
နိုင်ငံအလံ အသုံးမပြုရတဲ့ ရုရှားရေခဲပြင် ဟော်ကီကစားသမားတွေဟာ နောက်ဆုံးဖိုင်နယ်ပွဲမှာ ဂျာမနီနဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ပြီး ရွှေတံဆိပ်ဆုကို ဆွတ်ခူးခဲ့ပါတယ်။
ဖေဖော်ဝါရီ ၂၅ ရက်နေ့က ပြုလုပ်တဲ့ ပြုံချန်းအိုလံပစ် နောက်ဆုံးနေ့ ရေခဲပြင်ဟော်ကီ ဖိုင်နယ်ပွဲမှာ ရုရှားအသင်းဟာ ဂျာမနီအသင်းကို ၄-၃ နဲ့ အနိုင်ရရှိခဲ့တာပါ။








