ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီအစည်းအဝေးနှင့် ရွေးချယ် တင်မြှောက်ခြင်းအခမ်းအနားကို ဇူလိုင်လ (၃၁) ရက် နံနက် (၉) နာရီအချိန်က ကျိုင်းတုံမြို့ ပြည်နယ်ပါတီရုံး အပေါ်ထပ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ သဘာပတိကြီးအဖြစ် ဗဟို ကော်မတီဝင် ဦးစိုင်းလုံးဆိုင်မှ ဆောင်ရွက်ပြီး သဘာပတိအဖွဲ့ဝင်များအဖြစ် လားဟူတိုင်းရင်းသား ဦးရှည်လှ၊ အာခါတိုင်းရင်သား ဦးဝင်းမြတ်တို့မှ ဆောင်ရွက်၍ သဘာပတိကြီးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။