
မတ် ၄၊ ပုသိမ်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းသည် ၂၀၂၃ ခုနှစ်၊ မတ်လ ၄ ရက် နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ တိုင်းပါတီရုံးစည်းဝေးခန်းမတွင် တိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊ ပုသိမ်ခရိုင်၊ မြို့နယ်ဥက္ကဌ၊ အတွင်းရေးမှူး၊ ကော်မတီဝင်များ၊ ဌာနချုပ် သို့ သင်တန်းတက်ရောက်မည့် တိုင်းဒေသကြီးအတွင်း ၂၆ မြို့နယ်မှ သင်တန်းသားများနှင့် တွေ့ဆုံခဲ့ပါသည်။
















