ဗန်ကောက် ဇန်နဝါရီ ၂၈
ထိုင်းနိုင်ငံတွင် ဒီမိုကရေစီထောက်ခံသည့် တက်ကြွလှုပ်ရှားသူများသည် ဗန်ကောက် မြို့လယ်ကောင်၌ စုဝေးကာ အရပ်သား အုပ်ချုပ်မှုအခြေအနေသို့ ပြန်လည်ရောက်ရှိရန် နှောင့်နှေးကြန့်ကြာနေမှုအတွက် ဆန္ဒထုတ်ဖော်ခဲ့ ကြကြောင်း သိရသည်။
အရှေ့တောင်အာရှအဖွဲ့ဝင် နိုင်ငံတစ်ခုဖြစ်သည့် ထိုင်းနိုင်ငံသည် ၂ဝ၁၄ ခုနှစ်တွင် အာဏာသိမ်းခံရပြီးချိန်မှစကာ တပ်မတော် ဦးဆောင်သည့် အစိုးရက စစ်အုပ်ချုပ်ရေး အောက်ကျရောက်ခဲ့သည်။ ဝန်ကြီးချုပ် ပရာယွတ်ချန် အိုချာက ဒီမိုကရေစီလမ်းကြောင်းသို့ ရောက်ရှိမည့် အထွေထွေရွေးကောက်ပွဲကို ယခုနှစ် နိုဝင်ဘာလတွင် ကျင်းပမည်ဖြစ်ကြောင်း ပြောဆိုထားခဲ့သည်။