
Thurein Linn Myat
Thurein Linn Myat
ဘဝနတ်ထံပျံလွန်တော်မူခဲ့ သည့် မန္တလေးမြို့ မဟာအောင် မြေမြို့နယ် မဟာဝိသုဒ္ဓါရုံကျောင်း တိုက် ဇယမေဒနီဝါဆိုကျောင်း နိုင်ငံတော်သြဝါဒါစရိယစုဒ္ဒသမ ရွှေကျင်သာသနာပိုင် ဆရာတော်ကြီး အဘိဓဇမဟာရဋ္ဌဂုရု အဘိ ဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိကဘဒ္ဒန္တ အဂ္ဃိယ၏ အန္တိမဈာပနကျင်းပခဲ့ သည့် နေ့ရက်များအတွင်း မန္တလေး တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီမှ ပါတီဝင်များအနေဖြင့် လုပ်အား ဒါနပါဝင်ကုသိုလ်ပြု လုပ်အားပေးခဲ့ကြောင်း သိရသည်။
ရွှေကျင်သာသနာပိုင် ဝါဆိုဆရာတော်ကြီး၏ ဈာပနအခမ်းအနားတွင် လုပ်အားဒါနပြုဆောင်ရွက်ခဲ့ကြသော ပြည်ခိုင်ဖြိုးပါတီဝင်များအား ဂုဏ်ပြုပွဲကို (၂၁.၂.၂၀၁၇)ရက်နေ့ (၁၃း၀၀)အချိန်က မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုး ပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတိုင်ပင်ခံ ဦးရဲမြင့်၊ တိုင်းဒေသကြီးပါတီဥက္ကဌ ဦးဝင်းမောင်နှင့် တိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊ မန္တလေးခရိုင်ပါတီ ဥက္ကဌနှင့် ကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဌများ၊ ဆရာတော်ကြီးဈာပနတွင် ပါဝင်လုပ်အားပေးခဲ့ကြသည့် ပါတီဝင်များ တက်ရောက်ခဲ့ကြသည်။
မန္တလေးခရိုင် ပြည်ခိုင်ဖြိုးပါတီမှ ဦးစီးဖွင့်လှစ်သော အခမ်း အနားမှူးသင်တန်းဖွင့်ပွဲကို ဖေဖော်ဝါရီ (၁၉) ရက် နံနက် ၉ နာရီက တိုင်းဒေသကြီး ပါတီအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ ဗဟိုအလုပ်အမှုဆောင်၊ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းမောင် တက်ရောက်အမှာစကား ပြောကြားသည်။
ကျင်းပပြီးစီးခဲ့သော ဆဋ္ဌမအကြိမ်မြောက် ပျော်ဘွယ်မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိဓမ္မာနုဂ္ဂဟ စာမေးပွဲကြီးတွင် ဝင်ရောက်ဖြေဆို အောင်မြင်ခဲ့ကြသော စာအောင်သံဃာတော်များအား ဆုလက်မှတ် ဆက်ကပ်ခြင်းနှင့် ဂုဏ်ပြု ပူဇော်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ (၁၉) ရက် နံနက်ပိုင်းက ပျော်ဘွယ်မြို့ ရှမ်းပွဲရပ်ကွက် ရာပြည့်သာသနာ့ ဗိမာန်၌ ကျင်းပခဲ့ရာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ် အမှုဆောင် ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေး တက်ရောက်၍ စာအောင်ဆုလက်မှတ်များဆက်ကပ် လှူဒါန်း ကြည်ညိုခဲ့သည်။
မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး ခန်းမ၌ ဖေဖော်ဝါရီ (၁၆) ရက် နံနက်ပိုင်း (၉) နာရီအချိန်က ပါတီဝင်နှစ်စဉ်ကြေးများပေးအပ်ပွဲနှင့် တိုင်း/ခရိုင်/မြို့နယ်ကော်မတီများ လပတ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ပါတီဥက္ကဌ ဦးဝင်းမောင်၊ တိုင်းဒေသကြီးပါတီ အတွင်းရေးမှူး ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ ခရိုင်/မြို့နယ်များမှ ဥက္ကဌများ၊ ကော်မတီဝင် များ တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီးပါတီဥက္ကဌ ဦးဝင်းမောင်မှ အဖွင့်အမှာစကားပြောကြားကာ ခရိုင် အလိုက် ပါတီဝင်ကြေးများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်မဟာဂန္ဓာရုံကျောင်းတွင် ဖေဖော်ဝါရီ ၁၆ ရက် နံနက်ပိုင်းက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော် မတီနာယက နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန်နှင့်အဖွဲ့ နေ့ဆွမ်းလောင်းလှူစဉ်။
Union daily
ဘဝနတ်ထံပျံလွန်တော်မူခဲ့သည့် မန္တလေးမြို့ မဟာအောင်မြေမြို့နယ် မဟာဝိသုဒ္ဓါရုံကျောင်းတိုက် ဇယမေဒနီ ဝါဆိုကျောင်းဆရာတော် အဘိဓဇ မဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တအဂ္ဃိယ၏ ရုပ်ကလာပ် တော်ထားရှိရာ ယာယီစံကျောင်းဖြစ်သည့် မဟာဝိသုဒ္ဓါရုံကျောင်း တိုက် အောင်မြေသာစည်အလယ်တိုက်ကြီးသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်းနှင့်အဖွဲ့သည် ဖေဖော်ဝါရီ (၁၅) ရက် ညနေ ၄ နာရီခွဲက သွားရောက်ဖူးမြော်၍ ဆရာတော်ကြီး၏ အန္တိမဈာပန သာဓုကီဠနပူဇော်ပွဲ ကျင်းပရန်အတွက် ပြည်ခိုင်ဖြိုး ပါတီမှ လှူဒါန်းသည့် အလှူငွေ ကျပ်သိန်း ၁ဝဝ အား ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်းက အန္တိမဈာပန ကျင်းပရေး ကော်မတီထံသို့ ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီ ဗဟိုအတိုင်ပင်ခံ ဦးရဲ မြင့်သည် ဖေဖောါဝါရီ (၈) ရက် နံနက် ၉ နာရီက မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုး ပါတီတိုင်းဒေသကြီး၊ခရိုင်၊မြို့နယ် ပါတီကော်မတီဝင်များအား တိုင်း ဒေသကြီးပါတီအစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ ပါတီရေးရာကိစ္စရပ်များကို မှာကြားဆွေးနွေးခဲ့သည်။
ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ် အမှုဆောင် ဦးဝေလွင်က မန္တလေး တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ တိုင်း ဒေသကြီး၊ ခရိုင်၊ မြို့နယ်ပါတီ ကော်မတီဝင်များအား လူထုဟော ပြောစည်းရုံးခြင်းဘာသာရပ်ဟော ပြောဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက တိုင်းဒေသကြီးပါတီ အစည်းအဝေးခန်းမတွင် ကျင်းပ ခဲ့သည်။
ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ် အမှုဆောင် ဦးဝေလွင်က စကား ပြောကောင်းသူ၊ ဟောပြောမှု ကောင်းသူတစ်ယောက်ဖြစ်လာစေ ရန်အတွက်ဖတ်ရှုလေ့လာသင့်သည့် စာအုပ်စာတမ်းများအကြောင်း၊ ဟောပြောသူတစ်ဦးကြိုတင်ပြင် ဆင်ရမည့်အချက်များ၊ ဆောင်ရန် ရှောင်ရန်များ၊ လိုက်နာရမည့် အချက်များ၊ ဟောပြောမည့်သူ တစ်ဦးတွင် ရှိသင့်ရှိထိုက်သည့် အရည်အချင်းများအစရှိသည်တို့ ကို အကျယ်တဝင့်ရှင်းလင်းဟော ပြောဆွေးနွေးခဲ့သည်။