စစ်တွေမြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ရက်(၉၀)စီမံချက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီက မြို့နယ်ပါတီ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။ အဆိုပါ အစည်းအဝေးအခမ်းအနား တွင် တတိယအကြိမ်ပါတီ ညီလာခံ အတွေ့အကြုံအား ရှင်းလင်းပြောကြားပြီး မြို့နယ်ပါတီ၏ ရက်(၉၀)အတွင်း လုပ်ဆောင်ရမည့် ပါတီလုပ်ငန်းစီမံချက်များကို အပြန်အလှန် ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။
ရက်(၉၀)စီမံချက်အကောင်အထည်ဖော်ဆောင်ရွက်ရန် ညှိနှိုင်းအစည်းအဝေးပြုလုပ်
ရှမ်းပြည်နယ်၊မြောက်ပိုင်း၊ ကျောက် မဲမြို့၊မြို့နယ်ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များသည်ရက်(၉၀) စီမံချက် အကောင်အထည်ဖော်ဆောင်ရေး နှင့်ပက်သက်ပြီး အကောင်အထည်ဖော်ဆောင်ရွက်ရန် ညှိနိုင်းဆွေးနွေးခဲ့ကြ ကြောင်းသိရှိရပါသည်။
သပိတ်ကျင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး
သပိတ်ကျင်းမြို့နယ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂၄-၁၁-၂၀၂၂)ရက်နေ့ ညနေ (၃)နာရီအချိန်တွင် သပိတ်ကျင်း မြို့နယ် (၇)မိုင်ကျေးရွာ ရပ်/ ကျေးဥက္ကဌဦးခင်မောင်သိန်းနေအိမ်တွင် သပိတ်ကျင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ရာ သပိတ်ကျင်းခရိုင်ကော်မတီဝင် ဦးကျော်ဇော၊သပိတ်ကျင်းမြို့နယ် ဥက္ကဌ ဦးထွန်းတင့်နှင့်ကော်မတီဝင်များ၊ရပ်/ ကျေးပါတီဥက္ကဌများတက်ရောက်ခဲ့ကြပြီး လာမည့်ရွေးကောက်ပွဲတွင် ပြုလုပ်မည့် PR စနစ်အကြောင်းရှင်းလင်းဆွေးနွေးခြင်း၊ ရက်(၉၀)စီမံချက်ပါလုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်ရေးကိစ္စများရှင်းလင်းခြင်း၊ ပါတီဝင်အင်အားစီစစ်ရေး၊ ပါတီဝင်အသစ်နှင့်ပါတီဝန်းရံအင်အား တိုးချဲ့ စည်းရုံးရေး ကိစ္စရပ်များ၊ လူငယ်/အမျိုးသမီးကဏ္ဍစကားဝိုင်း ဆွေးနွေးပွဲများစဉ်ဆက်မပြတ် ပြုလုပ်ရေး လုပ်ငန်းစဉ်များဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများမှလည်းသိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေး ခဲ့ကြပါသည်။
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးစန်းမင်းနှင့် နယ်မြေ တာဝန်ခံ ဦးဝဏ္ဏထွန်းတို့သည် လပွတ္တာမြို့နယ် ကုက္ကိုကျေးရွာအုပ်စု မြစ်ပေါက်ကျေးရွာအုပ်စု ဘုန်းကြီး ကုန်းကျေးရွာအုပ်စု ဆားချက်ကျေးရွာအုပ်စုများသို့၂၁.၁၁.၂၀၂၂ မှ ၂၂.၁၁.၂၀၂၂အထိကွင်းဆင်း၍ ကျေးရွာအုပ်စုပါတီကော်မတီများ ပါတီဝင်များ ပါတီဝန်းရံသူများနှင့်တွေ့ဆုံ
တွေ့ဆုံပွဲတွင် မြို့နယ်အတွင်းရေးမှူး ဦးစန်းမင်းမှ (၃) လတာ ကာလ ရက် (၉၀) စီမံချက်ပါ ပါတီ လုပ်ငန်းစဉ် များ ရှင်းလင်းခြင်း၊ အသွင်သစ်ဖြင့်ဆက်ဆံရေး ” ဟူသောဆောင်ပုဒ်ကို ကိုင်စွဲ၍ ပထမရက် (၉၀)စီမံချက်ကာလပြင်ဆင်ဆောင်ရွက် နေမှု အခြေအနေများ၊ပါတီ၏မူဝါဒသဘောများ၊ ပါတီဝင်အင်အား စာရင်းစိစစ်ခြင်း၊ပါတီဝင်အသစ်တိုးပွားရေး၊ပါတီဝန်းရံထောက်ခံသူများ စုဆောင်းရေး မြေပြင်ပါတီဝင်များ အားလုံး၏စာရင်းအမှန်ရရှိရေး စုဖွဲ့ထားမှုအခြေနေများ ဗဟိုဌာနချုပ် ၊ တိုင်းဒေသကြီး ၊ ခရိုင်ပါတီများ ၏လုပ်ငန်းလမ်းညွန်ချက်များအား ဆွေးနွေးခဲ့ပြီး မြို့နယ်ပါတီကော်မတီဝင် နယ်မြေတာဝန်ခံ ဦးဝဏ္ဏထွန်း မှရွေးကောက်ပွဲစနစ်(PR)အားရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။
ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် စစ်ပင်ရပ်ကွက် ရေနွေးကြမ်းစကားဝိုင်းသို့ ဗဟိုကော်မတီဝင် တက်ရောက်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် အရှေ့ပိုင်း မြို့နယ် စစ်ပင်ရပ်ကွက်တွင် ယနေ့ နံနက်ပိုင်းက ရပ်ကွက်နေပြည်သူများနှင့် ပြည်ခိုင်ဖြိုးပါတီ တာဝန်ရှိ သူများ တွေ့ဆုံကာ ရေနွေးကြမ်းစကားဝိုင်း ပြုလုပ်ရာသို့ ဗဟိုကော်မတီ ဒေါ်အေးအေးမြင့် တက်ရောက် ဦးဆောင် ဆွေး နွေးခဲ့သည်။
ပဲခူးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ၏ တိုင်းဒေသကြီးပါတီဥက္ကဌ သနပ်ပင်မြို့နယ်ရှိပါတီဝင်များအား ကွင်းဆင်းတွေ့ဆုံ
ရွှေပြည်သာ မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ အမျိုးသမီးရေးရာလှုပ်ရှားမှု့အဖြစ်ဝတ်ရွတ်ပူဇော် ပွဲ ကျင်းပ
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် ညနေ (၁၅ : ၀၀ မှ ၁၇: ၃၀) နာရီအထိ ဝတ်ရွတ်ပူဇော်ခြင်းအား ဗဟိုနှင့်တိုင်းပါတီကော်မတီဝင် ၊ မင်္ဂလာဒုံနယ်မြေတာဝန်ခံ ဦးတင်မောင်ဝင်း၊ ဗဟိုနှင့်တိုင်းပါတီကော်မတီဝင် အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်စန်းစန်းဝင်းနှင့် ခရိုင်ပါတီ ဥက္ကဌ ဦးမျိုးမင်းနိုင်တို့၏ဦးဆောင်လမ်းညွှန်မှု့တို့ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ ဝတ်ရွတ် ပူဇော်ပွဲတွင် မင်္ဂလာဒုံခရိုင်အတွင်းရေးမှုး၊ အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်ချမ်းမြအေး၊ ခရိုင်ပါတီ ဘဏ္ဍာရေးမှုး၊ ရွှေပြည်သာမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ယာယီဥက္ကဌ ဦးထွန်းထွန်းဦးနှင့် မြို့နယ် အမျိုးသမီး ရေးရာ တာဝန်ခံဒေါ်တင်တင်ထွေးတို့မှ ကြီးကြပ်၍မြို့နယ်အမျိုးသမီးရေးရာ ကော်မတီဝင်များနှင့် ဝတ်ရွတ်ပူဇော်ခြင်းအခမ်းအနားကိုကျင်းပပြုလုပ်ခဲ့ကြောင်းသိရပါသည်။ ရွှေပြည်သာ USDP
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင် (၅)ခရိုင်၊ မြို့နယ် ၁၁ မြို့နယ်မှ ပါတီတာဝန်ရှိသူများနှင့် Zoom Meeting ပြုလုပ်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ဗဟိုအလုပ်အမှုဆောင် ဦးမြင့်စိုးနှင့်အတူ ၂၁ ရက်နေ့အစည်းအဝေးတွင် လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် လူကိုယ်တိုင်မတက်ရောက် နိုင်သည့် ကျန်ရှိသော စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင် (၅)ခရိုင်၊ မြို့နယ် (၁၁)မြို့နယ်မှ ပါတီတာဝန် ရှိသူများအား Zoom Meeting ဖြင့် တွေ့ဆုံဆွေးနွေးမှုကို ၂၂-၁၁-၂၀၂၂ ရက်နေ့ ညနေ ၁၅၄၅ အချိန်မှ ၁၇၀၀ အချိန်ထိ တိုင်းဒေသကြီးပါတီရုံးခန်းမ၌ ထပ်မံပြုလုပ်ခဲ့ပါသည်။
လားရှိုး၊ခရိုင်နှင့်မြို့နယ်၊လုပ်ငန်းညှိနိုင်းအစည်းအဝေးကျင်းပ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်နယ်ရုံး၌ ပြည်နယ်ပါတီအတွင်းရေးမှူး ဒေါက်တာလဆိုင်း၊ ဦးဆောင်ပြီး ၂၀၂၂ ခုနှစ် နိုဝင်ဘာလ(၂၃)ရက်နေ့ နံနက် (၁၀) နာရီအချိန်တွင် လားရှိုးခရိုင်ပါတီအဖွဲ့ဝင် များ၊ လားရှိုးမြို့နယ်ပါတီအဖွဲ့ဝင်များ၊ရပ်ကျေးပါတီစည်းရုံးရေးမှူးများနှင့်တွေ့ဆုံပြီး ရက်(၉၀) စီမံချက် အကောင်အထည်ဖော်နိုင်ရေးကိစ္စ၊ PR ကဏ္ဍ၊ မီဒီယာကဏ္ဍများအား အသေးစိတ် ဆွေးနွေးညှိနိုင်း ဆောင်ရွက်ခဲ့ကြပါသည်။အစည်းအဝေးကို မွန်းလွဲပိုင်း(၁) နာရီတွင် ရုတ်သိမ်းခဲ့ကြောင်း သိရပါသည်။
စာဆိုတော်နေ့အထိမ်းအမှတ် သက်ကြီးစာပေပညာရှင်များပူဇော်ပွဲနှင့် စာကြည့်တိုက်နှစ်ပတ်လည်နေ့ အခမ်းအနားအား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ၊မှော်ဘီခရိုင်မှ တက်ရောက်အားပေး
မှော်ဘီမြို့နယ်စာရေးဆရာအသင်းနှင့် မော်ပီဆရာသိန်းစာကြည့်တိုက်မှ ကြီးမှူးကျင်းပသော စာဆိုတော် နေ့ အထိမ်းအမှတ် သက်ကြီးစာပေပညာရှင်များ ပူဇော်ပွဲနှင့် စာကြည့်တိုက်နှစ်ပတ်လည်နေ့ အခမ်းအနား အား ယနေ့နံနက် (၉)နာရီတွင် မော်ပီဆရာသိန်း စာကြည့်တိုက်၌ ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ သက်ဆိုင်ရာမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ရပ်မိရပ်ဖများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးဖွံ့ဖြိုးရေးပါတီ၊ မှော်ဘီခရိုင် ဥက္ကဌ ဦးအေးလွင်နှင့် မှော်ဘီမြို့နယ် ပါတီကော်မတီဝင်များ တက်ရောက်ကြပါသည်။