မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေ မြင့်မားလာတာကြောင့် အမေရိကန်နဲ့ တောင်ကိုရီးယားတို့ ပူးပေါင်းပြီး ပူးတွဲ ရေတပ်စစ်ရေးလေ့ကျင့်မှု လုပ်ခဲ့ပါတယ်။
အမေရိကန်နိုင်ငံနဲ့ တောင်ကိုရီးယားနိုင်ငံတို့ဟာ ကိုရီးယား ကျွန်းဆွယ် တဝိုက် တပတ်ကြာပြုလုပ်မယ့် ရေတပ် စစ်ရေးလေ့ကျင့်ခန်းတွေကို အောက်တိုဘာ ၁၆ ရက်နေ့မှာ စတင်ခဲ့ကြတာပါ။ အမေရိကန်ရဲ့ နျူကလီးယားစွမ်းအင်သုံး USS Ronald Reagan လေယာဉ်တင် သင်္ဘောနဲ့ အမေရိကန် ရေငုပ်သင်္ဘော မီချီဂန်တို့ အပါအဝင် ၂ နိုင်ငံ စုစုပေါင်း ရေတပ်သင်္ဘော ၄၀ လောက် ပါဝင်လေ့ကျင့်ကြမှာ ဖြစ်ပါတယ်။