
မလေးရှား နိုင်ငံတွင် ရစ်ခ်ျတာစကေး ၅.၂ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားပြီးနောက် အဆိုပါ ဒေသရှိ တောင်တက်သမားများကို ရွှေ့ပြောင်း ကယ်ဆယ်ပေးခဲ့ရကြောင်း သိရသည်။
မတ်လ ၈ ရက်က ဆာဘားတွင် ငလျင်လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်များပါ ဆက်တိုက် ဖြစ်ပေါ်လျက် ရှိသည်။ ငလျင်လှုပ်သည့် ဧရိယာတွင် တောင်တက်သမားများကြား ရေပန်းစားသည့် ကီနာဘာလူ တောင်ထိပ်လည်း ရှိနေရာ ထိုနေရာတွင် အရေးပေါ် ရွှေ့ပြောင်းမှုများ ပြုလုပ်ခဲ့ရသည်။









