ပန်းတောင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ လစဉ်ပုံမှန်အစည်းအဝေးကျင်းပ

 

ပန်းတောင်း မေ ၁၅

ပြည်ခရိုင် ပန်းတောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် မြို့ နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စု ပါတီကော်မတီဝင်များ၏ လစဉ် ပုံမှန်အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲက ကျင်းပခဲ့သည်။

မဟာအောင်မြေမြို့နယ်ပြည်ခိုင်ဖြိုးပါတီ သက်ကြီးဘိုးဘွားများအားပူဇော်ကန်တော့

 

မန္တလေးမြို့တွင် မဟာအောင်မြေမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ သက်ကြီး ဘိုးဘွားများအား ပူဇော်ကန်တော့ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ်ပြည်ခိုင်ဖြိုး ပါတီရုံးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီးပါတီကော်မတီဝင်များ ဖြစ်ကြသည့် ဦးမျိုးမြင့်နှင့်ဦးကျော်စန်း၊ မန္တလေးခရိုင်ပါတီဥက္ကဋ္ဌဦးဘိုသင်း၊ မဟာအောင်မြေမြို့နယ် ပါတီဥက္ကဋ္ဌဦးမြင့်သန်း၊ မြို့နယ်ပါတီအတွင်းရေးမှူးဦးသန်းစိုးနှင့်မြို့နယ်ပါတီကော်မတီဝင်များ၊ရပ်ကွက် ပါတီဥက္ကဋ္ဌများနှင့်ပါတီဝင်များ၊ ရပ်ကွက်အသီးသီးမှ ကန်တော့ခံဘိုးဘွားများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နယ် ညောင်လှရွာ လေဘေးသင့်ပြည်သူများအား ပြည်ခိုင်ဖြိုးပါတီမှ သွားရောက်ကူညီထောက်ပံ့

 

ညောင်ဦးမြို့နယ် တောင်ဇင်း အုပ်စု ညောင်လှကျေးရွာ လေဘေး သင့်ပြည်သူများအား ပြည်ခိုင်ဖြိုး ပါတီမှ ယနေ့ နံနက် ၉ နာရီတွင် လှူဒါန်းဖွယ်ရာများကိုသွားရောက် ကူညီထောက်ပံ့ခဲ့ကြောင်း သိရ သည်။

ညောင်ဦးမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ရပ်ကွက်ကျေးရွာပါတီစည်းရုံးရေးဥက္ကဋ္ဌများနှင့်တွေ့ဆုံ

 

ညောင်ဦးမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး တွင် ယနေ့နံနက် ၉ နာရီမှ စတင် ပြီး ရပ်ကွက်ကျေးရွာပါတီ စည်းရုံး ရေးဥက္ကဋ္ဌများနှင့် မန္တလေးတိုင်း ဒေသကြီးကော်မတီ အဖွဲ့ဝင် ညောင်ဦးခရိုင် နယ်မြေတာဝန်ခံ ဦးသန်းဌေး၊ ခရိုင်ကော်မတီဥက္ကဋ္ဌ ဦးညွန့်ဝင်း၊ခရိုင်ကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးအောင်ဌေး၊ မြို့နယ်ကော်မတီ အတွင်းရေးမှူး ဦးအောင်ဆန်းဦးနှင့် မြို့နယ်ကော် မတီဝင်များ၊ ရပ်ကွက် ကျေးရွာ စည်းရုံးရေးမှူးဥက္ကဋ္ဌများ တက် ရောက်ခဲ့သည်။

မန္တ​လေးတိုင်း​ဒေသကြီး ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး ​ရေးပါတီ လူငယ်​ညီလာခံအကြို လူငယ်​နှီး​နှောဖလှယ်​ပွဲ ကျင်းပ

 

ကျောက်ဆည်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ (၁၁)ကြိမ်မြောက် ဂိုဏ်းပေါင်းစုံထေရ်ကြီး- ဝါကြီးပူဇော်ပွဲအခမ်းအနား တက်ရောက်ကြည်ညို

 

ကျောက်ဆည်မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးစိုးစိုးထွန်းနှင့်မြို့နယ်ကော်မတီဝင်များ သည် ယနေ့ (၂၆-၄-၂၀၁၈)နံနက် (၈း၀၀)နာရီအချိန် တွင် ကျောက်ဆည်မြို့ ဖောင်ရွာ-ရွာသစ် (နေလသုခဗိမာန်တော်)၌ နှစ်စဉ်ကျင်းပသော မြို့နယ်အတွင်း သီတင်းသုံးတေည်မူကြသည့် သိက္ခာတော် (၅၅)ဝါအထက် သက်တော်ရှည် ဆရာတော်ကြီး ( ၂၄)ပါးတို့အား ပူဇော်သည့် (၁၁)ကြိမ် မြောက် ဂိုဏ်းပေါင်းစုံ ထေရ်ကြီး-ဝါကြီး ပူဇော်ပွဲ အခမ်းအနားကို တက်ရောက်၍ ကြည်ညိုသဒ္ဒါ ပွားများခဲ့ပါသည်။

ကျောက်​ပန်း​တောင်းမြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီ လူငယ်​ညီလာခံအကြို လူငယ်​​တွေဆုံပွဲကျင်းပ

 

(၂၅-၄-၂၀၁၈) ရက်နေ့ နံနက် (၉) နာရီအချိန်တွင် ​ကျောက်​ပန်း​တောင်းမြို့ ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ လူငယ်ညီလာခံအကြို လူငယ်တွေ့ဆုံပွဲအခမ်းအနား
ပြုလုပ်ခဲ့ရာ မန္တ​လေးတိုင်းဒေသကြီးပါတီကော်မတီဝင် ဦးသန်း​ဌေး​ညောင်​ဦးခရိုင်ပါတီဥက္ကဌ ဦးညွန့်​ဝင်းခရိုင်ကော်မတီဝင်များ၊ ​ကျောက်​ပန်း​တောင်းမြို့နယ်ပါတီဥက္ကဌ ဦးဝင်းမြင့်​အတွင်းရေးမှူး ဦး​နေလင်းနှင့်​​ကော်မတီဝင်များ၊​ညောင်​ဦးခရိုင်​နှင့်​မြို့နယ်​မှပြည်​ခိုင်​ဖြိုးပါတီမှဥက္ကဌနှင့်​​ကော်​မတီများ​ကျောက်​ပန်း​တေင်း မြို့နယ်အတွင်းရှိ ရပ်ကွက်​ကျေးရွာအသီးသီးမှ လူငယ်အင်အား (၂၀၀) ဦး စုစုပေါင်းအင်အား (၂၃၀)ဦးတက်ရောက်ခဲ့ပါသည်။
အခမ်းအနားကို တက်ရောက်လာသူများမှ နိုင်ငံတော်အလံ အလေးပြုခြင်း နိုင်ငံတော်သီချင်း သံပြိုင်သီဆိုဖွင့်လှစ်ခဲ့ပြီး မြို့နယ်ပါတီဥက္ကဌ ဦးဝင်းမြင့်​ကအဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
၎င်းနောက်အခမ်းအနား အစီအစဉ်များအရ တက်ရောက်လာသည့်လူငယ် များမှ အစုအဖွဲ့ (၂) ဖွဲ့ခွဲ၍ နိုင်ငံရေး၊ စည်းရုံးရေးခေါင်းစဉ်များဖြင့်ဆွေးနွေးခြင်း တွေ့ရှိချက်များအား မှတ်တမ်းတင်ခြင်း စာတမ်းပြုစုခြင်းများဆောင်ရွက်​ခဲ့ကြပြီး လူငယ်လှုပ်ရှားမှု အဖွဲ့ (၇) ဖွဲ့အတွက် တက်ရောက်လာသည့်လူငယ်အဖွဲ့ဝင်များကဆန္ဒမဲပေးရွေးချယ်ခြင်းနှင့်​ တိုင်းဒေသကြီးလူငယ်နှီးနှောဖလှယ်ပွဲသို့ တက်ရောက်ခွင့်ရရှိသည့် လူငယ်အဖွဲ့ဝင်များအမည်စာရင်းအား ဖတ်ကြားကြေငြာခြင်းတို့အားဆောင်ရွက်ခဲ့ကြပါသည်​။