တရုတ်-လာအို ရထားလမ်းဆောက်လုပ်ရေးလုပ်ငန်းများ တရားဝင်စတင်သည့် အထိမ်းအမှတ်အဖြစ်လာအိုနိုင်ငံ Luang Prabang (လူအန်ပရာဘန်) မြို့တွင် ဒီဇင်ဘာလ(၂၅)ရက်နေ့က အခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။

တရုတ်-လာအို ရထားလမ်းဆောက်လုပ်ရေးလုပ်ငန်းများ တရားဝင်စတင်သည့် အထိမ်းအမှတ်အဖြစ်လာအိုနိုင်ငံ Luang Prabang (လူအန်ပရာဘန်) မြို့တွင် ဒီဇင်ဘာလ(၂၅)ရက်နေ့က အခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။

၁၉၅၇ ခုနှစ်မှာ ဗြိတိန်လက်အောက်ကနေ မလေးရှားနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်း နိုင်ငံရဲ့ ၁၅ ဆက်မြောက် ဘုရင်အဖြစ် ဆူလ်တန်မိုဟာမက်ဗွီကို တရားဝင် တင်မြှောက်တဲ့ အခမ်းအနား ဒီဇင်ဘာ ၁၃ ရက်နေ့က ကွာလာ လမ်ပူ၊ ပါလီမန်ရင်ပြင်မှာ ပြုလုပ်ခဲ့ပါတယ်။

ဗင်နီဇွဲလားနိုင်ငံ၏ တန်ဖိုးအမြင့်ဆုံး ငွေစက္ကူများကို အကြွေစေ့များဖြင့် ၇၂ နာရီအတွင်း လဲလှယ်ပေးသွားမည် ဖြစ်ကြောင်း အစိုးရက ကြေညာခဲ့သည်ဟု BBC သတင်းက ဖော်ပြသည်။ ၁၀၀ ဘိုလီဗာ ငွေစက္ကူများကို လဲလှယ် လိုက်ခြင်းဖြင့် မှောင်ခိုမှုများကို ရပ်တန့်ပေးရန် ကူညီနိုင်မည်ဖြစ်ပြီး စားနပ်ရိက္ခာနှင့် အထွေထွေပစ္စည်းများ ပြတ်လပ်မှုကို ကိုင်တွယ်ရာတွင်လည်း အကူအညီရမည်ဟု အစိုးရက မျှော်လင့် ထားသည်။

ပိုလန်နိုင်ငံသား ထောင်ပေါင်းများစွာသည် လက်ယာယိမ်းအစိုးရကြောင့် ဒီမိုကရေစီကို ထိခိုက်မှုများ ရှိနေသည်ဟု စွပ်စွဲပြီး ကွန်မြူနစ်ခေတ်ညမထွက်ရဥပဒေကို ရုတ်သိမ်းခြင်း ၃၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အင်္ဂါနေ့တွင် လမ်းမပေါ်ထွက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

အမေရိကန်သမ္မတအဖြစ် ရွေးကောက်ခံထားသော ဒေါ်နယ်ထရန့်က ရုရှားနှင့် ဆက်ဆံရေးနီးစပ်သည်ဟု ယူဆရ သော ExxonMobil ကုမ္ပဏီအကြီးအကဲ Rex Tillerson ကို ရွေးချယ် ထားကြောင်း အမေရိကန်မီဒီယာများက တနင်္လာနေ့နှောင်းပိုင်းတွင် သတင်းထုတ်ပြန်သည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ဒုတိယကမ္ဘာစစ်ကို အဆုံးသတ်ကြောင်း သဘောတူစာချုပ် လက်မှတ်ရေးထိုး ထားသည့်နိုင်ငံများကို ကာကွယ်နိုင်သည့် နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေသော ကျွန်းများအရေးကိစ္စနှင့် ပတ်သက် ၍ ဆွေးနွေးအဖြေရှာရာတွင် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် တွေ့ဆုံရန် ကြာသပတေးနေ့တွင် ဂျပန်နိုင်ငံသို့ သွားရောက် မည်ဖြစ်ကြောင်းသိရသည်။

ပေါ်တူဂီ ဝန်ကြီးချုပ်ဟောင်း အန်ထော်ညူ ဂူထာရက်ရှ် ဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အသစ် ဖြစ်လာဖို့ ကျမ်းသစ္စာ ကျိမ်ဆိုခဲ့ပြီဖြစ်ပါတယ်။
မစ္စတာ ဂူထာရက်ရှ်ဟာ လက်ရှိ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းနေရာကို လာမယ့်နှစ်ဆန်း ဇန်နဝါရီ တစ်ရက်နေ့ ကစလို့ လွှဲပြောင်းရယူပြီး ၅ နှစ်သက်တမ်း ထမ်းဆောင်သွားမှာဖြစ်ပါတယ်။

နယူးဇီလန် ဝန်ကြီးချုပ်သစ်အဖြစ် ဘီလ် အင်္ဂလစ်ရှ်က တရားဝင် ရာထူးလက်ခံ တာဝန်ယူလိုက်ပြီ ဖြစ်သည်။ ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဝန်ကြီးချုပ် ဂျွန်ကီးက ရုတ်တရက် အံ့အား သင့်ဖွယ် ရာထူးမှနုတ်ထွက်လိုက် ပြီးနောက် အင်္ဂလစ်ရှ်က ၎င်း၏ နေရာကို ဆက်ခံခဲ့သည်။ အင်္ဂလစ်ရှ်သည် ဒီဇင်ဘာ ၁၂ ရက်တွင် နယူးဇီလန်၏ ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့သည်။

ပေကျင်း ဒီဇင်ဘာ ၁၂
တရုတ်တစ်နိုင်ငံတည်း မူဝါဒနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခွင့်မပြုကြောင်း အမေရိကန်သမ္မတတစ်ဦးအဖြစ် ရွေးကောက်ခံထားရသူတစ်ဦးအနေဖြင့် ယင်းကဲ့သို့ ပြုမူလုပ်ဆောင်မည် ဆိုပါက အမေရိကန်၏ ရန်သူများကို ပေကျင်းအစိုးရ ထောက်ခံသည်အထိ ဖြစ်သွားစေနိုင်ကြောင်း ဒေါ်နယ်ထရန့်ကို တရုတ်မီဒီယာတစ်ခုက တနင်္လာနေ့တွင် သတိပေးလိုက်သည်။

ကမ္ဘာတစ်ဝန်း အဓိက ပျော်ပွဲရွှင်ပွဲတစ်ခုဖြစ်သည့် ဆစ်ဒနီမြို့မှ နှစ်သစ်ကူးအကြို မီးရှုးမီးပန်းပစ်လွှတ်မှု အစီအစဉ် ကို Facebook မှတဆင့် ပထမဆုံးအကြိမ်အဖြစ် တိုက်ရိုက်ထုတ်လွှင့် ပြသသွားမည်ဖြစ်ကြောင်း တနင်္လာနေ့တွင် တာဝန်ရှိသူများက ပြောသည်။
