
ပေါက်ခေါင်း မတ် ၂၄
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိန်းသည်(၂၄.၃.၂၀၂၃)ရက် နေ့လည် (၁၂:၃၀) နာရီတွင်ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပေါက်ခေါင်းမြို့နယ်၊ ပါတီရုံးအစည်းအဝေးခန်းမ၌ မြို့နယ်ပါတီ တာဝန်ရှိသူများ၊ ရပ်ကျေးစည်းမှူးများ၊ ပါတီဝန်ရံသူများ၊ မြို့မိမြို့ဖများ၊ လူငယ်နှင့် အမျိုးသမီးအဖွဲ့များနှင့် တွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံပွဲတွင် ပါတီဒုတိယဥက္ကဋ္ဌမှ ယခုလိုလာရောက်ရခြင်းမှာ မျိုးဆက်သစ်များအတွက် ကောင်းသောအမွေ၊ ကောင်းသောအရာများကို ထားခဲ့လို၍ဖြစ်ကြောင်း၊လူငယ်များအတွက်ကောင်းမွန်သောလမ်းခင်းပေးရမည်၊































