ပုသိမ်ကြီးမြို့နယ် သလဲကုန်း ကျေးရွာအုပ်စု အတွင်းရှိ လက် ကောင်း- သလဲကုန်း- ရွာရှည် ကွန်ကရစ်လမ်းခင်းရန်အတွက် မန္တလေးခရိုင်ပြည်ခိုင်ဖြိုးပါတီနှင့် ပုသိမ်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ တို့ပူးပေါင်း၍ ဘိလပ်မြေအိတ် ၁၃ဝ ကို ယနေ့နံနက် ၉နာရီက အဆိုပါ လမ်းခင်းလုပ်ငန်းများ ဆောင်ရွက်နေ့သည့် ရွာရှည်ကျေး ရွာတွင် လမ်းဖြစ်မြောက်ရေး ကော်မတီသို့သွားရောက်လှူဒါန်း ခဲ့သည်။
”ကျွန်တော်တို့ပါတီက ကျေး လက်ဒေသတွေ ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် ပါတီအနေနဲ့တတ်နိုင်တဲ့ ဘက်ကနေ အကူအညီပေးနိုင်ဖို့ ကြိုးစားဆောင်ရွက်နေပါတယ်။အခုလည်း လက်ကောင်း- သလဲ ကုန်း-ရွာရှည် ကွန်ကရစ်လမ်းကြီး အမြန်ဆုံး ပြီးမြောက်ဖို့အတွက် ခရိုင်နဲ့မြို့နယ်ပူးပေါင်းပြီး ဘိလပ် မြေအိတ်တွေလာလှူတာပါ။ ခရိုင် အနေနဲ့ အိတ်၃ဝရယ် မြို့နယ်က အိတ်၁ဝဝရယ် လှူဒါန်းတာပါ။ ဒီလမ်းကြီးပြီးသွားရင် ဒီနယ်မှာ နေတဲ့ ဒေသခံပြည်သူတွေအတွက် စီးပွားရေးကိစ္စတွေ ကျန်းမာရေး ကိစ္စတွေ၊ လူမှုရေးကိစ္စတွေစတဲ့ အရေးကိစ္စတွေမှာ အရင်ကထက် ပိုမိုကောင်းမွန်လာပြီး ဒေသဖွံဖြိုး တိုးတက်လာမယ်လို့ ယုံကြည်ပါ တယ်”ဟု ပုသိမ်ကြီးမြို့နယ်ပါတီ ဥက္ကဋ္ဌဦးဆွေသန်းက ပြောကြား ခဲ့သည်။