တိုကျို နိုဝင်ဘာ ၂၂
ယနေ့ ( နိုဝင်ဘာလ ၂၂ ရက်) ဒေသစံတော်ချိန် ၅ နာရီ ၅၉ မိနစ်တွင် ဂျပန်နိုင်ငံမြောက်ပိုင်း၌ ပြင်းအား ၆.၉ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်ပြီးသည့်နောက် ပစိဖိတ် ကမ်းရိုးတန်းမြောက်ပိုင်းတွင် ဆူနာမီသတိပေးချက် ထုတ်ပြန်ထားခဲ့ရသည်။

တိုကျို နိုဝင်ဘာ ၂၂
ယနေ့ ( နိုဝင်ဘာလ ၂၂ ရက်) ဒေသစံတော်ချိန် ၅ နာရီ ၅၉ မိနစ်တွင် ဂျပန်နိုင်ငံမြောက်ပိုင်း၌ ပြင်းအား ၆.၉ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်ပြီးသည့်နောက် ပစိဖိတ် ကမ်းရိုးတန်းမြောက်ပိုင်းတွင် ဆူနာမီသတိပေးချက် ထုတ်ပြန်ထားခဲ့ရသည်။

ဝါရှင်တန် နိုဝင်ဘာ ၂၂
သမ္မတအဖြစ် တာဝန်ထမ်းဆောင်ပြီး တစ်နေ့နေ့တွင် ပစိဖိတ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်ရေး သဘော တူညီချက် (TPP) မှ နုတ်ထွက်ရန် လုပ်ဆောင်မည်ဖြစ်ကြောင်း အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့် က တနင်္လာနေ့တွင် ပြောကြားလိုက်သည်။

အမေရိကန်သမ္မတသစ် ဖြစ်လာမည့် ဒေါ်နယ်လ်ထရမ့်ကို အချိန်ပေးစောင့်ကြည့်သင့်ကြောင်း လက်ရှိသမ္မတ ဘာရတ် အိုဘားမားက ထောက်ခံ ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် ဒေါ်နယ်ထရန့်အနိုင်ရရှိမှုကို ရုရှားသမ္မတ ဗလာဒီမာပူတင်က ချီးကျူး ဂုဏ်ပြုလိုက်ပြီး အမေရိကန်-ရုရှား ဆက်ဆံရေး အပြည့်အ၀ ပြန်လည်ထူထောင်ရန် အဆင်သင့်ရှိသည်ဟု ပြောကြားသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဖွားမြင်ခဲ့သူ အမေရိကန် အောက်လွှတ်တော်အမတ်ဖြစ်သူ မစ္စစ်တမ်မီဒပ်က် ၀ပ်သည် အမေရိကန် အထက်လွှတ်တော်အမတ်အဖြစ် နိုဝင်ဘာ ၈ ရက်က ရွေးချယ်တင်မြှောက်ခံခဲ့ရသည် ဟု နိုဝင်ဘာ ၉ ရက်သတင်းများအရ သိရသည်။

စိတ်လှုပ်ရှားစရာ အချိန်နာရီများကို ဖြတ်ကျော်ခဲ့ပြီးနောက် ဒေါ်နယ်လ်ထရမ့်သည် အမေရိကန် ရွေးကောက်ပွဲတွင် အနိုင်ရရှိသွားခဲ့ပြီ ဖြစ်သည်။

အရှေ့အလယ်ပိုင်း ဒေသရှိ အိုင်အက်စ်အဖွဲ့ ပါကစ္စတန်နိုင်ငံသို့ ၀င်ရောက်လာမည် ကို စိုးရိမ်မှုများရှိနေစဉ် နိုင်ငံအနောက်မြောက်ပိုင်း ပက်ရှ်ဟာဝါမြို့တွင် စီးနင်းမှုတစ်ခုပြီးနောက် အိုင်အက်စ်အဖွဲ့အတွက် လက်ကမ်း စာစောင်များ ဖြန့်ဝေပေးနေသည်ဟု သံသယရှိသူနှစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း အရာရှိများက ဗုဒ္ဓဟူးနေ့တွင် ပြောကြားသည်။
ပါကစ္စတန်နိုင်ငံအတွင်း အိုင်အက်စ်အဖွဲ့၏ လက်တံဆန့် ထုတ်ရန် ကြိုးပမ်းမှုများကို တားဆီးခဲ့ရသည်ဟု ပါကစ္စတန်စစ်ဘက်က ပြီးခဲ့သည့်လအတွင်းက ပြောကြားခဲ့ပြီး အစိုးရအဖွဲ့၊သံတမန်အဖွဲ့နှင့် အရပ်ဘက်ပစ် မှတ်များအပေါ် တိုက်ခိုက်ရန် စီစဉ်နေသည်ဟု သံသယရှိသူ ၃၀၀ ကျော်ကို ဖမ်းဆီးခဲ့သည်။

FARC သူပုန်တို့နှင့် ငြိမ်းချမ်းရေးစာချုပ်ကို အတည်ပြုရန် ကိုလံဘီယာနိုင်ငံတွင် သမိုင်းဝင်ရွေးကောက်ပွဲ၌ မဲဆန္ဒရှင်ပြည်သူများက ကန့်ကွက်မဲ ၅၀.၂၄ ရာခိုင်နှုန်းဖြင့် ငြိမ်းချမ်းရေးသဘောတူညီချက်ကို ငြင်းဆန်ခဲ့ကြသည်။
အဆိုပါ ငြိမ်းချမ်းရေးသဘောတူညီချက်ကို ပြီးခဲ့သည့် သီတင်းပတ်တွင် သမ္မတ ဂျူအန်မန်နျူရယ် ဆန်းတို့စ်နှင့် FARC သူပုန်အဖွဲ့ခေါင်းဆောင် တင်မိုလွန် ဂျီမန်နက်စ်တို့ လေးနှစ်ကြာ စေ့စပ်ညှိနှိုင်းရေး ဆွေးနွေးပွဲပြီးနောက် လက်မှတ်ရေးထိုးနိုင်ခဲ့ကြသည်။

ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံအဖြစ် တရုတ်အစိုးရ၏ ကြိုးပမ်းမှုကို အသိအမှတ်ပြုခြင်းတွင် တရုတ်နိုင်ငံသုံး ယွမ်ငွေ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့၏ နိုင်ငံတကာ အရန်ငွေကြေးစာရင်းတွင် အောက်တိုဘာ၁ ရက်မှ စတင် ထည့်သွင်းလိုက်သည်။
တရုတ်ယွမ်ငွေသည် အမေရိကန်ဒေါ်လာ၊ ယူရို၊ ဂျပန်ယန်း ငွေ၊ ဗြိတိသျှပေါင်တို့နှင့်အတူ IMF၏ အထူးငွေကြေး အုပ်စုတွင် ပါဝင်လာခြင်းဖြစ်သည်။
ကွယ်လွန်သူ အစ္စရေး ဝန်ကြီးချုပ်ဟောင်း ရှီမွန်ပီရက်စ်၏ ဈာပနကို တက်ရောက်ရန်အတွက် ကမ္ဘာအရပ်ရပ်မှ နိုင်ငံခေါင်းဆောင်များ အစ္စရေးသို့ စုရုံး ရောက်ရှိလာ ကြောင်း သိရသည်။
