ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကျောက်ပန်းတောင်းမြို့နယ် ရပ်/ကျေးလပတ်အစည်းအဝေး ကျင်းပ

July 10

ကျောက်ပန်းတောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရပ်/ကျေးလပတ်အစည်းအဝေးသို့ ညောင်ဦးခရိုင်ကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ ၁၂၁ အုပ်စုမှ ရပ်ကျေးပါတီဥက္ကဋ္ဌ များနှင့်ကော်မတီဝင်များ တက်ရောက်၍ လက်ရှိနိုင်ငံရေးအခြေအနေနှင့် စည်းရုံးရေးရာများကို အပြန်အလှန်ဆွေးနွေးကြပြီး မိမိဒေသအခြေအနေများကို ဆွေးနွေးတင်ပြညှိနှိုင်းဆောင်ရွက်ခဲ့ပါသည်။


အမရပူရမြို့နယ် လစဉ်ပုံမှန်အစည်းအဝေးကျင်းပ

 

အမရပူရမြို့နယ်​ပြည်​ခိုင်​ဖြိုးပါတီ ရပ်​/​ကျေးပုံမှန်​အစည်းအ​ဝေးအား (၉.၇.၂၀၁၈)ရက်​​နေ့ နံနက်​(၉)နာရီတွင်​ မြို့နယ်​ပါတီရုံး၌ကျင်းပပြုလုပ်​ရာ မြို့နယ်​ပါတီအတွင်း​ရေးမှူး​ဒေါ်​စောမြိုင်​နှင့်​​ကော်​မတီဝင်​များ၊ ရပ်​/​ကျေးပါတီဥက္ကဌများတက်​​ရောက်​ခဲ့ကြပါသည်​။ အဆိုပါအစည်းအ​ဝေးတွင်​ ပါတီဝင်​အင်​အားတိုးတက်​​ရေးကိစ္စ၊ နယ်​​မြေကွင်းဆင်း​ရေးကိစ္စ၊ ပြည်​သူ့ကျိုးပြုလုပ်​ငန်းများ​ဆောင်​ရွက်​နိုင်​​ရေးကိစ္စနှင့်​ လက်​ရှိနိုင်​ငံ​ရေးအ​ခြေအ​နေများအား ​ဆွေး​နွေးခဲ့ကြပါသည်​။


ညောင်​ဦးမြို့နယ်​ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ ဖွံ့ဖြိုး​ရေးပါတီ အလံတင်​ အခမ်းအနားကျင်းပခြင်း

 

ညောင်​ဦးမြို့နယ်​ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ အလံတင်​အခမ်းအနားကို (၉.၇.၂၀၁၈) ရက်​​နေ့ တွင်​ကျင်းပခဲ့ရာ မန္တ​လေးတိုင်း​ဒေသကြီး ပြည်​ခိုင်​ဖြိုးပါတီတိုင်း​ကော်​မတီဝင်​ ​ညောင်​ဦးခရိုင်​ နယ်​​မြေတာဝန်​ခံ ဦးသန်း​ဌေး၊​ညောင်​ဦးခရိုင်​ပြည်​ခိုင်​ဖြိုးပါတီ အတွင်း​ရေးမှူး ဦး​အောင်​​ဇော်​မင်းနှင့်​ ခရိုင်​​ကော်​မတီဝင်​များ၊​ညောင်​ဦးမြို့နယ်​ပြည်​ခိုင်​ဖြိုးပါတီ အတွင်း​ရေးမှူး ဦး​အောင်​ဆန်းဦးနှင့်​ မြို့နယ်​​ကော်​မတီဝင်​များနှင့်​ ရပ်​​ကျေးပါတီ ​ဝင်​များတက်​​ရောက်​၍ ပြည်​ခိုင်​ဖြိုးပါတီ အလံတင်​အခမ်းအနားကို ​အောင်​မြင်​စွာ ကျင်းပခဲ့ပါသည်​ ။


စဥ့်ကိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးပါတီဆိုင်းဘုတ်တင် မင်္ဂလာအခမ်းအနားနှင့်နိုင်ငံရေးစကားဝိုင်း

 

၈.၇.၂၀၁၈ ရက်နေ စဥ့်ကိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ တပ်ကြီးကျေးရွာ ရပ်ကျေးပါတီဆိုင်းဘုတ်တင်ပွဲအခမ်းအနား ကျင်းပခဲ့ရာ တိုင်းဒေသကြီးပါတီကော်မတီဝင် ဒေါ်သီဂီ င်္အောင်၊ ခရိုင်ကော်မတီဝင် ​ဒေါ်ခင်နွယ်မြင့်၊ မြို့ နယ်ပါတီဥက္ကဌ ဦးကြည်ပြုံး ၊အတွင်း​ရေးမှူး ဦးထွန်းနိုင်​နှင့်​​ကော်မတီဝင်များ ရပ်ကျေးပါတီအဖွဲ့ များနှင့်အတူ တက်ရောက်ခဲ့ပြီး မင်္ဂလာအချိန်မှာ ပါတီဆိုင်းဘုတ်တင်ခြင်း တက်ရောက်သူများနှင့်နိုင်ငံရေးစကားဝိုင်းဆွေးနွေးခြင်း စုပေါင်း၍ မှတ်တမ်းတင်ခြင်းများ ဆောင်ရွက်ခဲ့ပြီး အောင်မြင်စွာ ကျင်းပခဲ့ပါသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကျောက်ပန်းတောင်းမြို့နယ် သစ်တိန်းကျေးရွာအုပ်စု ပါတီဆိုင်းဘုတ် အသစ်တင်

 

ပါတီဆိုင်းဘုတ်အသစ်တင်အခမ်းအနားသို့ ညောင်ဦးခရိုင် နယ်မြေတာဝန်ခံ ဦးသန်းဌေးနှင့် ခရိုင်ကော်မတီဝင်များ၊ ကျောက်ပန်းတောင်းမြို့နယ်ပါတီဥက္ကဋ္ဌ ဦးဝင်းမြင့်၊ အတွင်းရေးမှူး ဦးနေလင်းနှင့် မြို့နယ်ကော်မတီဝင်များ၊ အရန်ကော်မတီဝင်များ၊ နယ်မြေတာဝန်ခံ ဦးမှူး၊ သစ်တိန်းကျေးရွာအုပ်စု ပါတီဥက္ကဋ္ဌနှင့်ရပ်ကျေးကော်မတီဝင်များ၊ ပါတီဝင်များနှင့်ဒေသခံပြည်သူများ တက်ရောက်ကြောင်း သိရှိရပါသည်။

Kyaw Minn Soe


မလှိုင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ကျေးရွာပါတီဝင်များနှင့်တွေ့ဆုံထောက်ပံ့

 

မလှိုင် ဇူလိုင် ၈

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မလှိုင်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မလှိုင်မြို့နယ်အတွင်းရှိ ကျေးရွာပါတီ ဥက္ကဋ္ဌများနှင့်တွေ့ဆုံခြင်း ကျန်းမာရေးချို့တဲ့သော ပါတီဝင်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုထောက်ပံ့ခြင်းများကို ယမန်နေ့ နံနက် ၈နာရီမှ စတင်၍ ညနေထိပြုလုပ်ခဲ့ကြောင်း သိရသည်။

အမရပူရမြို့နယ် ပြည်​ခိုင်​ဖြိုးပါတီအတွင်း​ရေးမှူး​နှင့်အဖွဲ့​ ကုက္ကိုရွာသို့ နယ်​​မြေကွင်းဆင်း

 

(၆.၇.၂၀၁၈) ရက်​​နေ့ (၁၃း၃၀)အချိန်​တွင်​ အမရပူရမြို့နယ်​ပြည်​ခိုင်​ဖြိုးပါတီအတွင်း​ရေးမှူး​ဒေါ်​စောမြိုင်​၊ မြို့နယ်​​ကော်​မတီဝင်​ ​ဒေါ်ဇာလီထွန်း၊ ဦး​ဇော်​​အောင်​ထက်​၊ ဦးသက်​နိုင်​ဝင်းတို့သည်​ ပန်းချီ​ကျေးရွာအုပ်​စု၊ ကုက္ကိုရွာသို့နယ်​​မြေကွင်းဆင်းပြီး အမျိုးသမီးများတစ်​ပိုင်​တစ်​နိုင်​ဝင်​​ငွေရရှိ​စေ​ရေးအတွက်​ ဘက်​စုံသုံးဆပ်​ပြာပြုလုပ်​နည်းအဆင့်​ဆင့်​၊ သဘာဝ​ခေါင်း​လျော်​​ရေပြုလုပ်​နည်း အဆင့်​အဆင့်​တို့အား လက်​​တွေ့ပြုလုပ်​ကာရှင်းလင်းပြသခဲ့ပါသည်​။


တောင်သာမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပါတီအလံသစ်တင်အခမ်းအနားကျင်းပ

 

တောင်သာ ဇူလိုင် ၅

မန္တလေးတိုင်းဒေသကြီး တောင် သာမြို့တွင် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပါတီအလံ သစ်တင်အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မြို့နယ် ပါတီရုံး ရှေ့ဥပစာ၌ ကျင်းပခဲ့ကြောင်း သိရ သည်။

ပါတီအလံသစ်တင်ခြင်းအခမ်းအနား မိတ္ထီလာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကျင်းပ

 

မိတ္ထီလာ ဇူလိုင် ၅

မိတ္ထီလာမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မိတ္ထီလာမြို့နယ်ပါတီရုံးမျက်နှာစာ ရှေ့တွင် ယနေ့ နံနက် ၁ဝ နာရီ မှ ၁၁ နာရီအထိ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အလံနှင့် ပြည်ခိုင်ဖြိုးပါတီအလံသစ်ကို လွှင့် တင်ခြင်းအခမ်းအနားကျင်းပသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကျောက်ပန်းတောင်းမြို့နယ် ပါတီအလံသစ်တင်အခမ်းအနားကျင်း

 

5 July

ကျောက်ပန်းတောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီအလံသစ်တင်အခမ်းအနားကို ၅.၇.၂၀၁၈ ရက်နေ့တွင် ကျင်းပပါသည်။ ယင်းအခမ်းအနားသို့ညောင်ဦးခရိုင် ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် မြို့နယ်ပါတီကော်မတီဝင်များ တက်ရောက်ကြပါသည်။ အဆိုပါအခမ်းအနားကို နိုင်ငံတော်သီချင်းဖြင့် သီဆိုအလေးပြု၍ အခမ်းအနား အောင်မြင်စွာပြီးဆုံးခဲ့ပါသည်။

Kyaw Minn Soe’ Photo