ပြည်ခိုင်ဖြိုးပါတီဗဟိုအတိုင်ပင်ခံဦးရဲမြင့် မန္တလေးတိုင်းဒေသကြီး/ခရိုင်/မြို့နယ် ပါတီများနှင့်တွေ့ဆုံ

 

ယမန်နေ့ နေ့လည်​(၁၃း၃၀)အချိန်​တွင်​ ပြည်​ခိုင်​ဖြိုးပါတီဗဟိုအတိုင်ပင်ခံ ဦးရဲမြင့်သည်​ မန္တ​လေးတိုင်း​ဒေသကြီး ပြည်​ခိုင်​ဖြိုးပါတီရုံး၌ မန္တ​လေးတိုင်း​ဒေသကြီးပြည်​ခိုင်​ဖြိုးပါတီဥက္ကဌ ဦးဝင်း​မောင်​နှင့်​တိုင်း​ဒေသကြီးပါတီ​ကော်​မတီဝင်​များ၊ တိုင်း​ဒေသကြီးအတွင်းရှိခရိုင်​များမှ ခရိုင်​ဥက္ကဌများနှင့်​ခရိုင်​​​ကော်​မတီဝင်​များ၊ တိုင်း​ဒေသကြီးအတွင်းရှိမြို့နယ်​များမှ မြို့နယ်​ဥက္ကဌများ၊ မြို့နယ်​​အတွင်း​ရေးမှူးများနှင့်​စည်းရုံးတာဝန်​ခံများအား​တွေ့ဆုံပြီး ပါတီစည်းရုံး​ရေးရာကိစ္စရပ်​များကို​ဆွေး​နွေးမှာကြားခဲ့ပါသည်​။

Zaw Aung Htet


ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်ဦးဝေးလွင် မန္တ​လေးတိုင်း​ဒေသကြီးပါတီဝင်များနှင့် တွေ့ဆုံ

 

(၁.၂.၂၀၁၇)ရက်​​နေ့ နံနက်​(၀၉း၀၀)အချိန်​တွင်​ ပြည်​ခိုင်​ဖြိုးပါတီဗဟိုအလုပ်​အမှု​ဆောင်​ ဦး​ဝေလွင်​သည်​ မန္တ​လေးတိုင်း​ဒေသကြီး ပြည်​ခိုင်​ဖြိုးပါတီရုံး၌ တိုင်း/ခရိုင်​/မြို့နယ်​ပါတီများနှင့်​​တွေ့ဆုံပြီး လူထု​ဟော​ပြောစည်းရုံးခြင်းဘာသာရပ်​​ကိုဆွေး​နွေးခဲ့ရာ မန္တ​လေးတိုင်း​ဒေသကြီးပြည်​ခိုင်​ဖြိုးပါတီဥက္ကဌ ဦးဝင်း​မောင်​နှင့်​တိုင်း​ဒေသကြီးပါတီ​ကော်​မတီဝင်​များ၊ တိုင်း​ဒေသကြီးအတွင်းရှိခရိုင်​များမှ ခရိုင်​ဥက္ကဌများနှင့်​ခရိုင်​​​ကော်​မတီဝင်​များ၊ တိုင်း​ဒေသကြီးအတွင်းရှိမြို့နယ်​များမှ မြို့နယ်​ဥက္ကဌများ၊ မြို့နယ်​​အတွင်း​ရေးမှူးများနှင့်​စည်းရုံးတာဝန်​ခံများတက်​​ရောက်​ခဲ့ကြပါသည်​။

Zaw Aung Htet


ဆေးကုသမှုခံယူနေသည့် ကလေးငယ်နှစ်ဦးအား တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီထောက်ပံ့ကူညီ

 

မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ တိုင်းဒေသကြီးပါတီကော်မတီဝင်(ခရိုင်နယ်မြေတာဝန်ခံ) ဦးမြတ်သူ၊ မြင်းခြံခရိုင်ပါတီအတွင်းရေးမှူး ဦးမျိုးကျော်ဇင်၊ တောင်သာမြို့နယ်ပါတီအတွင်းရေးမှူး ဦးသန့်ဇော်ဦးနှင့်မြို့နယ် ပါတီကော်မတီဝင်များသည် တောင်သာမြို့နယ် ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူနေသော တောင်သာမြို့နယ် ဆီမီးကန်ကျေးရွာမှ မိသားစုအတွက် ထောက်ပံ့ငွေကျပ်သုံးသိန်းအား ယနေ့မွန်းလွဲ ၂နာရီတွင် သွားရောက်လှူဒါန်းခဲ့သည်။

အမရပူရပြည်ခိုင်ဖြိုးပါတီမှ လပတ်အစည်းအဝေးပြုလုပ်

 

ယနေ့ နံနက်(၀၉း၃၀)အချိန်တွင် အမရပူရ မြို့နယ်ပါတီရုံး၌ လပတ်ပုံမှန်အစည်းအဝေးကျင်းပပြုလုပ်ရာ မြို့နယ်ပါတီအတွင်းရေးမှူး ဒေါ်စောမြိုင်နှင့်ကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရာများမှ ပါတီခေါင်းဆောင်များတက်ရောက်ခဲ့ကြပြီး ပါတီဖွဲ့စည်းမှုပြည့်စုံမှန်ကန်ရေးကိစ္စ၊ ပါတီနှစ်စဉ်ကြေးကိစ္စ၊ online media သင်တန်းဖွင့်လှစ်နိုင်ရေးကိစ္စတို့ကိုဆွေးနွေးခဲ့ကြပါသည်။

ပြည်ခိုင်ဖြိုး မန္တလေးတိုင်းဒေသကြီး


မတ္တရာမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ မြို့နယ်အစည်းအဝေးပြုလုပ်

 

ယမန်နေ့ နံနက်(၁၀း၀၀)အချိန်တွင် မတ္တရာမြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံး၌ မြို့နယ်ကော်မတီဝင်များနှင့်အရန်ကော်မတီဝင်များပုံမှန်အစည်းအဝေးကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်ဥက္ကဌ ဦးလှမြင့်မှအဖွင့်ပြောကြားခဲ့ပြီး တက်ရောက်လာသောမြို့နယ်ကော်မတီဝင်များ၊ အရန်ကော်မတီဝင်များမှ ပါတီစည်းရုံးရေးရာကိစ္စရပ်များ၊ ပါတီရှေ့လုပ်ငန်းစဉ်များကိုဆွေးနွေးခဲ့ကြပါသည်။

ပြည်ခိုင်ဖြိုး မန္တလေးတိုင်းဒေသကြီး


ငါန်းဇွန်ပြည်ခိုင်ဖြိုးပါတီ လစဉ်အစည်းအဝေးပြုလုပ်ကျင်းပ

 

(၂၆.၁.၂၀၁၇)နံနက်ပိုင်းတွင် ငါန်းဇွန်မြို့နယ် ပြည်ခိုင်ဖြိုးခန်းမ၌ မြို့နယ်နှင့်ရပ်ကျေးခေါင်ဆောင်များလစဉ်ပုံမှန်အစည်းဝေးကျင်းပပြုလုပ်ရာ ငါန်းဇွန်မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးကိုကိုနှင့်ကော်မတီဝင်များ၊ ရပ်/ကျေးခေါင်းဆောင်များတက်ရောက်ခဲ့ကြပြီး မြို့နယ်ပါတီဥက္ကဌ ဦးကိုကိုမှအမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ပြည်ခိုင်ဖြိုး မန္တလေးတိုင်းဒေသကြီး


ရမည်းသင်းပြည်ခိုင်ဖြိုးပါတီမှ Social Media အခြေခံသင်တန်းဖွင့်ပွဲကျင်းပ

 

ယမန်နေ့ နံနက်(၀၉း၃၀)အချိန်တွင် ရမည်းသင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံး၌ Social Media အခြေခံသင်တန်းဖွင့်ပွဲကျင်းပပြုလုပ်ရာ ရမည်းသင်းမြို့နယ်ပြည်ခိုင်ဖြိုးနာယက ဦးကျော်မြင့်၊ တိုင်းဒေသကြီးပါတီကော်မတီဝင် ဒေါ်သန်းသန်းအေး၊ ဦးအောင်နိုင်ဦး၊ ရမည်းသင်းခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဌနှင့်ကော်မတီဝင်များ၊ ရမည်းသင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဌနှင့်ကော်မတီဝင်များ၊ သင်တန်းနည်းပြများ၊ ရပ်/ကျေးပါတီမှ သင်တန်းသား/သူများတက်ရောက်ကြပြီး ရမည်းသင်းမြို့နယ်ပြည်ခိုင်ဖြိုးနာယက ဦးကျော်မြင့်မှ အဖွင့်အမှာစကားပြောကြားကာ တိုင်းဒေသကြီးပါတီကော်မတီဝင် ဒေါ်သန်းသန်းအေးမှသင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များကိုရှင်းလင်းခဲ့ပါသည်။

ပြည်ခိုင်ဖြိုး မန္တလေးတိုင်းဒေသကြီး


ပြည်ခိုင်ဖြိုးပါတီနှင့် မြင်မြတ်ပညာရေးဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ ကျောင်းသုံးဗလာစာအုပ်များလှူဒါန်း

 

ပြည်ခိုင်ဖြိုးပါတီဗဟိုအတိုင်ပင်ခံဦးရဲမြင့်နှင့်ဇနီးဒေါ်မြတ်ငွေတို့ ထူထောင်ထားသော မြင့်မြတ်ပညာရေးဖောင်ဒေးရှင်းမှ
ပြင်ဦးလွင်မြို့နယ် သရက်ကုန်းကျေးရွာ၊ သင်္ဂတုံကျေးရွာ၊ ကျိုင်းတောင်ကျေးရွာများရှိ မူလွန်/မူလတန်းကျောင်းများသို့
ှလှူဒါန်းသည့်ဗလာစာအုပ်/လေးကြောင်းမျဉ်းစာအုပ်များကို
အလှူရှင်များ၏ကိုယ်စား (၁၈.၁.၂၀၁၇)ရက်နေ့တွင် ပြင်ဦးလွင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးလင်းဇော်မင်းနှင့်အဖွဲ့မှ သွားရောက်လှူဒါန်းပေးခဲ့ပါသည်။

creditး ပြည်ခိုင်ဖြိုး မန္တလေးတိုင်းဒေသကြီး


ဖါးလင်ပိုးမြတ်စွာဘုရား ရင်ပြင်တော်နှင့်ဘုရားပွဲကျင်းပ ရာကွင်းပြင်အတွင်း ပြည်ခိုင်ဖြိုးပါတီမှ သန့်ရှင်းရေးလုပ်အားကုသိုလ်ပြုလုပ်

 

စဥ့်ကိုင်မြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီနှင့် စေတနာဖြိုးပရဟိတလူငယ်များစုပေါင်း၍ ဖါးလင်ပိုးမြတ်စွာဘုရားရင်ပြင်တော်နှင့်ဘုရားပွဲကျင်းပ
ရာကွင်းပြင်၌ အမှိုက်ကောက်သန့်ရှင်းရေး
ကုသိုလ်ဆောင်ရွက်ရာ မန္တလေးတိုင်းဒေသကြီးပါတီကော်မတီဝင် ဒေါ်သိင်္ဂီအောင်၊ ကျောက်ဆည်ခရိုင်ကော်မတီဝင်ျဒ်ါခင်နွယ်မြင့်၊ စဥ့်ကိုင်မြို့နယ်ပါတီဥက္ကဌ ဦးကြည်ပြုံးနှင့် မြို့နယ်
ကော်မတီဝင်များရပ်/ကျေးစည်း/မှူးများ စုစုပေါင်းအင်အား
(၁၀၀)တက်ရောက်၍လုပ်အားဒါနကုသိုလ်ပြုခဲ့ကြပါသည်။

ပြည်ခိုင်ဖြိုး မန္တလေးတိုင်းဒေသကြီး