နာရေးထောက်ပံ့ငွေပေးအပ်

ကျိုင်းတုံ ဖေဖော်ဝါရီ ၁၆

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံပြည်ခိုင်ဖြိုးပါတီပြည်နယ်အတွင်းရေးမှူး ဦးစိုင်းကျော်လှ ဦးဆောင်၍ ခရိုင်/မြို့နယ်ပါတီဥက္ကဌများ အတွင်းရေးမှူးများနှင့် ပါတီကော်မတီဝင်များလိုက်ပါ၍ ကွယ်လွန်သွားသော ကျိုင်းတုံမြို့နယ်ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်ဦးစိုင်းဆမ်တစ်နာရေးအိမ်သို့ သွားရောက်၍ နာရေးကူညီ ထောက်ပံ့ငွေများ အသီးသီးပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။


စည်းရုံးရေးမှူး ဆေးကုသစရိတ်ထောက်ပံ့

မိုင်းဖြတ် ဖေဖော်ဝါရီ ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်ပါတီကော်မတီ၀င် ဦးစိုင်းရီတစ်၊ မိုင်းဖြတ်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ စိုင်းစီလီ၀န်းတစ် ၊ အတွင်းရေးမှူးဒေါ်ပြည့်ပြည့်စုံ၊ အမျိုးသမီးရေးရာတာ၀န်ခံ ဒေါ်နန်းမျိုးမျိုးသက်၊ ဘဏ္ဍာရေးမှူး ဦးခင်ထွန်းတို့သည် (၁၆.၂.၂၀၂၃)ရက်နေ့ (၁၃:၀၀)နာရီအချိန်တွင်  ကျန်းမာရေး မကောင်းသဖြင့် မိုင်းဖြတ်မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူနေသော ဝမ်လုံးကျေးရွာအုပ်စုပါတီ စည်းရုံးရေးမှူး ဦးမောင်မောင် အား သွားရောက်တွေ့ဆုံကာ အားပေးစကား ပြောကြားခဲ့ပြီး ဆေးကုသစရိတ် ငွေကျပ် (၁၀၀၀၀၀)ကို ဆေးကုသစရိတ်အဖြစ် ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။

ကျောက်ဆည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ တိုင်း/မြို့နယ် လုပ်ငန်းညှိနှိုင်းအ‌စည်းအဝေးပြုလုပ်

ကျောက်ဆည် ဖေဖော်ဝါရီ ၁၆

ကျောက်ဆည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ဗဟို‌ကော်မတီ၀င်၊ မန္တလေးတိုင်းဒေသကြီး ပါတီဘဏ္ဍာရေးမှူး ဒေါ်သိင်္ဂီအောင်၊ မြို့နယ်ပါတီဥက္ကဌ ဦးစိုးစိုးထွန်း၊ မြို့နယ်ကော်မတီဝင်များ၊ အရံမြို့နယ် ကော်မတီဝင်များ၊ ပါတီအကြံပေးအဖွဲ့၀င်များနှင့် ယနေ့ နံနက် (၁၀) နာရီ အချိန်တွင် ပါတီလုပ်ငန်း ညှိနှိုင်း အစည်းအဝေးပြုလုပ်ခဲ့ပါသည်။


ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) တိုင်းပါတီအတွင်းရေးမှူး ဦးကျော်ကျော်လင်း ကျေးရွာပါတီဝင်များ နှင့် ကွင်းဆင်းတွေ့ဆုံ

၂၀၂၃ ဖေဖေါ်ဝါရီ ၁၆ ၊ ပြည်မြို့

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) တိုင်းပါတီအတွင်းရေးမှူး ဦးကျော်ကျော်လင်း သည် ယနေ့နံနက်ပိုင်းတွင် ပြည်မြို့နယ်၊ ရွှေမြှောင်းကျေးရွာရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်များနှင့် ရင်းနှီးစွာ တွေ့ဆုံ၍ ဒေသလိုအပ်ချက်များ တင်ပြမှုအပေါ်ဖြည့်ဆည်းပေါင်းစပ် ညှိနှိုင်းပေးခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်မြို့နယ်ပါတီ ဥက္ကဌ ဦးထွန်းထွန်းနိုင် အတွင်းရေးမှူး ဒေါ်မိုးမိုးစံ တို့ လိုက်ပါပြီး ပါတီဝင် အင်အား စီစစ်ခြင်းများပါဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် နယ်မြေကွင်းဆင်းညှိနှိုင်းဆောင်ရွက်

မိုင်းယန်း ဖေဖော်ဝါရီ ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယန်းမြို့နယ်၊ မိုင်းလွေကျေးရွာအုပ်စု၊ လောက်ကျန့်ကျေးရွာ ၏ ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်း လိုအပ်ချက်များကို ပါတီအရံဗဟိုကော်မတီဝင် ဦးစိုင်းလှိုင်ခမ်း ၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးစိုင်းဆမ်၊ ခရိုင်ပါတီအတွင်းရေးမှူး ဦးစိုင်းမွန်း တို့မှ ကျေးရွာ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းကြည့်ရှုပြီး လိုအပ်ချက်များ အား ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

တပ်ကုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မြို့နယ်လုပ်ငန်းညှိနှိင်းအစည်းအဝေးကျင်းပ

တပ်ကုန်း ဖေဖော်ဝါရီ ၁၄

နေပြည်တော် ပြည်ထောင်စုနယ်မြေ ဥတ္တရခရိုင် တပ်ကုန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လုပ်ငန်းညှိနှိင်းအစည်းအဝေးပွဲကျင်းပခဲ့ပါသည်။

အဆိုပါအစည်းအဝေးသို့ ပါတီဗဟိုကော်မတီဝင်. တပ်ကုန်းမြို့နယ်တာဝန်ခံ.ဦးကျော်ကျော်လတ် ဥတ္တရခရိုင် ပါတီဥက္ကဌ ဦးဝင်းဘို နှင့် ဥတ္တရခရိုင်ပါတီ အတွင်းရေးမှူးဦးခင်မောင်မိုး မြို့နယ်ပါတီ နာယကကြီး ဦးစု မြို့နယ်ပါတီ ဥက္ကဌ ဦးဇော်မျိုးသိန်းနှင့် မြိုနယ်ပါတီကော်မတီဝင်များစုံညီစွာ တက်ရောက်ခဲ့ကြပြီး.. ပါတီဝင်စိစစ်ရေးပြီးစီးမှု အခြေနေများ အမာခံပါတီဝင်ရွေးချယ်သတ်မှတ်ရေးလုပ်ငန်းအတွက် နယ်မြေကွင်းဆင်း ဆောင်ရွက်ရန် နှင့် လုံခြုံရေးအခြေနေများ  မြို့နယ် ဖွဲစည်းပုံကျစ်လစ်ခိုင်မာရေးနှင့် ပါတီလုပ်ငန်းအောင်မြင်ရေး …ကိစ္စ ရပ်များ ဆွေးနွေးတိုင်ပင်ဆုံးဖြတ်ခဲ့ကြပါသည်။

ပါတီဝင်အဖြစ် ကိုယ်တိုင်လာရောက်လျှောက်ထား

ကျိုင်းတုံ ဖေဖော်ဝါရီ ၁၅

(၁၅_၂_၂၀၂၃)နေ့နံနက်(၁၀:၀၀)နာရီတွင် ကျိုင်းတုံမြို့၊ ရပ်ကွက်(၅)တွင် နေထိုင်သူ ဦးစိုင်းရွက်ကျောက် (အထက်တန်းပြ/ငြိမ်း)မှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ အပေါ် စိတ်ပါဝင်စားနှစ်သက်သဖြင့် မိမိ သဘောဆန္ဒ အလျောက် ပါတီဝင်အဖြစ် မြို့နယ်ရုံးသို့ လူကိုယ်တိုင်လာရောက်လျှောက်ထား ဝင်ရောက်ခြင်းကို မြို့နယ်ပါတီဥက္ကဌ ဦးအောင်ကျော်မြင့် နှင့် မြို့နယ်ရုံးအုပ်ကြီး ဦးထွန်းရင် တို့မှ လက်ခံပြုလုပ်ပေးခဲ့ကြောင်း သိရှိပါသည်။

ပြည်ခိုင်ဖြိုးအသင်းကာလတွင် တာဝန်ထမ်းဆောင်ခဲ့ကြသော ဝါရင့် သက်ကြီးပုဂ္ဂိုလ်များအား ဂါဝရပြု တွေ့ဆုံပွဲ အခမ်းအနားကျင်းပ

ကျောက်ဆည်     ဖေဖော်ဝါရီ ၁၄

(၁၄-၂-၂၀၂၃)ရက်နေ့ (၀၉:၀၀) မှ (၁၁:၁၅) အချိန်ထိ ကျောက်ဆည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် ပြည်ခိုင်ဖြိုးအသင်းကာလက တာဝန်ထမ်းဆောင်ခဲ့သော သက်ကြီး စည်းရုံးရေးမှူးများနှင့် အမှုဆောင်များ၊ ပြည်ခိုင်ဖြိုးပါတီကာလ တာဝန်ထမ်းဆောင်ခဲ့ကြသော ဝါရင့်ပါတီဝင်များအား ဂါဝရပြု‌ တွေ့ဆုံပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ဗဟိုကော်မတီဝင် မန္တလေးတိုင်းဒေသကြီး ဘဏ္ဍာရေးမှူး ဒေါ်သီဂ်အောင်၊ ကျောက်ဆည် ခရိုင်ပါတီ ဥက္ကဌဦးအောင်မြင့်သန်း၊ မြို့နယ်ပါတီဥက္ကဌ ဦးစိုးစိုးထွန်းနှင့် ကော်မတီဝင်များ မှ ဝါရင့်အသင်းဝင်များ (၄၀) ဦးအား ဂါဝရပြုခဲ့ကြပြီး၊ လူငယ်ရေးရာ၊ အမျိုးသမီးရေးရာကော်မတီဝင်များ  စုစုပေါင်း (၅၆)ဦး တက်ရောက်ခဲ့ ကြပါသည်။

နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် ကော်မတီ အစည်းအဝေးကျင်းပ

 

ပေါင်းတည် ဖေဖော်ဝါရီ ၁၂

နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကော်မတီအဖွဲ့ အစည်းအဝေးကို ပေါင်းတည်မြို့နယ်၊ မြို့နယ်ပါတီရုံးတွင် ကျင်းပရာ မြို့နယ်ပါတီ ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းခိုင် နှင့်မြို့နယ်ကော်မတီဝင်များ တက်ရောက်ကြောင်း သိရှိရပါသည်။


ဘွဲ့နှင်းသဘင်အခမ်းအနားသို့ တက်ရောက်ချီးမြှင့်၍ အလှူငွေလှူဒါန်း

ကျိုင်းတုံ ဖေဖော်ဝါရီ ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ကျိုင်းတုံတက္ကသိုလ်၏ (၁၂)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားသို့  မြို့မိမြို့ဖများနှင့်အတူ  ပြည်နယ်ဘဏ္ဍာရေးမှူး ဒေါ်နန်းနော် နှင့် အတူ ပြည်နယ်စည်းရုံးရေး တာဝန်ခံ ဦးစိုင်းဟွမ်နွဲတို့မှ တက်ရောက်ချီးမြင့်ခဲ့ကြပြီး  ဘဏ္ဍာရေးမှူး ဒေါ်နန်းနော် နှင့် စည်းရုံးရေးတာ၀န်ခံ ဦးစိုင်းဟွမ်နွဲ တို့မှ ကျိုင်းတုံတက္ကသိုလ် ပါမောက္ခချုပ်ထံသို့  အလှူငွေများ ပေးအပ်လှူဒါန်းပေးခဲ့ကြောင်း သိရှိရပါသည်။