ယခင်အစိုးရခေါင်း ဆောင်များလက်ထက်တွင် ခြိုးခြံချွေတာရေး နှစ်များစွာကြာ လုပ်ဆောင်ခဲ့ပြီးနောက် စပိန်အစိုးရ က ၎င်းတို့၏ ဆိုရှယ်လစ်ခေါင်းဆောင်သစ်များသည် ငွေသုံးစွဲမှု ဆီသို့ ထိန်းချုပ်မှုပိုနည်းသော ချဉ်းကပ်မှုမျိုး ဆောင်ရွက်ကောင်း ဆောင်ရွက်မည်ဟုပြောကာ အငြိမ်းစားပင်စင်လစာများကို ငွေဖောင်းပွမှုနှင့် အညီ တိုးမြှင့်ရေး ကနဦးသဘောတူညီမှုတစ်ရပ် ရရှိခဲ့သည်။
လူမှုဖူလုံရေး ငွေသုံးစွဲမှုကို ထိန်းချုပ်ထားသည့် ပါတီစုံကော်မရှင်က အသေးစိတ်သတ်မှတ်ချက်များကို ဆုံးဖြတ်ရန် လိုနေသေးသော်လည်း ပင်စင်လစာတိုးမြှင့်ရန် သဘောတူခဲ့သည်။









