
ဓာတ်ပုံ – ရိုက်တာ
အီရန်တွင် ပျက်ကျခဲ့သည့် ခရီးသည်တင် လေယာဉ်၌ လိုက်ပါသွားသူ ၆၆ ဦးစလုံး သေဆုံးသွားပြီဟု ယုံကြည်ရကြောင်း သိရှိရသည်။
Aseman လေကြောင်းလိုင်းမှ ခရီးသည်တင် လေယာဉ်သည် ဖေဖော်ဝါရီ ၁၈ ရက်က တောင်ထူထပ်ရာ ဇာဂရော့စ် ဒေသတွင် ပျက်ကျခဲ့ခြင်း ဖြစ်သည်။ လေယာဉ်ပေါ်တွင် ခရီးသည်နှင့် အမှုထမ်း ၆၆ ဦး လိုက်ပါခဲ့ပြီး အားလုံး၏ ကံကြမ္မာမှာ အဆိုးဆုံး ကြုံသွားနိုင်ကြောင်း လေကြောင်းလိုင်းက ဝန်ခံ အတည်ပြုထားသည်။








