်ဒဏ်ပေးထားသည်။ ဖမ်းခဲ့သူများတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား စားသောက်ဆိုင်ပိုင်ရှင်တစ်ဦးလည်း ပါဝင်သည်။ ၎င်းသည် နိုင်ငံတကာအကြမ်းဖက်အဖွဲ့များထံ လက်နက်များ မှောင်ခိုပေးပို့နေခြင်းတွင် ပါဝင်သည်ဟု သံသယရှိရသူဖြစ်ကြောင်း ရဲက သတင်းထုတ်ပြန်သည်။ နိုင်ငံတကာရဲတပ်ဖွဲ့ အင်တာပို၏ အလိုရှိစာရင်း သွင်းခံထားရသူလည်းဖြစ်သည်။












