ဘာကန် အမှတ်၂ မစ်ဆိုင်းဒုံးရှိကြောင်း ဟူသီ သူပုန်တွေက ပြီးခဲ့တဲ့ နိုဝင်ဘာလက ထုတ်ဖော်ကြေညာ
ယီမင်နိုင်ငံမှာ ရှိတဲ့ သူပုန်တွေကို အီရန်နိုင်ငံက မစ်ဆိုင်းဒုံးတွေ ထောက်ပံ့တာဟာ စစ်ရေး အရ တိုက်ရိုက် ရန်စလိုက်တဲ့ လုပ်ရပ် ဖြစ်တယ်လို့ ဆော်ဒီ အိမ်ရှေ့မင်းသား မိုဟာမက်ဒ် ဘင် ဆယ်လ်မန်က စွပ်စွဲ ပြောဆို လိုက်ပါတယ်။
စနေနေ့တုန်းက ပဲ့ထိန်းစနစ်နဲ့ ပစ်လွှတ်လိုက်တဲ့ မစ်ဆိုင်းဒုံးတခုကို ဆော်ဒီ အာရေဗျမြို့တော် ရီယက်ဒ်မြို့နားမှာ ကြားဖြတ် တားဆီးခဲ့ရပါတယ်။