
မေ ၁၇
ရုရှားနဲ့ ခရိုင်းမီးယားဒေသအကြား ချိတ်ဆက်တည်ဆောက်ထားတဲ့ တံတားသစ်တစ်စင်း ဖွင့်ပွဲအခမ်းအနားကို မေလ ၁၅ ရက်နေ့က ကျင်းပခဲ့ရာမှာတော့ သမ္မတ ဗလာဒီမာ ပူတင် လာရောက်ဖွင့်လှစ်ပေးသွားခဲ့ပါတယ်။
အဲဒီနောက်မှာတော့ သမ္မတ ပူတင်ဟာ ထရပ်ကားတစ်စီးကို ကိုယ်တိုင်တက်ရောက်မောင်းနှင်ပြီး အဆိုပါ တံတားသစ်ကို ကြည့်ရှုစစ်ဆေးခဲ့တယ်လို့လည်း သိရပါတယ်။









