ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ညီလာခံတက်ရောက်မည့်ကိုယ်စားလှယ်နှင့်တွေ့ဆုံခြင်း

ဦးသန်းဌေး ပဲခူးတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီကော်မတီဝင်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီညီလာခံ တက်ရောက်မည့်ကိုယ်စားလှယ်များနှင့်တွေ့ဆုံခြင်း

ဦးအောင်စိုး ပဲခူးခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ

• အခုလက်ရှိ ခရိုင်ဥက္ကဋ္ဌတာဝန်ဆို တော့ အရင်ပါတီမှာ ဘယ်အပိုင်းကဏ္ဍ ကနေတာဝန်ယူဆောင်ရွက်ခဲ့တယ်ဆိုတာ သိချင်ပါတယ်။
၁၉၉၃ ခုနှစ် ပြည်ခိုင်ဖြိုးအသင်း စဖြစ်ကတည်းက ပါဝင်ခဲ့ပါတယ်။ အဲဒီ အချိန်ကတည်းကနေစပြီး ခရိုင်အတွင်း ရေးမှူးတာဝန်ကိုယူခဲ့ရတာပါ။၂ဝ၁ဝရွေး ကောက်ပွဲအတွက်ပါတီကိုဖွဲ့စည်းတဲ့အချိန် မှာအတွင်းရေးမှူးတာဝန်ပါ။နောက်ထပ် ၂ဝ၁၅မှာအသစ်ပြန်လည်ဖွဲ့စည်းတဲ့ အချိန် မှာကိုယ့်ရဲ့ကော်မတီဝင်များကတင်မြှောက် လိုက်တဲ့အတွက်ကြောင့်ခရိုင်ဥက္ကဋ္ဌတာဝန် ကိုလျာထားခြင်းခံရတဲ့သူဖြစ်ပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီညီလာခံ တက်ရောက်မည့်ကိုယ်စားလှယ်များနှင့်တွေ့ဆုံခြင်း

ဦးဝင်းမြင့်အောင် ပဲခူးမြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ

• လက်ရှိမြို့နယ်ဥက္ကဋ္ဌတာဝန်ဆိုတော့ အရင်ကဘယ်အပိုင်းကဏ္ဍကနေ တာဝန် ယူဆောင်ရွက်ခဲ့တယ်ဆိုတာ သိချင်ပါ တယ်။
ကျွန်တော်က အသင်းဘဝက ၂ဝဝ၃ ကတည်းက ဒုတိယစည်းမှူးအနေနဲ့ စတင်ဝင်ရောက်ခဲ့တာပေါ့။ အဲဒီကနေ ၂ဝ၁ဝမှာ ပါတီဖွဲ့လိုက်တော့ မြို့နယ်ပါတီ ကော်မတီဝင်အနေနဲ့ ရွေးချယ်ခြင်းခံရ တယ်။ ၂ဝ၁၁မှာ ပါတီတွေပြန်လည်ဖွဲ့ စည်းတဲ့နေရာမှာ တွဲဖက်အတွင်းရေးမှူး ဖြစ်လာတယ်။၂ဝ၁၅-၂ဝ၁၆မှာ ပြန်ရွေး တဲ့အခါမှာ မြို့နယ်ဥက္ကဋ္ဌအဖြစ် အရွေး ချယ်ခြင်းခံရတယ်။ အောက်ခြေကနေ ဒုစည်းရုံးရေးမှူး၊စည်းရုံးရေးမှူး၊ မြို့နယ် ကော်မတီဝင်၊ မြို့နယ်ဥက္ကဋ္ဌအဆင့်ဆင့် ဖြတ်သန်းလာရတာပါ။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီညီလာခံ တက်ရောက်မည့် ကိုယ်စားလှယ်များနှင့်တွေ့ဆုံခြင်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပါတီညီလာခံကို မကြာမီကျင်းပတော့မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပါတီသည် ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အဆင့်အထိ မျက်နှာစုံညီအစည်းအဝေးများကျင်းပပြီး တိကျသောမူဝါဒ၊ ပွင့်လင်းမြင်သာသော ရွေးချယ် တင်မြှောက်မှုများနှင့်ပါတီအဆင့်ဆင့်ကိုရွေးချယ်ခဲ့ပါသည်။
၎င်းပါတီကော်မတီဝင်များက ညီလာခံသို့ တက်ရောက်ကြမည့်ကိုယ်စားကော်မတီများကိုလည်း သတ်မှတ်စည်းမျဉ်းစည်းကမ်းများအရ ရွေးချယ်ခဲ့ပြီး ဖြစ်ပါသည်။ ထိုရွေးချယ်ခံကိုယ်စားလှယ်များအား တွေ့ဆုံမေးမြန်းခဲ့မှုများကို တင်ပြအပ်ပါသည်။

ဦးလင်းထွန်း ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူးရန်ကုန်မြောက်ပိုင်းခရိုင်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပါတီညီလာခံကို မကြာမီကျင်းပတော့မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပါတီသည် ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အဆင့်အထိ မျက်နှာစုံညီအစည်းအဝေးများကျင်းပပြီး တိကျသောမူဝါဒ၊ ပွင့်လင်းမြင်သာသော ရွေးချယ် တင်မြှောက်မှုများနှင့်ပါတီအဆင့်ဆင့်ကိုရွေးချယ်ခဲ့ပါသည်။ ၄င်းပါတီကော်မတီဝင်များက ညီလာခံသို့ တက်ရောက်ကြမည့်ကိုယ်စားကော်မတီများကိုလည်း သတ်မှတ်စည်းမျဉ်းစည်းကမ်းများအရ ရွေးချယ်ခဲ့ပြီး ဖြစ်ပါသည်။ ထိုရွေးချယ်ခံကိုယ်စားလှယ်များအား တွေ့ဆုံမေးမြန်းခဲ့မှုများကို တင်ပြအပ်ပါသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီညီလာခံ တက်ရောက်မည့်ကိုယ်စားလှယ်နှင့်တွေ့ဆုံခြင်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ပါတီညီလာခံကို မကြာမီကျင်းပတော့မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပါတီသည် ရပ်ကွက်၊ ကျေးရွာ၊မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်အထိ မျက်နှာစုံညီအစည်းအဝေးများကျင်းပပြီး တိကျသောမူဝါဒ၊ ပွင့်လင်းမြင်သာသော ရွေးချယ်တင်မြှောက်မှုများနှင့် ပါတီအဆင့်ဆင့်ကိုရွေးချယ်ခဲ့သည်။ ၄င်းပါတီကော်မတီဝင်များက ညီလာခံသို့တက်ရောက်မည့် ကော်မတီဝင်များကိုလည်း သတ်မှတ်စည်းမျဉ်းစည်းကမ်းများအရ ရွေးချယ်ခဲ့ပြီး ဖြစ်သည်။ ထိုရွေးချယ်ခံကိုယ်စားလှယ်များမှ ဦးမင်းသိန်းထွန်းအား တွေ့ဆုံမေးမြန်းခဲ့မှုများကိုတင်ပြအပ်ပါသည်။

92444279-13082016

ဦးမင်းသိန်းထွန်းမရမ်းကုန်းမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ

(more…)


အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ပြည်တွင်းငြိမ်းချမ်းရေးအပေါ် ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်ပါတီအတွင်းရေးမှူး ဦးထွန်းဟန်၏အမြင်

67095474-14082016

ဦးထွန်းဟန်ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး

• ဒီအစည်းအဝေးကို တက်လာတာက အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည် တွင်းငြိမ်းချမ်းရေးကို အကောင်အထည် ဖော်ဖို့ပါ။ ဒီနေ့ဒီအချိန်မှာ အင်မတန်မှ အရေးကြီးတဲ့ကိစ္စလည်း ဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရကလည်း ၂၁ရာစုပင်လုံ ညီလာခံဆိုပြီးတော့ သွားနေတာဖြစ်ပါ တယ်။ လက်ရှိအစိုးရရဲ့ ၂၁ ရာစု ပင်လုံ ဆိုတာလည်း ဒို့တာဝန်အရေးသုံးပါးကို သွားနေတာလည်းဖြစ်ပါတယ်။ အရေး ကြီးဆုံးကတော့ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကို တည်ဆောက်နေတယ်လို့ ပဲမြင်ပါတယ်။ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကို တည်ဆောက်နိုင်မှ တိုင်း ပြည်ဖွံ့ဖြိုးတိုးတက်ရေးကို တည်ဆောက် နိုင်မှာဖြစ်တဲ့အတွက် ကျွန်တော်တို့ပါတီ က လုပ်တဲ့ ဒီအလုပ်ရုံဆွေးနွေးပွဲကို တက်ရောက်လာခြင်းပဲဖြစ်ပါတယ်။ (more…)


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီညီလာခံ တက်ရောက်မည့်ကိုယ်စားလှယ်နှင့်တွေ့ဆုံခြင်း

• အခုလက်ရှိ မြို့နယ်ဥက္ကဋ္ဌတာဝန် ဆိုတော့ အရင်ပါတီမှာ ဘယ်အပိုင်း ကဏ္ဍကနေ တာဝန်ယူဆောင်ရွက်ခဲ့တယ် ဆိုတာ သိချင်ပါတယ်။
ကျွန်မက ၁၉၉၃ ခုနှစ် အသင်းကြီး စကတည်းက အသင်းဝင်အဖြစ် ပါဝင်ခဲ့ တယ်။ လူမှုရေးလုပ်ငန်းတွေလုပ်ရင်းနဲ့ ပါလာတယ်။ အသင်းအဆင့်ဆင့်ကနေ ပါဝင်ရင်း အသင်းမှာ အမှုဆောင်တာဝန် ပေးခြင်းခံရတယ်။ ၂ဝ၁၂ ခုနှစ် ပြန်ရွေး ချယ်တဲ့အခါကျတော့ အဲ့ဒီအချိန်တုန်းက ကျွန်မတို့ရဲ့အတွင်းရေးမှူးက ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဆိုတော့ ကျွန်မ က မဲအများဆုံးရရှိခဲ့တယ်။ အဲဒီအချိန်မှာ ၂ဝ၁၂ စွန်းစွန်းမှာပဲ ကျွန်မရဲ့အတွင်းရေး မှူးက ဒုတိယဝန်ကြီးအဖြစ် တာဝန်ထမ်း ဆောင်တဲ့အခါကြတော့ ကျွန်မကိုအများ က နေပြီးတော့ တင်မြှောက်လိုက်တယ်။ အများဆန္ဒနဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူ လိုက်ရတယ်။

13906668_633886953447486_4207778105417233013_n

ဒေါ်စမ်းစမ်းဌေးဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ

(more…)