မန္တလေး သြဂုတ် ၆
မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် တံခွန်တိုင်ရပ်ကွက် ၇၄ လမ်း အမြန်လမ်းမကြီး အနောက်ဘက် မဟာသုန္ဒရာရာမကျောင်းတိုက်တွင် သီတင်းသုံးတော်မူသော သံဃာတော် အရှင်သူမြတ်တို့အား ပြည်ကြီးတံခွန်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ၏ ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ အခမ်းအနားကို ယခုလ ၄ ရက် နံနက် ၁၁ နာရီက ကျင်းပခဲ့ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌဦးဝင်းမောင် တက်ရောက် ပူဇော်လှူဒါန်းခဲ့သည်။