
Photo – Chiangrai Times
ထိုင်းနိုင်ငံတွင် နှစ်ထပ် ဘတ်စ်ကားတစ်စီး လျှိုထဲ ထိုးကျပြီး တိမ်းမှောက်မှုကြောင့် မြန်မာ ရွှေ့ပြောင်းလုပ်သား ၆ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

Photo – Chiangrai Times
ထိုင်းနိုင်ငံတွင် နှစ်ထပ် ဘတ်စ်ကားတစ်စီး လျှိုထဲ ထိုးကျပြီး တိမ်းမှောက်မှုကြောင့် မြန်မာ ရွှေ့ပြောင်းလုပ်သား ၆ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

မလေးရှားနိုင်ငံမှာ အထွေထွေရွေးကောက်ပွဲကို မေလ ၉ ရက်နေ့မှာ ကျင်းပမယ်လို့ မလေးရှားရွေးကောက်ပွဲ ကော်မရှင်က အင်္ဂါနေ့က ကြေညာခဲ့ပါတယ်။ နိုင်ငံကို နှစ်ပေါင်း ၆၀ ကျော် အုပ်ချုပ်နေတဲ့ လက်ရှိအာဏာရ BN ညွန့်ပေါင်းပါတီအတွက် အခက်ခဲဆုံး ရွေးကောက်ပွဲဖြစ်လိမ့်မယ်လို့ အကဲခတ်တွေက သုံးသပ်နေကြပါတယ်။

ဝါရှင်တန်၊ ဧပြီ ၁၀
ဆီးရီးယားတွင် အရပ်သားများအား ဓာတုလက်နက်ဖြင့် တိုက်ခိုက်ခြင်းတွင် အိမ်ဖြူတော်က အီရန်နှင့် ရုရှတို့ကို အပြစ်ဆိုလက်ညိုးထိုးသည်။
ဆီးရီးယားအစိုးရအနေဖြင့် ထိုသို့သော ဓာတုလက်နက်ဖြင့် တိုက်ခိုက်မှုမျိုးကို ရုရှနှင့် အီရန် အကူအညီမပါဘဲ လုပ်ဆောင်နိုင်မည် မဟုတ်ကြောင်း အိမ်ဖြူတော်က ဧပြီ ၉ ရက်တွင် ကောက်ချက်ချ ပြောဆိုသည်။

ထိုင်ဝမ်ကို အမေရိကန် ကုမ္ပဏီတွေက ရေငုပ်သင်္ဘောဆောက်လုပ်နိုင်တဲ့ နည်းပညာရပ် ရောင်းချခွင့် လိုင်စင် ပေးလိုက်တဲ့အတွက် တရုတ်နိုင်ငံက မနေ့က ကန့်ကွက်လိုက်ပါတယ်။

Photo: Donald J. Trump – facebook
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း နဲ့ လာမယ့် မေလ သို့မဟုတ် ဇွန်လ အစောပိုင်းမှာ တွေ့ဆုံဆွေးနွေးဖို့ အစီအစဉ်ရှိကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် က မနေ့က ပြောပါတယ်။

နိုင်ငံရေး အတိုင်ပင်ခံ အဖွဲ့တစ်ဖွဲ့က ဖေ့စ်ဘွတ်ခ်အသုံး ပြုသူများ၏ အချက်အလက်များ အသုံးပြုခဲ့ခြင်းနှင့် ပတ်သက်၍ အမေရိကန်လွှတ်တော် ကြားနာမှုတွင် ထွက်ဆိုချက်မပေးမီ တစ်ရက်၌ ဖေ့စ်ဘွတ်ခ်စီအီးအိုမာ့ခ် ဇူကာဘက်က ကန်လွှတ်တော် အမတ်အချို့နှင့် တွေ့ဆုံဆွေးနွေးမည်ဟု လွှတ်တော်အရာရှိနှစ်ဦး က ပြောသည်။

အိန္ဒိယနိုင်ငံမြောက်ပိုင်းရှိ ဟိမ၀န္တာတောင်တန်းကြီး၏တောင်ခြေရှိ တောင်ကြားဘူတာရုံလေးသည် အမေ့ခံ ဘူတာရုံလေးအဖြစ်သို့ ရောက်ရှိတော့မည့် အခြေအနေနှင့် ရင်ဆိုင်ခဲ့ရသော်လည်း ပန်းချီပညာရှင်များ၏ ကျွမ်းကျင်လှပစွာ ဖန်တီးထားသော အနုပညာလက်ရာများကြောင့် လူအများ၏ စိတ်ဝင်စားမှုကို ပြန်လည် ရရှိလာခဲ့သည်။
အိန္ဒိယနိုင်ငံ၏ ဘီဟာပြည်နယ်အတွင်းမှ မက်ဒ်ဟူဘာနီရထားဘူတာရုံလေးကို ပြန်လည်အလှဆင်ခြင်းဖြင့် ဒေသခံပန်းချီပညာရှင် ၂၃၀ ခန့်သည် ၄င်းတို့၏ပါရမီများကို လွတ်လွတ် လပ်လပ်ချပြနိုင်ခဲ့ပြီး တစ်မူထူးသော ဂျီသြမေတြီပုံစံလက်ရာများနှင့် လှပသောအနုပညာဖန်တီးချက်များကြောင့် ကမ္ဘာလှည့်ခရီးသွားများ၏ အာရုံ ကိုပါ ဖမ်းစားထားနိုင်ခဲ့သည်။

အမေရိကန် အစိုးရက ဧပြီ ၆ ရက်နေ့မှာ ချမှတ်လိုက်တဲ့ ဒဏ်ခတ်မှု အသစ်ရဲ့ ဒဏ်ကို ရုရှား သြဇာရှိပုဂ္ဂိုလ် ၂၄ ဦး ထိခိုက်ခဲ့ပါတယ်။
၂၀၁၆ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ရုရှားရဲ့ စွက်ဖက်မှုစွဲချက် အပါအဝင် လုပ်ဆောင်ချက်တွေအတွက် ရုရှားကို အပြစ်ပေးဖို့ အမေရိကန်ရဲ့ ရန်လိုတဲ့လုပ်ရပ်အဖြစ် မီဒီယာတွေမှာ ဖော်ပြပါတယ်။

ဘေရွတ်၊ လက်ဘနွန်၊ ဧပြီ ၉
ဆီးရီးယားနိုင်ငံအတွင်းရှိ သူပုန်များထိန်းချုပ်ရာ ဂူတာအရှေ့ပိုင်းနယ်မြေကို အစိုးရတပ်များက တနင်္ဂနွေနေ့ တွင် လေကြောင်းထိုးစစ်များဆင်နွှဲခဲ့ကြောင်း စောင့်ကြည့်လေ့လာသူများက ပြောဆိုခဲ့သလို စနေ၊တနင်္ဂနွေ နှစ်ရက် အတွင်း အစိုးရ၏ နယ်မြေစီးနင်းတိုက်ခိုက်မှုများကြောင့် လူ ၈၀ ကျော်သေဆုံးခဲ့ရပြီး ဓာတုအဆိပ် ဓာတ်ငွေ့များ ကို အသုံးပြု၍တိုက်ခိုက်ခဲ့သည်ဟု အမေရိကန်တို့ဘက်မှ စွပ်စွဲကာ ဝေဖန်ရှုံ့ချခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံ ပြုံးယမ်းမြို့မှာ နိုင်ငံခြားသား ၄၀၀ ကျော်ပါဝင်တဲ့ မာရသွန်အပြေးပြိုင်ပွဲ ကျင်းပခဲ့ပါတယ်။
မြောင်ကိုရီးယား မာရသွန်အပြေးပြိုင်ပွဲဟာ မြောက်ကိုရီးယားရဲ့ ပထမဆုံးခေါင်းဆောင် ကင်အီဆွန်းကို အောက်မေ့ဂုဏ်ပြုတဲ့ အထိမ်းအမှတ်အဖြစ် နှစ်စဉ်ကျင်းပနေတာပါ။ အဲဒီ ပွဲကျင်းပချိန်မှာ မြောက်ကိုရီးယားကို လာရောက်သူ ခရီးသွားတွေ များပြားလေ့ရှိပါတယ်။