မလှိုင်မြို့၌ ပြည်ခိုင်ဖြိုးပါတီ ပါတီအလံသစ်တင်အခမ်းအနားကျင်းပ

 

မလှိုင် ဇူလိုင် ၃

မန္တလေးတိုင်း ဒေသကြီး မိတ္ထီလာခရိုင် မလှိုင်မြို့တွင် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ အလံသစ်တင်အခမ်းအနား ကို ကျင်းပခဲ့ကြသည်။

ပါတီအလံသစ်တင် အခမ်း အနားကို မလှိုင်မြို့နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးရှေ့ ဥပစာ၌ ယနေ့ နံနက် ၉ နာရီတွင် စတင်ကျင်းပခဲ့ပြီး နိုင်ငံတော်အလံ အား အလေးပြုခြင်း နိုင်ငံတော် သီချင်းသံပြိုင်သီဆိုခြင်းများပြုလုပ် ခဲ့သည်။

အမရပူရမြို့နယ် ပြည်​ခိုင်​ဖြိုးပါတီ အမျိုးသမီး​ရေးရာလှုပ်​ရှားမှုအဖြစ်​ ဘက်​စုံသုံးဆပ်​ပြာ၊ သဘာဝ​ခေါင်း​လျော်​ရည်​ပြုလုပ်​နည်းများ လက်​​တွေ့ရှင်းလင်းသရုပ်​ပြ

 

(၃.၇.၂၀၁၈) ရက်​​နေ့ (၁၃း၀၀) အချိန်​တွင်​ အမရပူရမြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီအတွင်း​ရေးမှူး ​ဒေါ်​စောမြိုင်​၊ အမျိုးသမီး​ရေးရာတာဝန်​ခံ ​ဒေါ်ဇာလီထွန်းတို့သည်​ ကျန်​တန်းရပ်​ကွက်​၊ ​ဆားချက်​ရပ်​သို့နယ်​​မြေကွင်းဆင်းပြီး အမျိုးသမီးများ တစ်​ပိုင်​တစ်​နိုင်​ဝင်​​ငွေရရှိ​စေ​ရေးအတွက်​ ဘက်​စုံသုံးဆပ်​ပြာပြုလုပ်​နည်းအဆင့်ဆင့်၊ သဘာဝ​ခေါင်း​လျော်​​ရေပြုလုပ်​နည်း အဆင့်အဆင့်တို့အား လက်​​တွေ့ပြုလုပ်​ကာ ရှင်းလင်းပြသခဲ့ပါသည်​။


ဝမ်းတွင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပါတီအလံသစ်တင်ခြင်းအခမ်အနား ကျင်းပ

 

(2.7.2018)ရက်​နေ့ နံနက်​ (09:30) အချိန်​ ဝမ်းတွင်းမြို့နယ် ​ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီရုံးတွင်​ ပါတီအလံသစ်​တင်​ခြင်းအခမ်းအနားအား​အောင်​မြင်​စွာကျင်းပခဲ့ရာ မြို့နယ်​ပါတီဥက္ကဌနှင့်​မြို့နယ်​ပါတီ​ကော်​မတီဝင်​များ၊ မြို့​ပေါ် (6) ရပ်​ကွက်​မှ ရပ်​​ကျေးပါတီဥက္ကဌများနှင့်​​ကော်​မတီဝင်​များ တက်​​ရောက်​ခဲ့ပြီး (09:45) အချိန်​ အလံသစ်​တင်​ခြင်းအခမ်းအနား ​အောင်​မြင်​စွာကျင်းပြီးစီးခဲ့ပြီး တက်​​ရောက်​လာသူများအား လက်​ဘက်​ရည်​မုန့်​များဖြင့်​ ဧည့်​ခံ​ကျွေး​မွေးခဲ့ပါသည်​။


မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် မြင်းခြံမြို့နယ်အတွင်းရှိ နဘူးအိုင်အုပ်စု၊ နဘူးအိုင်ကျေးရွာ ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်အခမ်းအနား ကျင်းပ

 

ယနေ့ (2.7.2018) ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် မြင်းခြံမြို့နယ်အတွင်းရှိ နဘူးအိုင်အုပ်စု၊ နဘူးအိုင်ကျေးရွာ ပြည်ခိုင်ဖြိုးပါတီရပ်/ကျေးဥက္ကဌနေအိမ်တွင် နံနက် (10:30) တွင် ဆိုင်းဘုတ်တင်အခမ်းအနားကို ကျင်းပပြီး မန္တလေးတိုင်းဒေသကြီး တိုင်းဒေသကြီပါတီကော်မတီဝင် မြင်းခြံခရိုင် နယ်မြေတာဝန်ခံ ဦးမြတ်သူ၊ မြင်းခြံခရိုင်ပါတီဥက္ကဌ ဦးကျော်တင်နှင့်မြင်းခြံမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးဝေမျိုးဟန်နှင့် မြို့နယ်ပါတီကော်မတီဝင်များ ရပ်/ကျေးပါတီကော်မတီဝင် (၈၀) ဦး တက်ရောက်ခဲ့ပြီး နေလည် (12:15) နာရီအချိန်တွင် ညောင်ဝန်ကျေးရွာ ရပ်/ကျေးပါတီဥက္ကဌနေအိမ်တွင် ဆက်လက် ဆိုင်းဘုတ်တင်ပြီး နေ့လည် (1:45) အချိန်တွင် အောင်မြင်စွာကျင်းပနိုင်ခဲ့ပါသည်။

စဥ့်ကိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပါတီအလံသစ်တင်အခမ်းအနား ကျင်းပ

 

ယ​နေ့ (2.7.2018) ရက်​​နေ့ နံနက် (9:00) နာရီအချိန်​၌ စဥ့်ကိုင်မြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီ ပါတီအလံသစ်​တင်​အခမ်းအနား ကျင်းပပြုလုပ်​ခဲ့ပါသည်​။
အခမ်းအနားသို့ တိုင်းပါတီ​ကော်​မတီဝင်​ ​ဒေါ်သိဂီ်​​​အောင်​၊ ခရိုင်​ပါတီ​ကော်​မတီဝင်​ (မြို့နယ်​တာဝန်​ခံ) ​ဒေါ်ခင်​နွယ်​မြင့်၊ မြို့နယ်​ပါတီဥက္ကဌ ဦးကြည်​ပြုံး၊
အတွင်း​ရေးမှူး ဦးထွန်းထွန်းနိုင်​နှင့် ​ကော်​မတီဝင်​များ၊ ရပ်​​ကျေးပါတီဥက္ကဌများနှင့်အဖွဲ့ဝင်​များ ပါတီလူငယ်​များ တက်​​ရောက်​ကြပါသည်​။


ချမ်းမြသာစည်မြို့ နယ် မြို့ သစ်အမှတ် (၂ ) ရပ်ကွက်တွင် ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်နှင့် အလံတော်တင်ပွဲအခမ်းအနား ကျင်းပ

 

မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့ နယ် မြို့ သစ်အမှတ် (၂ ) ရပ်ကွက်တွင် ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်နှင့် အလံတော်တင်ပွဲအခမ်းအနားကို ၁. ၇ . ၂၀၁၈ ရက်နေ့  နံနက် ၈ နာရီတွင် ကျင်းပခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့  ခရိုင်အတွင်းရေးမှူး ဒေါ်ဝါဝါလှိုင်၊ ခရိုင်ကော်မတီများဖြစ်ကြသော ဦးတင်မြင့်၊ ဦးဝင်းလှိုင်ငြိမ်း၊ ဦးညီညီမင်း ၊ မြို့ နယ်ပါတီဥက္ကဋ္ဌ ဦးကိုကိုဦး၊ အတွင်းရေးမှူး ဦးကျော်သက်ထွန်း ၊ မြို့ နယ်ကော်မတီများ၊ ရပ်ကျေးပါတီဥက္ကဋ္ဌများ ၊ ပါတီဝင်များ စုပေါင်းပျော်ရွှင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

ငါန်းဇွန်မြို့နယ် ငါန်းမြာကြီးကျေးရွာ၌ ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်သစ်တင်ပွဲကျင်းပ

 

ငါန်းဇွန် ဇူလိုင် ၁

မန္တလေးတိုင်းဒေသကြီး မြင်း ခြံခရိုင် ငါန်းဇွန်မြို့နယ် ငါန်းမြာ ကြီးကျေးရွာအုပ်စု ငါန်းမြာကြီး ကျေးရွာ အောင်သိဒ္ဓိရပ်ကွက်ရှိ ပြည်ခိုင်ဖြိုးပါတီဝင် ဦးတုပ်နေအိမ် ၌ ယမန်နေ့နံနက် ၁ဝနာရီက ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်သစ် တင်ပွဲအခမ်းအနား ကျင်းပခဲ့သည်။

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မြို့သစ်(၂)ရပ်ကွက်တွင် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်နှင့်အလံတော်တင်အခမ်းအနားကျင်းပ

 

မန္တလေး ဇူလိုင် ၁

မန္တလေးမြို့ချမ်းမြသာစည်မြို့ နယ် မြို့သစ်(၂)ရပ်ကွက်တွင် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ်နှင့်အလံတော်တင်မင်္ဂလာ အခမ်းအနားကို ယနေ့နံနက် ၈နာရီ က ကျင်းပခဲ့သည်။

”ကျွန်တော်တို့အနေနဲ့ ပါတီ ဗဟိုဌာနချုပ်ရဲ့ လမ်းညွှန်ချက်များ နဲ့အညီ တိုင်းဒေသကြီးပါတီနဲ့ ခရိုင် ပါတီတို့ရဲ့ ဦးဆောင်မှုများနဲ့ပါတီ လုပ်ငန်းများကို ဆောင်ရွက်နေပါ တယ်။

မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်ပါတီများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

 

(၂၉.၆.၂၀၁၈)ရက်​​နေ့ နံနက်​(၀၉း၃၀)အချိန်​တွင်​ မန္တ​လေးတိုင်း​ဒေသကြီး ပြည်​ခိုင်​ဖြိုးပါတီရုံး အစည်းအ​ဝေးခန်းမ၌ တိုင်း​ဒေသကြီး/ခရိုင်​/မြို့နယ်​ပါတီများ လုပ်​ငန်းညှိနှိုင်းအစည်းအ​ဝေး(၅/၂၀၁၈)ကျင်းပပြုလုပ်​ရာ မန္တ​လေးတိုင်း​ဒေသကြီးပါတီဥက္ကဋ္ဌ ဦးဝင်း​မောင်​၊ တိုင်း​ဒေသကြီးပါတီအတွင်း​ရေးမှူး ဦး​အောင်​​ကျော်​မိုး၊ တိုင်း​ကော်​မတီဝင်​များ၊ ခရိုင်​/မြို့နယ်​များမှ ပါတီဥက္ကဋ္ဌများတက်​​ရောက်​ခဲ့ကြပြီး တိုင်း​ဒေသကြီးပါတီဥက္ကဋ္ဌ ဦးဝင်း​မောင်​မှအဖွင့်​အမှာစကား​ပြောကြားခဲ့ပါသည်​။ ထို့​နောက်​ တိုင်း​ဒေသကြီး/ခရိုင်​/မြို့နယ်​များမှ ​ဆွေး​နွေးခဲ့ကြပြီး တိုင်း​ဒေသကြီးပါတီဥက္ကဋ္ဌမှ နိဂုံးချုပ်​​ပြောကြားခဲ့ပါသည်​။


ကျောက်​ဆည်​ခရိုင်​အတွင်းရှိ မြို့နယ်​များမှ ပြည်​ခိုင်​ဖြိုးပါတီဝင်​များ ​တွေ့ဆုံပွဲအခမ်းအနားသို့ ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌဦးသန်း​ဌေး တက်​​ရောက်​အမှာစကား​ပြောကြား

 

ဇွန်​(၂၈)၊​ကျောက်​ဆည်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်​ဆည်​ခရိုင်​အတွင်းရှိ မြို့နယ်​များမှ ပြည်​ခိုင်​ဖြိုးပါတီဝင်​များ ​တွေ့ဆုံပွဲအခမ်းအနားကို ​ယ​နေ့ နေ့လည် ၂ နာရီက ​ကျောက်​ဆည်​ခရိုင်​ ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင်​ ပြုလုပ်ကျင်းပခဲ့ရာ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီဥက္ကဋ္ဌ ဦးသန်း​ဌေး တက်​​ရောက်​ အမှာစကား​ပြောကြားခဲ့သည်​။