၁၂ – ၁၂ – ၂၀၁၇ ရက်နေ့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်တင်မေထွန်းသည် မိုင်းဖြတ်ခရိုင် / မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့များနှင့် တွေ့ဆုံရန် တာချီလိတ်မှ မိုင်းဖြတ်သို့ နံနက် ၉း၃၀ နာရီအချိန်တွင် ခရီးထွက်ခွာခဲ့ပါသည်။
တာချီလိတ်ခရိုင် ဗဟိုကော်မတီဝင်နှင့်အဖွဲ့ ပါတီဝင်များနှင့် ကွင်းဆင်းတွေ့ဆုံခြင်း
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဗဟိုကော်မတီဝင် ဒေါ်တင်မေထွန်းသည် တာချီလိတ်ခရိုင် ပါတီဥက္ကဋ္ဌ ဦးဘိုစံ၊ မြို့နယ်ပါတီကော်မတီဝင် ဦးအောင်ဝင်း၊ ဦးခင်မောင်ထွန်း၊ ဦးခင်မောင်လွင်၊ ဦးအားလောင်း၊ ဦးစိုးကျော်အောင်နှင့် မြို့နယ် (အရန်) ကော်မတီဝင်များ ပါတီလူငယ်များနှင့် (၆-၁၂-၂၀၁၇) ရက်နေ့တွင် ကျိုင်းလပ်မြို့၊ တာလေမြို့နယ်များသို့ ကား (၂) စီးဖြင့် ကွင်းဆင်းသွားရောက်ခဲ့ပါသည်။
ပြည်ခိုင်ဖြိုးပါတီ လူငယ်ဘောလုံးပြိုင်ပွဲဖွင့်ပွဲ ကျင်းပခြင်း
(၂၇-၁၁-၂၀၁၇) ရက်နေ့ နေ့လည်(၁၄း၃၀) အချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင်/မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ဥက္ကဋ္ဌ (ဖလား) လူငယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို တာလေမြို့၊ အမှတ် (၃၁၆) တပ်ရင်းရှေ့ ဘောလုံးကွင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
တာချီလိတ်ခရိုင်/မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ (ဖလား) အပျော်တမ်းပိုင်ကျော်ခြင်းပြိုင်ပွဲ ပြုလုပ်မည့် ကွင်းသန့်ရှင်းရေးများ ဆောင်ရွက်
(၁၃-၁၁-၂၀၁၇) ရက်နေ နံနက်(၈)နာရီအချိန်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဒေါ်တင်မေထွန်းသည် တာချီလိတ်ခရိုင်ဥက္ကဋ္ဌ ဥိးဘိုစံ၊ ခရိုင်အတွင်းရေးမှူး ဦးချမ်းမြ၊ မြို့နယ်ကော်မတီဝင် ဥိးအောင်ဝင်း၊ ဦးစိုးကျော်အောင်၊ ဦးကျော်ငြိမ်းအောင်၊ ဦးခင်မောင်ထွန်းနှင့် ပါတီရုံးဝန်ထမ်းများ စုပေါင်း၍ တာချီလိတ် ခရိုင်/ မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ (ဖလား) အပျော်တမ်းပိုက်ကျော်ခြင်းပြိုင်ပွဲ ပြုလုပ်မည့် ကွင်းသန့်ရှင်းရေးနှင့် ကွင်းဘေးသစ်ကိုင်းခုတ် သန့်ရှင်းရေးများ ဆောင်ရွက်ခဲ့ပါသည်။
မျက်စီကုသရေးနှင့်ဘောလုံးပြိုင်ပွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲများအတွက် ညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခြင်း
တာချီလိတ်ခရိုင်/မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဦးဆောင်၍ ထိုင်းနိုင်ငံအနှံနယ်လှည့် မျက်စီ၊ မျက်မှန် အထူးကုသနေသည့်အဖွဲ့ဖြင့် တာချီလိတ်မြို့ သို့လာရောက်ပြီး (အခမဲ့) ကုသရေးများ ဆောင်ရွက်ရန် နေရာများကို (၇-၁၁-၂၀၁၇) ရက်နေ့တွင် အောက်ပါအတိုင်း အစည်းအဝေးမှ ညှိနှိုင်းဆုံးဖြတ် သတ်မှတ်ခဲ့ကြပါသည်။
(က) ၇-၁၁-၂၀၁၇ ရက်နေ့ နေ့လည် (၁၂) မှ ညနေ (၆) နာရီထိ ဖန်မင်အုပ်စု။
တာချီလိတ်ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲကျင်းပ
၆ -၁၁ – ၂၀၁၇ ရက်နေ့၊ နံနက် (၉) နာရီအချိန်တွင် မျက်စိမျက်မှန် အခမဲ့ကုသရေးလုပ်ငန်းများကို (၇-၁၁-၂၀၁၇) မှ (၉ -၁၁ -၂၀၁၇) အထိ လုပ်ဆောင်မည့် အစီအစဉ်များ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ခရိုင်/ မြို့နယ် ဥက္ကဌဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲ လုပ်ဆောင်နိုင်ရေးအတွက် ခရိုင်/မြို့နယ်ပါတီဥက္ကဌနှင့် လုပ်ငန်းဆပ်ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ကြပါသည်။
တာချီလိတ်ခရိုင် ပြည်ခိုင်ဖြိုးပါတီ စုပေါင်းဆွမ်းဆန်စိမ်းလောင်းလှူပွဲ ပါဝင်လောင်းလှူ
(၁-၁၁-၂၀၁၇)ရက်နေ့၊ နံနက် (၀၇း၀၀) အချိန်တွင် တာချီလိတ်ခရိုင်/ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူး၍ တာချီလိတ်ရွှေတိဂုံ စေတီတော်မြတ်ကြီး ရွှေထီးတော်တင်လှူခြင်း၊ နှစ်ပတ်လည် အထိမ်းအမှတ် နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သည့် ပင့်သံဃာတော်အပါး (၃၅၀) တို့အား စုပေါင်းဆွမ်းဆန်စိမ်း လောင်းလှူခြင်းနှင့် ဗုဒ္စပူဇနိယဘုရားအနေကဇာ တင်လှူပွဲတွင် တာချီလိတ်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးဘိုစံ၊ မြို့နယ်ဥက္ကဌ ဦးစိုင်းရွှေထွန်းနှင့် ခရိုင်/မြို့နယ်ကော်မတီဝင်များမှ ဘတ်(၃၅၀၀) တန်ဘိုးရှိ ဆန်၊ ချိုချဉ်၊ ကော်ဖီမစ်များ ပါဝင်လှူဒါန်း ကုသိုလ်ပြုခဲ့ကြပါသည်။
ပြည်သူအကျိုးပြုဆောင်ရွက်ခြင်း
(၂၇-၁၀-၂၀၁၇) ရက်နေ့၊ နံနက် (၈) နာရီအချိန်တွင် ခရိုင်မီးသတ်ဦးစီးဌာန၊ ဦးစီမှူး ဦးထွန်းနိုင်ဦး ဦးဆောင်၍ မီးသတ်ယာဉ် (၁) စီး ၊ တာချီလိတ်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ခရိုင်ဥက္ကဋ္ဌ ဦးဘိုစံ ဦးဆောင်၍ မြို့နယ်ကော်မတီဝင်များ၊ ပါတီလူငယ်(၁၀) ဦး၊ ရွှေတာချီ လူမှုကူညီရေးအသင်း ကော်မတီဝင် ဦးကျော်ဇင်ဟိန်း ဦးဆောင်သည့် ရွှေတာချီအသင်းသား (၅) ဦးတို့သည့် (အလက) ခွဲ တာလော့ကျောင်း အောက်ထပ်ဆောင်များတွင် ရေကြီးစဉ် တင်ကျန်နေသော ရွှံနွံများ ရေးဆေးခြင်း၊ ကျောင်းဝင်းတွင်း ရွှံနွံများကို မီးသတ်ယာဉ်ဖြင့် ဆေးကြော ခြင်းများကို နေ့လည် (၁၁) နာရီအထိ လုပ်အားဒါနပြုခဲ့ကြပါသည်။
လူငယ်တွေ့ဆုံပွဲနှင့် အ.ထ.က (ခွဲ) ကျောင်းသို့ သွားရောက်လုပ်အားဒါန ပေးလှူခြင်း/ ကေဂျီကလေးငယ်လေးများအား မုန့်ပဲသရေစာ ကျွေးမွေးခြင်း
(၂၅.၁၀.၂၀၁၇) ရက်နေ့ ၊ နံနက်(၉း၀၀) နာရီအချိန် ၊ မိုင်းပျဉ်း ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ ရပ်ကွက်/ကျေးရွာအုပ်စုအသီးသီးမှ ပါတီချစ် လူငယ်မောင်မယ်များနှင့် လူထုချစ် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များ ရင်းနှီးချစ်ခင်စွာ တွေ့ဆုံပွဲတစ်ရပ်ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်အရန် ပါတီကော်မတီဝင် ဒေါ်နန်းဝိုးစိန် ၊ ခရိုင်ပါတီကော်မတီဝင် ဦးချာဟူ ၊ မြို့နယ် ပါတီဥက္ကဋ္ဌ ဦးစိုင်းလောင်းနှင့် မြို့နယ်ပါတီ လူငယ်တာဝန်ခံ ဒေါ်မေနှင်းသက်တို့က အသီးသီးနှုတ်ခွန်းဆက်စကားပြောကြားပြီး အခမ်းအနားကို တစ်ခန်းတစ်ကဏ္ဍရပ်နား၍ စီးတော်ယာဉ်များ ကိုယ်စီ ဖြင့် အ.ထ.က(ခွဲ) ကျောင်းသို့ ဆက်လက်ချီတက်သွားကြရာ ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာ/မများက လှိုက်လဲပျူငှာစွာ ကြိုဆို၍ လူငယ်မောင် မယ်များ လုပ်အားဒါနပေးလှူရန် မြေနေရာများကို လိုက်လံပြသပါသည်။
ပါတီဝင်များနှင့် ကွင်းဆင်းတွေ့ဆုံခြင်း

