ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးသန်းဌေးနှင့် ဗဟိုအလုပ်မှုဆောင်အဖွဲ့သည် (၇.၁၁.၂၀၁၇ ) ရက်နေ့ နံနက်ပိုင်းတွင် မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ကျင်းပပြုလုပ်သော မွန်ပြည်နယ် ပြည်ခိုင်ဖြိုး မျိုးဆက်သစ်လူငယ်များ တွေ့ ဆုံပွဲအခမ်းအနားသို့  တက် ရောက်ပြီး လူငယ်များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကာ လမ်းညွန် အမှာစကား ပြောကြားပေးခဲ့ကြောင်းသိရပါသည်။
ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကျေးရွာဘုံကထိန်ပွဲနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနားသို့ တက်ရောက်
မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်သိန်းသည် နိုဝင်ဘာလ (၃) ရက်နေ့ တန်ဆောင်မုန်းလပြည့်နေ့ နံနက် (၀၉း၀၀) နာရီချိန်တွင် ချောင်းဆုံမြို့နယ် ကွမ်ရိုက်ကျေးရွာ ကျိုက်တမော့လဲ့စေတီတော်ရင်ပြင်၌ စုပေါင်းဘုံကထိန်ပွဲကျင်းပရာ အခမ်းအနားသို့ တက်ရောက်ကာ ကထိန် သင်္ကန်းကပ်လှူကာ ရေစက်ချ အမျှပေးဝေခဲ့သည်။ယင်းနောက် ညနေ (၀၄း၃၀) နာရီချိန်တွင် ကလော့ – အပြိုင်ကျေးရွာ၏ (၂၇) ကြိမ်မြောက် သက်ကြီးပူဇော်ပွဲ အခမ်းအနားသို့ တက်ရောက်ကာ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး အဖိုး၊ အဖွားတို့အား ပူဇော်ကန်တော့ခဲ့သည်။
မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိုနှိုင်းအစည်းအဝေးပြုလုပ်
မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမ၌ အောက်တိုဘာ (၃၁) ရက်နေ့ နံနက် (၁၀း၀၀) နာရီချိန်တွင် ပြည်နယ်၊ ခရိုင်၊ မြို့နယ်ကော်မတီများ အစည်းအဝေးပြုလုပ်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးတွင် ပြည်နယ်ပါတီအတွင်းရေးမှူး ဦးဝင်းမော်ဦးမှ ရှေ့ဆက်ဆောင်ရွက်ရမည့် ကိစ္စရပ် များနှင့် လုပ်ငန်းစဉ်များအား ချပြဆွေးနွေးခဲ့ပြီး၊ ပြည်နယ်ကော်မတီ ဒေါက်တာတိုးတိုးအောင် (လူငယ်ရေး ရာတာဝန်ခံ) မှ လူငယ်ကဏ္ဍဆောင်ရွက်ရမည့် ကိစ္စရပ်များအား ဆွေးနွေးခဲ့သည်။
မုဒုံပြည်ခိုင်ဖြိုးပါတီမှ အလှူငွေလှူဒါန်း
မွန်ပြည်နယ် မုဒုံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးကျော်ကျော်လွင်၊ ပြည်နယ်ကော်မတီဝင် ဦးဇော်မြင့်၊ ခရိုင်ကော်မတီဝင် ဦးမင်းအောင်မြင့်နှင့် မြို့နယ်ကော်မတီဝင်များသည် ယနေ့ အောက်တို ဘာလ (၂၈) ရက်နေ့တွင် ကတုံးပေါ်ကျေးရွာ ဘုန်းကြီးကျောင်း ဘုံကထိန် ပွဲသို့ သွားရောက်ကာ ကျောင်းတိုက်ဆရာတော်ထံ အလှူငွေ (၁၂၅၀၀၀)အား ကပ်လှူ လှူဒါန်းကုသိုလ်ပြုခဲ့ပါသည်။
ကျိုက်မရောမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ပါတီဆိုင်ပုဒ်များ အသစ်တင်
မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဌ ဦးမင်းအောင်မွန် (ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်) နှင့် မြို့နယ်ကော်မတီဝင်များသည် ယမန်နေ့ အောက်တိုဘာ (၂၅) ရက်နေ့တွင် ကျိုက်မရောမြို့ရှိ ရန်မျိုးအောင်ရပ်ကွက်နှင့် ဘိန်းဗျောကျေးရွာ အုပ်စု နန်စမ်းကျေးရွာနှင့် ပိန်းနဲကုန်းကျေးရွာတို့တွင် ပါတီဆိုင်ပုဒ်အသစ်များ စိုက်ထူ ခဲ့ကြပါသည်။
ပြည်နယ်ပါတီအတွင်းရေးမှူး သံဖြူဇရပ်မြို့နယ်ပါတီကော်မတီဝင်များ ပါတီဝင်များနှင့်တွေ့ဆုံ
သံဖြူဇရပ် အောက်တိုဘာ ၂၃
မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်နယ်ပါတီ အတွင်းရေးမှူးနှင့် ပြည်နယ်ပါတီကော်မတီဝင်များသည် အောက်တိုဘာလ ၂၃ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် သံဖြူဇရပ်မြို့နယ် ပြည်ခိုင်ဖြိုးရုံး၌ မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက်နှင့်ကျေးရွာများမှ စည်ရုံးရေးမှူးများ နှင့်တွေ့ဆုံခဲ့သည်။
မုဒုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ “မြတ်မေတ္တာ” ကုသိုလ်ဖြစ် အခမဲ့ဆေးကုခန်းအတွက် အလှူငွေလှူဒါန်း
မွန်ပြည်နယ် မုဒုံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးကျော်ကျော်လွင် ၊ မြို့နယ် အတွင်းရေးမှူးနှင့် မြို့နယ်ကော်မတီဝင်များသည် ယနေ့ အောက်တိုဘာလ (၂၀) ရက်နေ့ နံနက် (၀၉း၀၀) နာရီချိန်တွင် ကမာဝက်မြို့ ရှမ်းစုရပ်ရှိ အောင်တော်မူကျောင်းထိုင်ဆရာတော်မှ ဦးစီးဦးဆောင် တည်ထောင် ထားသည့် ” မြတ်မေတ္တာ” ကုသိုလ်ဖြစ် အခမဲ့ဆေးကုခန်းအတွက် ငွေပဒေသာပင် (၁) သိန်းကျပ်ကို ဆရာတော်ထံသို့ ဆက်ကပ်လှူဒါန်းခဲ့သည်။
ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ လူငယ်ရေးရာ လုပ်ငန်း အစည်းအဝေးကျင်းပ
မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်ရေးရာ ကော်မတီအစည်အဝေးကို ယမန်နေ့ အောက်တိုဘာ ၁၉ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီရုံးအစည်းအဝေးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့ ပြည်နယ်ပါတီအတွင်းရေးမှူး ဦးဝင်းမော်ဦး၊ ပြည်နယ်လူငယ်ရေးရာတာဝန်ခံ ဒေါက်တာတိုးတိုးအောင်၊ မွန်ပြည်နယ် ၁၀ မြို့ နယ်၊ ခရိုင် ၂ ခရိုင်မှလူငယ်ရေးရာ တာဝန်ခံများ တက်ရောက်ကြကြောင်း သိရသည်။
ပြည်ခိုင်ဖြိုးပါတီ ခရိုင်/မြို့နယ် ရပ်/ကျေး ပါတီအလုပ်အမှုဆောင်များ တွေ့ဆုံ
ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင်၊ မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးအောင်ကြည်သိန်းသည် သထုံမြို့ ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ သထုံခရိုင်၊ မြို့နယ်၊ ရပ်/ကျေးပါတီအမှုဆောင်များနှင့် ၁၄.၁၀.၂၀၁၇ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် တွေ့ဆုံခဲ့ပါသည်။
ပထမဦးစွာ ပြည်နယ်ပါတီဥက္ကဌမှ စည်းရုံးရေးဆိုင်ရာကိစ္စများအား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး ခရိုင်/မြို့နယ်၊ ရပ်/ကျေးများမှ တင်ပြဆွေးနွေးမှုအပေါ် ပြည်လည်ဖြည့်စွက် ရှင်းလင်းခဲ့ပြီး နေ့လည် ၁း၀၀ နာရီအချိန်တွင် တွေ့ဆုံပွဲအခမ်းအနား ပြီးဆုံးခဲ့ကြောင်း သိရှိရပါသည်
ဘီးလင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ လပတ်အစည်းဝေး ပြုလုပ်
မွန်ပြည်နယ် ၊ဘီးလင်းမြိုနယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လပတ်အစည်းအဝေကို (၁၅.၁၀.၂၀၁၇)နေ့ နေ့လည်(၁၁:၀၀)နာရီချိန်တွင် မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ပါတီကော်မတီဝင် ဒေါက်တာခင်မောင်သွင်၊ တက်ရောက်ခဲ့သည်။
အဆိုပါအစည်းအဝေးတွင် ပြည်နယ်ကော်မတီဝင် ဒေါက်တာခင်မောင်သွင်မှာ ပါတီဝင်များနှင့်စဉ်ဆက်မပြတ်ထိတွေ့ရေး၊ ကွင်းဆင်းဆောင်ရွက်ကြရန်ပြောကြားကာ တက်ရောက်လာကြသော ရပ်ကျေးစည်းမှူးများမှ သိရှိလိုတာများအား ဆွေးနွေးတင်ပြခဲ့ကြသည်။ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြင့်ဆွေမှ ကော်မတီတစ်ဦးချင်း၏ရေးရာအလိုက် ကွင်းဆင်းဆောင်ရွက်ကြရန် မှာကြားခဲ့သည်။