(၂၉-၁၁-၂၀၂၂)ရက်နေ့ (၁၁)နာရီမှ(၁၂:၃၀)အချိန်ထိ မန္တလေးတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီမှ တိုင်းဒေသကြီး ပါတီကော်မတီနှင့် တိုင်းဒေသကြီးအတွင်းရှိခရိုင်ပါတီဥက္ကဌများ Zoom Meeting ဖြင့်အစည်းအဝေးကျင်းပပြုလုပ် ခဲ့ပါသည်။ အစည်းအဝေးတွင်ပါတီဗဟိုဌာနချုပ်၏ လမ်းညွှန်ချက်ဖြစ်သောပထမ(၃)လပတ်၊ ရက်(၉၀)စီမံချက်ပါ လုပ်ငန်းစဉ်များအကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုအခြေအနေများ ပြန်လည်တင်ပြရေးအတွက် ပါတီ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုးက ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက် သူများကသိရှိလိုသည်များပြန်လည်မေးမြန်းတင်ပြခဲ့ပါသည်။ ယနေ့ကျင်းပသည့် Zoom Meeting ဖြင့်ပြုလုပ်သည့် အစည်းအဝေးသို့ ပါတီဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဌဦးအောင်ကျော်မိုး၊ အတွင်းရေးမှုး ဦးညွန့်ဆောင်၊ ဘဏ္ဍာရေးမှုးဒေါ်သိင်္ဂီအောင်နှင့် တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ ခရိုင်(၁၁)ခရိုင်မှ ဥက္ကဌများ တက်ရောက်ခဲ့ကြပါသည်။
ပြည်နယ်ဥက္ကဋ္ဌမှဆွမ်းဆန်အိတ်များလှူဒါန်း၍ သာသနာရေးဆိုင်ရာကိစ္စများလျှောက်ထား
ရှမ်းပြည်နယ် မြောက်ပိုင်း
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာမျိုးထွန်းသည် ၂၀၂၂ ခုနှစ်။ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ကွမ်းလုံမြို့ တံတားဦးကျောင်းတိုက်ဆရာတော်အား သွားရောက်ဖူးမျှော်၍ ဆွမ်းဆန်အိတ်များ ဆပ်ကပ်လှူဒါန်းခဲ့ပြီး သာသနာရေးဆိုင်ရာကိစ္စများ လျှောက်ထားဆွေးနွေးခဲ့ကြောင်းသိရပါသည်။
ရက် (၉၀)စီမံချက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးဆွေးနွေး
ပဲခူးတိုင်းဒေသကြီး(အနောက်)၊ရွှေတောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးခင်အောင်ဝင်းသည် 29.11.2022ရက် နေ့နံနက်(11:00)နာရီအချိန် ရက်(၉၀) စီမံချက်အကောင်ထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ရွှေတောင်မြို့နယ် ပါတီရုံးတွင်ဒုရင်ဒုဘိုအုပ်စု့မှဥက္ကဌနှင့်ကော်မတီဝင်များအားတွေ့ဆုံဆွေးနွေးခဲ့့ပါသည်။
နယ်မြေကွင်းဆင်း၍ရွေးကောက်ပွဲစနစ်နှင့် PR စနစ် အကြောင်းရှင်းလင်းဆွေးနွေး
ပဲခူးတိုင်း(အနောက်ပိုင်း) နတ်တလင်းခရိုင်၊ပေါင်းတည်မြို့နယ် တာဝန်ခံတိုင်းပါတီကော်မတီဝင်ဒေါ်ထားထားနု နှင့် မြို့နယ်ပါတီဥက္ကဌဒေါ်ဝင်းဝင်းမော် တို့ ဦးဆောင်၍မြို့နယ်ပါတီ အတွင်းရေးမှူး မြို့နယ်ပါတီဘဏ္ဍာရေးမှူးတို့ ပါဝင်သောမြို့နယ် ကော်မတီဝင်များသည် ပေါင်းတည်မြို့နယ်ကိုယ်ဝန်ဆောင်အုပ်စု ကွှန်းကုန်းရွာမြို့နယ် ကော်မတီဝင် ဦးရဲထွဋ်၏ နေအိမ်၌ ကိုယ်ဝန်ဆောင်အုပ်စုနှင့် ကြုံးကြုံးကြအုပ်စုတို့မှ ရပ်ကျေးကော်မတီဝင်များနှင့် တွေ့ဆုံပြီး ရွေးကောက်ပွဲစနစ်များအကြောင်းနှင့် မြန်မာနိုင်ငံတွင်ပြောင်းလဲကျင့်သုံးမည့် PRစနစ်အကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
သီပေါပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်
ရှမ်း/မြောက် ကျောက် မဲ ခရိုင်၊သီပေါမြို့နယ် ပါတီလုပ်ငန်း ညှိ့နှိုင်း အစည်းအဝေးကို ယနေ့နံက် (၁၀း၃၀) နာရီက ကျင်းပခဲ့ရာမြို့နယ်ပါတီ ဥက္ကဌ ဦးအောင်အောင် က ပါတီအဆင့်ဆင့် ၏ လမ်းညွန်ချက် များပါ ရက်(၉၀) စီမံချက် များအားရပ်/ကျေးပါတီဝင်များနှင့်ညှိ့နှိုင်းပေါင်း စပ်ဆောင်ရွက်သွားကြရန်နှင့် လုံခြုံရေး သတိမပြတ် စေရေး သတိချပ် ဆောင်ရွက်သွားကြရန် မြို့နယ်အတွင်းရေးမှူးနှင့်ကော်မတီဝင်များက ပါတီအတွင်း စည်းလုံး ညီညွတ်စွာဖြင့် လုပ်ငန်း စဉ်များအကောင်အထည်ဖေါ်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။
နမ္မတူပြည်ခိုင်ဖြိုးပါတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန်ဆွေးနွေး
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ္မတူမြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံး၌ မြို့နယ်ဥဣဌ ဦးမြင့်ဝင်း၊ အတွင်းရေးမှူး ဒေါ်စမ်းသွင်၊ မြို့နယ်ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေး၌မြို့နယ် ဥက္ကဋ္ဌမှ ရက် (၉၀)စီမံချက် များနှင့်လမ်းညွှန် (၈)ရပ်အားအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့် လုံခြုံရေး သတိမပေါ့ဆစေရေး တို့ကိုဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် တွေဆုံပြီးဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် ဆွေးနွေးပြောကြားခဲ့ကြကြောင်းသိရှိရပါသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံရုံးမှ Counsellor Mr. Lin Tao အား လက်ခံတွေ့ဆုံ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ Counsellor Mr. Lin Tao အား ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့ ၁၀၀၀ နာရီအချိန်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် အောက်တိုဘာလကုန်အထိ လယ်ယာစိုက်ပျိုးရေး ကဏ္ဍတွင် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု ဒေါ်လာ ၃ ဒသမ ၅၀၀ သန်း ဝင်ရောက်မြှုပ်နှံ
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် အောက်တို ဘာလကုန်အထိ မြန်မာနိုင်ငံ၏ လယ်ယာ စိုက်ပျိုးရေးကဏ္ဍတွင် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု ဒေါ်လာ ၃ ဒသမ ၅၀၀ သန်း ဝင်ရောက် မြှုပ်နှံထားကြောင်း ရင်းနှီး မြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်ကုန်အထိ မြန်မာနိုင်ငံ၏ လယ်ယာ စိုက်ပျိုးရေးကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှုမှာ စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၏ တစ် ရာ ခိုင်နှုန်းအောက်သာရှိကြောင်း ရင်းနှီးမြှုပ်နှံမှု နှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ထုတ် ပြန်သည့်စာရင်းများအရ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ် ပါတီကော်မတီဝင်များနှင့် ရပ်ကွက်ပါတီကော်မတီဝင်များ တွေ့ဆုံပွဲ အခမ်းအနားကျင်းပခြင်းနှင့်ရက် (၉၀) စီမံချက်များ ရှင်းလင်းတင်ပြ
ရန်ကုန်တိုင်းဒေသကြီး၊ကမာရွတ်ခရိုင်၊ဗဟန်းမြို့နယ်ပါတီ ကော်မတီဝင်များနှင့် ရပ်ကွက် ပါတီကော်မတီဝင်များ တွေ့ဆုံပွဲ အခမ်းအနားကို ဗဟန်းမြို့နယ်ပါတီရုံးတွင် (၂၈၊၁၁၊၂၀၂၂)ရက် နေ့ခင်း (၁၃:၀၀)နာရီအချိန်ကကျင်းပ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ဦးတင်ဝင်း (တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်ဟောင်း) ၊ရန်ကုန်တိုင်းပါတီကော်မတီဝင်ဦးနေဝင်း၊ကမာရွတ်ခရိုင် ပါတီဥက္ကဌ ဒေါ်သီသီမွန်၊ ကမာရွတ် ခရိုင်ပါတီ အတွင်းရေးမှူး ဦရန်နိုင်သန်း နှင့်ခရိုင်ပါတီကော်မတီဝင်များ၊ ဗဟန်းမြို့နယ် အတွင်းရေးမှူးဦးကျော်စိုးနှင့် မြိုနယ်ပါတီကော်မတီဝင်များနှင့် ရပ်ကွက်(၂၂) ရပ်ကွက်မှပါတီ ဥက္ကဌနှင့် အတွင်းရေးမှူး များပါတီ ကော်မတီဝင် များ က တက်ရောက်ခဲ့ပါသည်။ ဆက်လက်ပြီး တက်ရောက်လာသူများအား ဦးနေဝင်း(တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်(ဟောင်း) မှ မိမိပါတီဝင်များကို တွေ့ရပါသဖြင့်များစွာ အားတက်ရပါကြောင်း မိမိတို့ဘက် ပါတီဝင်များ၏အခက် များစွာ ကြုံခဲ့ကြောင်းသိရှိပြီး ကိုယ်ချင်းစားမိပါကြောင်းမိမိတို့ လုံခြုံရေးကိုအထူး ဂရုပြုကြရန် မှာကြားခဲ့ပါသည်။
အင်းစိန်ခရိုင်၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီအမျိုးသမီးတွေ့ဆုံပွဲကျင်းပပြုလုပ်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီဥဣဌ ဦးခင်ရီ၏မူဝါဒ၊ရန်ကုန်တိုင်းဒေသကြီး ပါတီဥဣဌဦးခင်မောင်စိုး၏ လမ်းညွှန်ချက်အရ ရန်ကုန်တိုင်းဒေသကြီးအင်းစိန်ခရိုင်အတွင်းရှိ အမျိုးသမီးတွေ့ဆုံပွဲအား လိုင်သာယာမြို့နယ် ပါတီရုံးခန်းမတွင်၂၈.၁၁.၂၀၂၂ရက်နေ့၊နေ့လည် ၂း၀၀အချိန်တွင်ကျင်းပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ဗဟိုအရံကော်မတီဝင် အင်းစိန်ခရိုင်ဥဣဌ ဦးမင်းသူထွန်း၊ အတွင်းရေးမှူး ဦးသူရိန်လင်း၊ ဘဏ္ဍရေးမှူးဦးကြည်စိုး၊ အင်းစိန်မြို့နယ်၊ လိုင်သာယာအရှေ့ပိုင်းမြို့နယ်၊ လိုင်သာယာအနောက်ပိုင်းမြို့နယ် တို့မှ မြို့နယ်ပါတီကော်မတီဝင်များနှင့် အမျိုးသမီးအင်အားစုစုပေါင်း ၄၅ဦးခန့်တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် ပါတီ၏ရှေ့လုပ်ငန်းစဉ်များနှင့်အမျိုးသမီူများတာဝန်ယူရမည့်အခန်းကဏ္ဍများကို ဆွေးနွေးပြီး ထောက်ပံ့ကြေးများ ပေးအပ်ကာအခမ်းအနားကို ၃း၃၀ အချိန်တွင်ရုပ်သိမ်းခဲ့ပါသည်။