တောင်တရုတ်ပင်လယ်ထဲတွင် အမေရိကန် ရေတပ်အနေဖြင့် ပိုမိုတက်ကြွစွာ လှုပ်ရှားသွားမည်ဖြစ်ကြောင်း ပင်တဂွန် စစ်ဌာနချုပ်က အတည်ပြုခဲ့သည်။

တောင်တရုတ်ပင်လယ်ထဲတွင် အမေရိကန် ရေတပ်အနေဖြင့် ပိုမိုတက်ကြွစွာ လှုပ်ရှားသွားမည်ဖြစ်ကြောင်း ပင်တဂွန် စစ်ဌာနချုပ်က အတည်ပြုခဲ့သည်။

သမ္မတအပေါ် စွပ်စွဲထားသည့် အဂတိလိုက်စားမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးနေသည့် အချိန်ကို သက်တမ်း တိုးမြှင့်သင့်ကြောင်း တောင်းဆိုမှုများကို ယာယီသမ္မတ ဟွမ်ကျိုအန်းဘက် က ငြင်းဆန်ခဲ့သည်။ ပက်ခ်အနေဖြင့် သူငယ်ချင်းဖြစ်သူ ချွိုင်ဆွန်ဆီလ်၏ အဂတိ လိုက်စားမှု အရှုပ်အထွေးများနှင့် ဆက်နွှယ်မိပြီး တရားရုံတင် စစ်ဆေးမှု ခံနေရသလို ပြည်သူ့ထောက်ခံမှု ဆိုးရွားစွာ ကျဆင်းလျက်ရှိသည်။ စစ်ဆေးမှု ခံနေရစဉ် အတောအတွင်း ပက်ခ်သည် သူမ၏ လုပ်ငန်းတာဝန်များနှင့် ကင်းကွာနေရပြီး ဝန်ကြီးချုပ်ဟွမ်က ယာယီသမ္မတအဖြစ် တာဝန်ယူ ဆောင်ရွက်လျက် ရှိသည်။

ဓါတုလက်နက်များကို အသုံးပြုခဲ့သည့်အတွက် ဆီးရီးယားနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ရန် ဆုံးဖြတ်ချက် မူကြမ်းတစ်ခုကို လာမည့် သီတင်းပတ်တွင် မဲခွဲဆုံးဖြတ်မည်ဖြစ်သော်လည်း ရုရှားနိုင်ငံက ဗီတို အာဏာသုံးပယ်ချရန် သေချာသလောက်ရှိကြောင်း သံတမန်များက ကြာသပတေးနေ့တွင် ပြောကြားသည်။

အီရတ်နိုင်ငံမှာ ၂၀၁၄ ခုနှစ်ကတည်းက အိုင်အက်စ် စစ်သွေးကြွတွေ ထိန်းချုပ်ထားတဲ့ Mosul က လေယာဉ် ကွင်းကို အမေရိကန်တွေ အကူအညီပေးနေတဲ့ တပ်တွေက ပြန်သိမ်းပိုက်နိုင်ခဲ့တယ်လို့ အီရတ်အာဏာပိုင် တွေက ကြာသပတေးနေ့မှာ ပြောပါတယ်။

ဆိုမာလီယာနိုင်ငံ၏ သမ္မတသစ်ဖြစ်သူ မိုဟာမက် အက်ဘ်ဒူလာ ဟီမိုဟာမက်သည် နိုင်ငံ၏ ၀န်ကြီးချုပ်ရာထူး ကို ရေနံလုပ်ငန်းအကြီးအကဲဖြစ်သူနှင့် ထောက်ပံ့ကူညီရေး လုပ်သားဟောင်းဖြစ်သူ ဟက်ဆန်အလီခေရီအား ပေးအပ်ခဲ့သည်။

ကင်မ်ဂျုံနမ် လုပ်ကြံခံရမှုတွင် VX ခေါ် အာနိသင် ထက်မြက်လွန်းသည့် အဆိပ်ဓာတုပစ္စည်း တစ်မျိုးကို အသုံးပြု သွားခဲ့ကြောင်း မလေးရှားရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

တရုတ်နဲ့ မက္ကဆီကိုတို့လို နိုင်ငံတွေဆီ ရောက်ရှိသွားရတဲ့ အလုပ်အကိုင်တွေကို ပြန်လည်ခေါ်ယူနိုင်ရေး လုပ် ဆောင်သွားမှာဖြစ်တယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။

ဖိလစ်ပိုင်သမ္မတ ဒူတာတေးကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့တဲ့ အမျိုးသမီးလွှတ်တော်အမတ်ကို မူးယစ်ကုန်သည် တွေထံက လာဘ်လာဘယူတယ်ဆိုပြီး တရားရုံးက ဖမ်းဝရမ်း ထုတ်လိုက်ပါတယ်။

အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကို စမ်းသပ်ခြင်းအနေဖြင့် တရုတ်နိုင်ငံသည် မြေပြင်မှ ဝေဟင်ပစ် တာဝေး ဒုံးကျည်များကို သိမ်းဆည်းရန် စီစဉ်ထားသည်ဟုယူဆရသော နှစ်ဒါဇင်နီးပါးခန့်ရှိသည့် အဆောက်အဦးများကို တောင်တရုတ်ပင်လယ်ရှိ ကျွန်းတုများပေါ်တွင် ဆောက်လုပ်ပြီးစီးလုနီးပါးရှိပြီဖြစ်ကြောင်း အမေရိကန် အရာရှိ နှစ်ဦးက ပြောကြားသည်။

နေစကြဝဠာ အပြင်ဘက်မှာ ကမ္ဘာလုံး အရွယ် ဂြိုဟ် ၇ခုကို နက္ခတ္တ ဗေဒ ပညာရှင်တွေ တွေ့ရှိခဲ့ပါတယ်။ အဲဒီ ဂြိုဟ် ၇ခုစလုံးရဲ့ မျက်နှာပြင်မှာ အရည်တွေ ရှိနေနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အဲဒီထဲက ၃ခုကပဲ သက်ရှိ တွေ နေထိုင်နိုင်တဲ့ ဇုံအတွင်းမှာ ရှိနေတယ်လို့ သိရပါတယ်။

Trappist-1 လို့အမည်ပေးထားတဲ့ နောက် စင်္ကြာဝဠာတခုကို ဂြိုဟ်၇ခုက လှည့်ပတ်နေ