ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ပြည်ခရိုင်၊ ပြည်မြို့နယ်၊မြို့နယ်ကော်မတီအစည်းဝေးကျင်းပ

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ပြည်ခရိုင်၊ ပြည်မြို့နယ်၊မြို့နယ်ပါတီ ကော်မတီအစည်းအဝေးကို မြို့နယ် ပါတီရုံးအစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ရာ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင် နှင့်ကော်မတီဝင်များတက် ရောက်ကြပါသည်။ အဆိုပါအစည်းအဝေးသို့ တိုင်းပါတီ အတွင်းရေးမှူးဦးကျော်ကျော်လင်း၊ တိုင်းပါတီကော်မတီ ဝင် ‌ဦးမျိုးအောင် ၊ ဦးထွန်းထွန်းဦး နှင့် ပြည်ခရိုင်ပါတီ ဥက္ကဌ ဒေါ်ဆွေဆွေသင်း တို့တက်ရောက်ပြီး  ပါတီလုပ်ငန်းစဉ် များ ညှိ့နှိုင်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါ သည်။

ဆေးရုံတက်ရောက်၍ ဆေးကုသမှုခံယူနေသော မြို့နယ်ဥက္ကဋ္ဌအားသွားရောက် တွေ့ဆုံအားပေးစကားပြောကြားပြီး အာဟာရစားသောက်ဖွယ်ရာများပေးအပ်

ပြည်ခရိုင် ၊ရွှေတောင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးခင်အောင်ဝင်း ကျန်းမာရေးအရ ဆေးကုသမှုခံယူ နေကြောင်း သိရှိရသည့်အတွက် ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)တိုင်းပါတီ အတွင်းရေးမှူး  ဦးကျော်ကျော်လင်း ၊ တိုင်းပါတီကော်မတီဝင်  ဦးထွန်းထွန်းဦး ၊ပြည်ခရိုင် ပါတီဥက္ကဌ ဒေါ်ဆွေဆွေသင်း တို့ သွားရောက် တွေ့ဆုံအားပေး စကားပြောကြားပြီး အဟာရစားသောက်ဖွယ်ရာများပေးအပ်ခဲ့ပါသည်။


ပြည်ခိုင်ဖြိုးပါတီမှ ဘုရားပြုပြင်မွမ်းမံရန်အတွက် အလှူငွေနှင့်ဘိလပ်မြေအိတ်များလှူဒါန်း

(၁၂-၁-၂၀၂၃)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်တွင် စဉ့်ကိုင်မြို့နယ်၊ကံသစ်ကျေးရွာအုပ်စု၊ကန်သစ်ကျေးရွာရှိ လေးမျက်နှာဘုရား ပြုပြင်မွမ်းမံရန်အတွက် ဘုရားပြုပြင်ရေးကော်မတီနှင့်ဒေသခံပြည်သူများ၏ အကူအညီ တောင်းခံမှု အရ ပြည်ခိုင်ဖြိုးပါတီမှ အလှူငွေနှင့်ဘိလပ်မြေအိတ်များ သွားရောက်လှူဒါန်းခဲ့ပါသည်။ လှူဒါန်းပွဲအား လေးမျက်နှာဘုရားဓမ္မာရုံတွင်ပြုလုပ်ခဲ့ပြီး လှူဒါန်းပွဲသို့ မန္တလေးတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီ၊ ဘဏ္ဍာရေးမှုး ဒေါ်သိင်္ဂီအောင်၊ကျောက်ဆည်ခရိုင်ဘဏ္ဍာရေးမှုးဒေါ်ခင်နွယ်မြင့်၊စဉ့်ကိုင်မြို့နယ်ဥက္ကဌဦးထွန်းထွန်းနိူင်နှင့်ကော်မတီဝင်များ၊ရပ်/ ကျေးပါတီကော်မတီဝင်များ၊ လေးမျက်နှာဘုရားပြုပြင်ရေး ကော်မတီဝင်များ၊ရပ်မိ/ရပ်ဖများ၊ ဒေသခံ ပြည်သူများတက်ရောက်ခဲ့ကြပါသည်။ လှူဒန်းပွဲတွင် တိုင်းဒေသကြီးပါတီဘဏ္ဍာရေးမှုး ဒေါ်သိင်္ဂီအောင်နှင့် စဉ့်ကိုင် မြို့နယ် ဥက္ကဌဦးထွန်းထွန်းနိူင်တို့က လှူဒါန်းရခြင်းရည်ရွယ်ချက်နှင့်ပြည်ခိုင်ဖြိုးပါတီမှ အမျိုး ဘာသာ၊သာသနာ ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရေးဆောင်ရွက်မှုများအား ရှင်းလင်းပြောကြားခဲ့ပါသည်။၎င်းနောက် လေးမျက်နှာ ဘုရားပြုပြင်မွမ်းမံရန်အတွက် ဘုရားပြုပြင်ရေးကော်မတီထံသို့ ပြည်ခိုင်ဖြိုးပါတီဝင်များမှလှူဒါန်းငွေ(၂)သိန်း ကျပ်နှင့်ပထမအကြိမ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီမှလှူဒါန်းသည့်ဘိလပ်မြေ(၁၅)အိတ်တို့ကို ပေးအပ်လှူဒါန်းခဲ့ပါသည်။ လှူဒါန်းပွဲအပြီးတွင်တက်ရောက်လာသူများအား ၂၀၂၃ ခုနှစ်၊ပြည်ခိုင်ဖြိုးပါတီ ပြက္ခဒိန် များနှင့် ထမင်းဘူးများလက်ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

စဉ့်ကူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ကျေးရွာ ရပ်မိ/ဖများနှင့် တွေ့ဆုံခြင်း

(၁၂.၁.၂၀၂၃)ရက်နေ့ နေ့လည်(၁၂)နာရီမှ (၁း၃၀)နာရီအချိန်ထိ စဉ့်ကူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မြို့နယ် ပါတီဥက္ကဌ ဦးဝင်းဆွေနှင့်မြို့နယ်ပါတီကော်မတီဝင် ဦးမောင်ကျော်တို့သည် ထုံးကြီးကျေးရွာအုပ်စု စားကျက်ကလေး ကျေးရွာသို့ သွားရောက်ခဲ့ပြီး ဒေသခံပါတီဝင်များ ရပ်မိ/ဖများ ပါတီဝန်းရံသူများနှင့်တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံပွဲတွင် မြို့နယ်ပါတီဥက္ကဌ ဦးဝင်းဆွေမှ တက်ရောက်လာသူများအား ၂၀၂၃ရွေးကောက်ပွဲတွင် ကျင့်သုံးမည့် PRစနစ် အကြောင်း ရှင်းလင်းခြင်း။ ယခု ပြည်ခိုင်ဖြိုးပါတီမှ လုပ်ဆောင်နေသည့် လုပ်ငန်းစဉ်များ ရှင်းလင်းခြင်း။ ပါတီဝင်အသစ်များတိုးပွားရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ပေးကြပါရန် ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်ထောင်စုနယ်မြေ ခရိုင်သစ်ဖွင့်ပွဲနှင့် ခရိုင်ပါတီဆိုင်းဘုတ် တင်ပွဲ ကျင်းပ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ  ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ခရိုင်သစ်ဖွင့်ပွဲနှင့် ခရိုင် ဆိုင်းဘုတ် တင်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။  အဆိုပါ ခရိုင်သစ်ဖွင့်ပွဲနှင့် ဆိုင်းဘုတ် တင်ပွဲကို ယနေ့ မနက် ၉ နာရီအချိန်၌ ပုဗ္ဗသီရိမြို့နယ် ပါတီရုံးတွင်လည်းကောင်း၊ နံနက် ၁၀:၃၀ အချိန်တွင် ဥတ္တရသီရိမြို့နယ်ပါတီရုံး၌ လည်းကောင်း ဖွင့်လှစ်ခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စုနယ်မြေဥက္ကဌဦးလှဆွေနှင့်အတူ မြို့နယ်အလုပ် အမှု့ဆောင် ကော်မတီဝင်များ၊ ခရိုင်း/တိုင်း ကော်မတီဝင်များ လုပ်ငန်းညှိနိုင်းအစည်းအဝေး ကျင်းပခဲ့ကြသည်။ ၄င်းခရိုင်သစ်ဖွင့်ပွဲနှင့် ဆိုင်းဘုတ်တင်ပွဲသို့ ပြည်ထောင်စုနယ်မြေဥက္ကဌဦးလှဆွေ နှင့်အတူတိုင်းပါတီ နာယကများ ၊ တိုင်းအတွင်းရေးမှုးနှင့် တိုင်းခရိုင်မြို့နယ်ကော်မတီဝင်များ အင်အား ၅၅ ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။

ပဲခူးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ အုတ်တွင်းမြို့နယ်တွင် စကားဝိုင်းဆွေးနွေးပွဲကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တောင်ငူခရိုင် အုတ်တွင်းမြို့နယ်အတွင်းရှိ ပါတီ တာဝန်ရှိသူများနှင့် ဇန်နဝါရီလ ၁၁ ရက်နေ့ မွန်းလွဲပိုင်းက စကားဝိုင်းဆွေးနွေးပွဲအားကျင်းပပြုလုပ်ခဲ့သည် ။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲစကားဝိုင်းသို့ ပါတီ၏ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဌ ဦးရဲမြင့်ထွန်းနှင့် တိုင်းပါတီကော်မတီဝင်များ ၊ တောင်ငူခရိုင်ပါတီဥက္ကဌနှင့်ခရိုင်ပါတီတာဝန်ရှိသူများ ၊ အုတ်တွင်းမြို့နယ်ပါတီ ဥက္ကဌနှင့် မြို့နယ်ကော်မတီဝင်များ ၊ ရပ်ကွက်/ ကျေးရွာအုပ်စုများရှိပါတီဝင်များ အမျိုးသမီးများ ၊ လူငယ်များမှ တက်ရောက်ဆွေးနွေးခဲ့သည် ။

ပြည်ထောင်စုနယ်မြေပြည်ခိုင်ဖြိုးပါတီမှ ဒဏ္ခိဏသီရိမြို့နယ်အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ရန်အောင်မြင် ကျေးရွာ ပညာရေးစုံညီပွဲတော် အခမ်းအနားသို့ တတ်ရောက်ဆုချီးမြှင့်

ပြည်ထောင်စုနယ်မြေ နေပြည်တော်  ဒဏ္ခိဏသီရိမြို့နယ် ရန်အောင်မြင်ကျေးရွာ အခြေခံပညာအထက်တန်း ကျောင်းခွဲ ပညာရေးစုံညီပွဲတော် အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါအခမ်းအနားသို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်ထောင်စုနယ်မြေပါတီဥက္ကဌ ဦးလှဆွေ ဒဏ္ခိဏသီရိ မြို့နယ်ပါတီ ဥက္ကဌ ဦးဂျိုးဇတ်၊ မြို့နယ်အမျိုးသမီးတာဝန်ခံ နှင့်အတူ မြို့နယ်ကော်မတီဝင်များ တက်ရောက်၍ ဆုများအသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြကြောင်း သိရပါသည်။

ပြည်နယ်ဥက္ကဋ္ဌနှင့်လင်းခေးခရိုင်အတွင်းရှိ မြို့နယ်ပါတီဥက္ကဋ္ဌများ၊ကော်မတီဝင်များနှင့်

ရှမ်းပြည်နယ်(​တောင်ပိုင်း)ပါတီဥက္ကဌ ဦးစိုင်းလုံကျော်နှင့်အတူပြည်နယ်ကော်မတီဝင်များဖြစ်ကြသည့် ဒေါ်ဝါဝါထွေး၊ ဒေါ်နန်းဆိုင်နွမ်း၊ ဦးစိုင်းစံဝင်း တို့သည် လင်း​ခေးခရိုင်ပါတီရုံးတွင်လင်း​ခေးခရိုင်ဥက္ကဌနှင့်​ကော်မတီဝင်များ၊လင်း​ခေးမြို့နယ်၊မိုင်းပန်မြို့နယ်​၊မောက်မယ်မြို့နယ်များမှဥက္ကဌနှင့်​ကော်မတီဝင်များ အား​တွေ့ဆုံခဲ့ပါသည်။ ရှေးဦးစွာ ပြည်နယ်ပါတီဥက္ကဌဦးစိုင်းလုံကျော်​ကဗဟိုပါတီဥက္ကဌ၏ လုပ်ငန်းလမ်းညွှန်ချက် များအား ဆွေးနွေးခြင်း ရက် ၉၀ စီမံချက်နှင့်စပ်လျဥ်း၍ မြို့နယ်များမှ​အချက်(၁၇)ချက်အ​ပေါ်ဆောင်ရွက်ပြီးစီးမှုအ​ခြေအ​နေများကိုညှိနှိုင်း​ဆွေး​နွေးခြင်း၊အသွင်သစ်ဆက်ဆံ​ရေး၊ပါတီဟောင်းများနှင့်မိသားစုဝင်များ​တွေ့ဆုံ​ရေး၊mediaကဏ္ဍမှ​ဆောင်ရွက်ရမည် ကိစ္စများ​ဆွေး​နွေးခြင်း၊မြို့နယ်အလိုက် viber group များချိတ်ဆက်နိုင်ရေး ဆောင်ရွက်​ပေးခြင်း ၊လာမည့် ရွှေးကောက်ပွဲတွင်PR အချိုးကျကိုယ်စားပြုစနစ်ကျင့်သုံးမည့် ကိစ္စ၊၂၀၂၃ခုနှစ်​ရွှေး​ကောက်ပွဲကျင်းပနိုင်မည်အ​ခြေအ​နေတို့အား ဆွေးနွေးခဲ့ပါသည်။