
အင်ဒိုနီးရှားဟာ သူ့နိုင်ငံအတွင်းမှာစီးပွားဖြစ်ပြေးဆွဲအသုံးပြုနေတဲ့ ဘိုးရင်း ၇၃၇ မက်စ် လေယာဉ်အားလုံး ကို ပြန်လည် စစ်ဆေးဖို့ ညွှန်ကြားလိုက်ပါတယ်။
လိုင်းယွန်းလေကြောင်းလိုင်းရဲ့ ဘိုးရင်း ၇၃၇ မက်စ် ၈ လေယာဉ် ခရီးသည်တင် လေယာဉ်တစ်စင်း ဟာမြို့တော် ဂျာကာတာအနီး ဂျာဗားပင်လယ်ထဲမှာ ပျက်ကျခဲ့ပြီးနောက်မှာ အခုလို လေယာဉ်အားလုံးကို စစ်ဆေးဖို့ ညွှန်ကြားလာတာပါ။









