ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူးဦးသန်းထွန်း ရွာလုံးကျွတ်ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲ အခမ်းအနားသို့တက်ရောက်

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းနှင့်အဖွဲ့သည် ဖေဖော်ဝါရီလ ၈ ရက်နေ့ နံနက် ၉ နာရီတွင် ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ငရုတ် ကောင်းမြို့ ရေကျော်ကျေးရွာအုပ်စု စမ်းချောင်းကျေးရွာဘုန်းတော်ကြီး ကျောင်းဓမ္မာရုံတွင် ကျင်းပသော ရွာလုံးကျွတ် ပါတီဝင်အဆိုပြုလွှာ ပေးအပ်ပွဲအခမ်းအနားသို့ တက် ရောက်ခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်တောင်သူလယ်သမားရေးရာတာဝန်ခံ ဟင်္သာတခရိုင်နှင့် မြို့ နယ်ပါတီကော်မတီဝင်များနှင့်တွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် တောင်သူလယ်သမား ရေးရာ တာဝန်ခံဦးအောင်တင်မြင့်သည် ဧရာဝတီတိုင်းဒေသကြီး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကော်မတီဝင် ဦးကျော်ဝင်းနိုင်နှင့်အတူ ယနေ့မွန်းလွဲ ၂ နာရီတွင် ဟင်္သာတခရိုင် ပြည်ခိုင်ဖြိုးပါတီရုံး၌ ခရိုင်နှင့်မြို့နယ် ကော်မတီဝင်များကို တွေ့ဆုံသည်။

ကျုံပျော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင် အဆိုပြုလွှာစုပေါင်းပေးအပ်

 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကျုံပျော်မြို့နယ် ရှားခဲကျေးရွာအုပ်စု ပလ္လင်ကျေးရွာဒေသခံ ပြည်သူများမှ ပြည်ခိုင်ဖြိုးပါတီဝင်ခွင့် အဆိုပြုလွှာများကို ယနေ့ မွန်းလွဲ ၁ နာရီက စုပေါင်းပေးအပ်ကြသည်။ ပါတီဝင်အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲသို့ ကျုံပျော်မြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်(ငြိမ်း) ဒေါက်တာစိုးသူရနှင့် အတူ ကျုံပျော်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ အရန် ကော်မတီဝင်များ၊ ရပ်/ကျေးပါတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဒေသခံ ပါတီဝင်များ တက်ရောက်ကြ သည်။ ၂၁၄ဦးမှ ပါတီဝင်အဆိုပြု လွှာ စုပေါင်းပေးအပ်ကြပြီး အခမ်း အနားအပြီးတွင် ပါတီတာဝန်ရှိသူ များမှ ပါတီဝင်အသစ်များအား ရင်ထိုးတံဆိပ်များတပ်ဆင်ပေးအပ် ခဲ့ကြောင်း သိရသည်။

ရပ်/ကျေးပါတီဝင်များတာဝန်ပေးအပ်ပွဲကျင်းပ

 

ဧရာဝတီတိုင်းဒေသကြီးမြောင်းမြ ခရိုင်မြောင်းမြမြို့နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကျင်းပသောရပ်/ကျေးပါတီဥက္ကဋ္ဌ များ တာဝန်ပေးအပ်ပွဲကို ယနေ့ နံနက်၉နာရီကခရိုင်ပါတီရုံးအစည်း အဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာနိုင်ငံတော်အလံအား အလေးပြုခြင်းနှင့်နိုင်ငံတော်သီချင်း သီဆိုခြင်းတို့ဆောင်ရွက်ကာ ဧရာ ဝတီတိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအတွင်း ရေးမှူး ဦးဝင်းကိုကိုက အဖွင့်အမှာ စကားပြောကြားသည်။ ထို့နောက် နယ်မြေတာဝန်ခံတိုင်းဒေသကြီး ကော်မတီအဖွဲ့ဝင် ဦးပြုံးချို၊ ခရိုင် ပါတီဥက္ကဋ္ဌဦးအောင်မြင့်၊ မြို့နယ် ပါတီဥက္ကဋ္ဌဦးဝင်းမော်တို့က အမှာ စကားများ အသီးသီးပြောကြားပြီး ရပ်/ကျေးပါတီဥက္ကဋ္ဌခန့်အပ်လွှာ များကို တာဝန်ရှိသူများက ပေးအပ် ခဲ့ကြသည်။

ဟင်္သာတမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ရပ်ကွက်ကျေးရွာအုပ်စုဥက္ကဋ္ဌများတာဝန်ပေးအပ်

 

ဟင်္သာတမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ပါတီဥက္ကဋ္ဌများအား တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ဟင်္သာတခရိုင် ပြည်ခိုင်    ဖြိုးပါတီအစည်းအဝေးခန်းမ၌ကျင်းပ ခဲ့သည်။ အဆိုပါအခမ်းအနားသို့ ပါတီဗဟိုကော်မတီဝင် ဦးခင် မောင်ရီ၊ ဧရာဝတီတိုင်းဒေသကြီး ပါတီကော်မတီဝင် ဘဏ္ဍာရေးမှူး ဦးလှခိုင်၊ဟင်္သာတခရိုင်ပါတီဥက္ကဋ္ဌ ဦးညွန့်လှိုင်နှင့် ကော်မတီဝင်များ၊ ဟင်္သာတမြို့နယ် ပါတီဥက္ကဋ္ဌ ဦးညွန့်ဦးနှင့် ကော်မတီဝင်များ၊ မြို့နယ်အရန် ကော်မတီဝင်များ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁၂၄ အုပ်စုမှဥက္ကဋ္ဌများ      တက်ရောက်ခဲ့ ကြသည်။

ဘိုကလေးပြည်ခိုင်ဖြိုးပါတီ ရပ်ကွက်ကျေးရွာအုပ်စု ပါတီကော်မတီဥက္ကဋ္ဌခန့်အပ်တာဝန်ပေးအပ်ပွဲနှင့်မြို့နယ်ပါတီဝင်ကတ်များပေးအပ်ပွဲပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ ရပ်ကွက်/ကျေးရွာအုပ်စု ပါတီကော်မတီဥက္ကဋ္ဌ ခန့်အပ်တာဝန်ပေးအပ်ပွဲနှင့် မြို့နယ်ပါတီဝင်ကတ်များ ပေးအပ်ပွဲအခမ်းအနားကို      ယမန်နေ့ နံနက် ၁ဝ နာရီက မြို့နယ်ပါတီရုံး အစည်းအဝေးရုံးခန်းမ၌ ကျင်းပခဲ့သည်။

ကျုံပျော်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ တာဝန်ပေးအပ်ခြင်း အခမ်းအနားကျင်းပ

 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကျုံပျော်မြို့နယ်၌ ယနေ့ နံနက် ၁ဝ နာရီတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ မြို့နယ်၊ ရပ်/ကျေးပုံမှန်အစည်းအဝေးနှင့် ရပ်ကွက်/ကျေးရွာအုပ်စု ပါတီဥက္ကဋ္ဌတာဝန်ပေးအပ်ပွဲ ကျင်းပခဲ့သည်။

အခမ်းအနားသို့ တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူးနှင့်ကော်မတီဝင်များ၊ ခရိုင်ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး၊ ကျုံပျော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ အရန်ကော်မတီဝင်များနှင့် ရပ်ကွက်/ကျေးရွာအုပ်စု ဥက္ကဋ္ဌများတက်ရောက်ခဲ့ကြပြီး အခမ်းအနားကို မွန်းလွဲ ၁ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် တောင်သူလယ်သမားရေးရာ တာဝန်ခံ ဦးအောင်တင်မြင့် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကန်ကြီးထောင့်မြို့နယ်ပါတီဝင်များနှင့်တွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီဗဟိုအလုပ်အမှုဆောင် တောင်သူလယ်သမားရေးရာ တာဝန်ခံ ဦးအောင်တင်မြင့်သည် ဧရာဝတီတိုင်းဒေသကြီး ပုသိမ် ခရိုင် ကန်ကြီးထောင့်မြို့နယ်        ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီအတွင်းရေးမှူး ဦးချစ်လွင်နှင့် ရပ်/ကျေးပါတီဝင်များ၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းမောင်နှင့် ညီအစ်ကိုမောင်နှမ မိသားစုများ လိုက်ပါလျက် ယမန်နေ့       နံနက် ၁ဝ နာရီတွင် ဆပ်ကွင်းကျေးရွာ ကုစ္ဆာ သယမဟာဓမ္မပါလကျောင်းတိုက် သို့ရောက်ရှိပြီး ကျောင်းတိုက်ကြီး ၏ဦးစီးပဓာနနာယက သက်တော် ရှည်ဆရာတော်ကြီး ဦးဥတ္တမသာရ အား သွားရောက်ဖူးမြော်ကြည်ညို သည်။

ကျုံပျော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင် အဆိုပြုလွှာစုပေါင်းပေးအပ်

 

ဧရာဝတီတိုင်းဒေသကြီးပုသိမ် ခရိုင်ကျုံပျော်မြို့နယ် ရေစခန်း တိုက်နယ် ဘောဇုတ်ကျေးရွာအုပ်စု ကြာမန်းကျေးရွာနှင့် ဆင်ကောင်း ကျေးရွာအုပ်စု ကြာမန်းရွာများ၏ ဒေသခံပြည်သူများမှ ပြည်ခိုင်ဖြိုး ပါတီဝင်ခွင့် အဆိုပြုလွှာများကို ယနေ့နံနက် ၉ နာရီက စုပေါင်း ပေးအပ်ကြသည်။