မှော်ဘီခရိုင်တွင်း လူငယ်နှင့် အမျိုးသမီးများ တွေ့ဆုံဆွေးနွေးပွဲကျင်းပ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ မှော်ဘီခရိုင်မှ လူငယ်၊ အမျိုးသမီးများတွေ့ဆုံညှိနှိုင်း အစည်းအဝေးအား ယနေ့ နေ့လည် (၁)နာရီတွင် မှော်ဘီခရိုင်ရုံး ၌ ကျင်းပရာ အခမ်းအနားသို့ မှော်ဘီခရိုင် ဥက္ကဌ ဦးအေးလွင်၊ မှော်ဘီခရိုင်အတွင်းရေးမှူး ဦးသန်းလွင်နှင့် မှော်ဘီခရိုင် ကော်မတီဝင်များ၊ မှော်ဘီမြို့နယ်နှင့် ထန်းတစ်ပင်မြို့နယ် တို့မှ လူငယ်တာဝန်ခံများ ၊ အမျိုးသမီး တာဝန်ခံများ တက်ရောက်ကြ ပါသည်။

ညောင်ဦးမြို့နယ်ပြည်ခိုင်ဖြိုးပါတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

(၂၈-၁၁-၂၀၂၂)ရက်နေ့ နံနက်(၁၀)နာရီအချိန်တွင် ညောင်ဦးမြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံး၌ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ရာ ညောင်ဦးခရိုင်ပါတီဥက္ကဌ ဒေါ်မြသန္တာဦးနှင့် ကော်မတီဝင်များ၊ ညောင်ဦးမြို့နယ် ဥက္ကဌဦးအောင်ဌေးနှင့် ကော်မတီဝင်များတက်ရောက်ခဲ့ပြီးရက်(၉၀)စီမံချက်ပါ လုပ်ငန်းစဉ်များအကောင်အထည် ဖော် ဆောင်ရွက်ရေး ကိစ္စများရှင်းလင်းခြင်း၊ ပါတီဝင်အင်အားစီစစ်ရေး၊ ပါတီဝင်အသစ်နှင့်ပါတီဝန်းရံအင်အား တိုးချဲ့စည်းရုံးရေးကိစ္စရပ်များ၊ လူငယ်/အမျိုးသမီးကဏ္ဍ စကားဝိုင်းဆွေးနွေးပွဲများ စဉ်ဆက်မပြတ်ပြုလုပ်ရေး လုပ်ငန်းစဉ်များဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများမှလည်းသိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေး ခဲ့ကြပါသည်။

နယ်မြေကွင်းဆင်း၍ရှေ့လုပ်ငန်းစဉ်များ နှင့်PRစနစ် အကြောင်းရှင်လင်းဆွေးနွေး

တပ်ကုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မှသစ်ဆိမ့်ပင် ကျေးရွာအုပ်စု | တဲမြင့်ကျေးရွာအုပ်စု၊ ကြိုးကြာအင်းကျေးရွာ အုပ်စု နှင့် ညောင်ငါးပင် တို့ရှိ ရပ်ကျေးပါတီကော်မတီ များ နှင့်ကွင်းဆင်းတွေ့ဆုံပြီးရှေ့လုပ်ငန်း စဉ်များညှိနှိုင်းခြင်း ဆောင်ရွက်ခဲ့ပါသည်။ ကွင်းဆင်းရာတွင်ဥတ္တရခရိုင်ပါတီ ဥက္ကဌ ဦးဝင်းဘို၊မြို့နယ်ပါတီ ဥက္ကဌ ဦးဇော်မျိုးသိန်းနှင့် မြို့နယ်  ပါတီကော်မတီ နယ်မြေတာဝန်ခံများ လိုက်ပါပြီး  ရှေ့လုပ်ငန်းစဥ်များ၊ PR စနစ်၏ အခြေခံ သဘောတရား များ ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီနှင့် ဂျပန်-မြန်မာ ချစ်ကြည် ရေးအသင်း ဥက္ကဋ္ဌ H.E. Mr. Hideo Watanabe တို့တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီနှင့် ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ H.E. Mr. Hideo Watanabe အား ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၂၈)ရက်နေ့ ၁၁၃ဝ နာရီတွင် ပါတီဌာနချုပ်၊ ဧည့်ခန်းမဆောင်၌ ချစ်ကြည်ရင်းနှီးစွာ လက်ခံတွေ့ဆုံခဲ့ပါသည်။

ကျောက်တံခါးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ကော်မတီလပတ်ပုံမှန်အစည်းအဝေးကျင်းပ

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီကော်မတီဝင် များ၏ လပတ်ပုံမှန်အစည်းအဝေးအား နိုဝင်ဘာလ ၂၄ ရက်နေ့က မြို့နယ်ပါတီရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင်မြို့နယ်ပါတီဥက္ကဌဦးဘုန်းမြင့်ဦးမှ လတ်တလောနယ်မြေကွင်းဆင်း ရာတွင် တွေ့ရှိခဲ့ရသောမြေပြင်ပါတီအခြေနေ လိုအပ်ချက် အားသာ အားနည်းချက်များအားပြောကြားရှင်းလင်းခဲ့ပြီး မြို့နယ်ပါတီအတွင်းရေးမှူးမှ မြို့နယ်ပါတီ၏စုဖွဲ့ထားရှိမှု ၊ ရပ်ကျေးပါတီ၏ပြန်လည်ဖွဲ့စည်းမှု ၊ တိုင်းပါတီ ဥက္ကဌ၏လုပ်ငန်းလမ်းညွန်မှု ၊ လှုပ်ရှားဆောင်ရွှက်နေမှု ၊မီဒီယာကဏ္ဍ နှင့် ညွန်ကြားချက်များ မြို့်ကော်မတီဝန်များ၏ နယ်မြေအလိုက်တာဝန်ယူထားသည့်နယ်မြေများ၏အခြေနေများအား ပြောကြားခဲ့သည် ။ ပြောကြားရှင်းလင်းချက် များအပေါ် တက်ရောက်လာကြသောမြို့နယ်ကော်မတီဝင်များမှ မြေပြင်အခြေနေစာရင်းများ ပြန်လည်စုဖွဲ့နေမှု အခြေနေများ ရက် ၉၀ လုပ်ငန်းစီမံချက်အားအကောင်အထည်ဖော်လုပ်ဆောင်နေမှုများအား တင်ပြဆွေးနွေးခဲ့ပြီး တင်ပြချက်များအပေါ် ဆွေးနွေးညှိနှိုင်းပေါင်းစပ်၍ဆောင်ရွှက်နိုင်ခဲ့ပြီး ရှေ့လုပ်ငန်းစဉ်များ အစည်းအဝေး ဆုံးဖြတ် ချက် များအား ချမှတ်နိုင်ခဲ့သည် ။

ပြည်နယ်/ခရုိင်/မြို့နယ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ပြည်နယ်ကော်မတီဝင်တက်ရောက်ဆွေးနွေး

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီမှ  ယနေ့(၂၅ ၁၁ ၂၀၂၂) ရက်နေ့၊ နံနက် (၁၀းဝဝ)နာရီအချိန်တွင် မြို့နယ်ပါတီရုံး၌ ပြည်နယ်/ခရုိင်/မြို့နယ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးပြုလုပ်ရာ ရှမ်း(မြောက်)ပြည်နယ် ကော်မတီဝင်ဦးခင်မောင်ချို၊ ခရိုင်ဥက္ကဋ္ဌ ဦးသန်းထိုက်ဇော်တို့တက်ရောက်ခဲ့ကြပြီး ပါတီ၏လမ်းညွန်ချက်များ အကောင်အထည်ဖော်ဆောင်ရွက်ရေးကိစ္စများဆွေးနွေး၍ရှေ့လုပ်ငန်းစဉ်များချမှတ်ခဲ့ပါသည်။


မြစ်သားမြို့နယ်ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

(၂၅-၁၁-၂၀၂၂)ရက်နေ့ နံနက် (၉)နာရီအချိန်တွင် မြစ်သားမြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံး၌ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးပါတီ ကော်မတီဝင် ဦးစန်းမြင့်၊ကျောက်ဆည်ခရိုင် ပါတီဥက္ကဌ ဦးအောင်မြင့်သန်းနှင့်ကော်မတီဝင်များ၊ မြစ်သားမြို့နယ် ဥက္ကဌဦးအောင်ကြည်၊ အတွင်းရေးမှုးဦးသန်းဦး နှင့်ကော်မတီဝင်များ၊ရပ်/ ကျေးပါတီဥက္ကဌများတက်ရောက်ခဲ့ကြပြီး လာမည့်ရွေးကောက်ပွဲတွင်ပြုလုပ်မည့် PR စနစ် အကြောင်းရှင်းလင်းဆွေးနွေးခြင်း၊ ရက်(၉၀)စီမံချက်ပါလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ရေး ကိစ္စများ ရှင်းလင်းခြင်း၊ ပါတီဝင်အင်အားစီစစ်ရေး၊ ပါတီဝင်အသစ်နှင့်ပါတီဝန်းရံအင်အား တိုးချဲ့စည်းရုံးရေး ကိစ္စရပ်များ၊ လူငယ်/အမျိုးသမီးကဏ္ဍစကားဝိုင်း ဆွေးနွေးပွဲများစဉ်ဆက်မပြတ် ပြုလုပ်ရေး လုပ်ငန်းစဉ်များ ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများမှလည်းသိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြပါသည်။

ရပ်/ ကျေးစည်းမှူးများနှင့်အစည်းအဝေးပြုလုပ်

လင်း‌ေခးမြို့နယ် မြို့နယ်ပါရုံးတွင် မြို့နယ်ဥက္ကဋ္ဌ ဦးစိုင်း‌ကျော်ဌေး ၊ မြို့နယ်ကော်မတီဝင်များသည် မြို့ပေါ်(၈) ရပ်ကွက် မှစည်းမှူးများနှင့် တွေ့ဆုံ၍ရက်(၉၀)စီမံချက်အပါအဝင်အခြားညွန်ကြားချက် များ၊ ပြုလုပ်ဆောင်ရွက်ရန် ရှိသည့်လုပ်ငန်းများကိုဆွေးနွေးတာဝန်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်


ပျော်ဘွယ်မြို့နယ်ပြည်ခိုင်ဖြိုးပါတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

(၂၅-၁၁-၂၀၂၂)ရက်နေ့ (၁၀)နာရီအချိန်တွင် ပျော်ဘွယ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ရာတိုင်းဒေသကြီးပါတီကော်မတီဝင် ဒေါ်သန်းသန်းအေး၊ပျော်ဘွယ်မြို့နယ်ဥက္ကဌ ဦးအောင်နိူင်ညွန့် နှင့်ကော်မတီဝင်များတက်ရောက်ခဲ့ကြပြီး ရက်(၉၀)စီမံချက်ပါလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ရေး ကိစ္စများရှင်းလင်းခြင်း၊ပါတီဝင်အင်အားစီစစ်ရေး၊ပါတီဝင်အသစ်နှင့်ပါတီဝန်းရံအင်အားတိုးချဲ့စည်းရုံးရေးကိစ္စရပ်များ၊လူငယ်/အမျိုးသမီးကဏ္ဍစကားဝိုင်းဆွေးနွေးပွဲများစဉ်ဆက်မပြတ်ပြုလုပ်ရေးလုပ်ငန်းစဉ်များဆွေးနွေးခဲ့ကြပါသည်။


ဝေါမြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ပါတီတာဝန်ရှိသူများနှင့်တိုင်းဒေသကြီးပါတီဥက္ကဌတွေ့ဆုံဆွေးနွေး

ပဲခူးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်ကော်မတီဝင် တိုင်းဒေသကြီးပါတီဥက္ကဌ ဦးရဲမြင့်ထွန်းနှင့် တိုင်းပါတီကော်မတီဝင်များသည် နိုဝင်ဘာလ ၂၅ ရက်နေ့နံနက်ပိုင်းက ဝေါမြို့နယ် ပြည်ခိုင်ဖြိုး ပါတီရုံးအစည်းအဝေးခန်းမတွင် မြို့နယ်ပါတီဥက္ကဌနှင့် ပါတီ၏တာဝန်ရှိသူများအား တွေ့ဆုံဆွေးနွေးခဲ့သည်။