(၃၀-၁၁-၂၀၂၂)ရက်နေ့ နံနက် (၁၀)နာရီအချိန်တွင် အောင်မြေသာစံမြို့နယ်၊ညောင်ကွဲရပ်ကွက်ရှိ ရှင်အရဟံသိမ် ကျောင်းတိုက်၌ အောင်မြေသာစံမြို့နယ်ပြည်ခိုင်ဖြိုးပါတီနှင့် ရပ်ကွက်များ၊ပါတီဝင်များ၊ အလှူရှင်များ၏ ပဉ္စမ အကြိမ်စုပေါင်းမဟာဘုံကထိန် တရားတော်နာ ရေစက်ချမင်္ဂလာအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ ရှင်အရဟံသိမ် ကျောင်းတိုက်၊ကမ္ဘာအေးကျောင်းဆရာတော် ဘဒ္ဒန္တပါသကအမှုးပြုသော ပင့်သံဃာတော် (၁၅)ပါးကြွရောက် တော်မူပြီး ဧည့်ပရိတ်သတ်များက ဆရာတော်ဘဒ္ဒန္တ ပါသကထံမှငါးပါးသီလခံယူဆောက်တည်ကာ ဆရာတော် သံဃာတော်များ ရွတ်ပွားတော်မူသည့်ပရိတ်တရားတော်များကိုနာယူကြည်ညိုခဲ့ကြပါသည်။
ပါတီဝင်အင်အားစိစစ်ခြင်းကွင်းဆင်းဆောင်ရွက်
ကလောမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ၊အတွင်းရေးမှူး၊ဘဏ္ဍာရေးမှူးတို့သည် ငုတ်ကျေးရွာ အုပ်စု၊ ပင်မှီကျေးရွာ အုပ်စု အုပ်စုဥက္ကဌနှင့်တွေ့ဆုံပြီ ပါတီဝင်အင်အားစီစစ်ကွင်းဆင်းဆောက်ရွက်ကြပါသည်။
လူငယ်နှင့်အမျိုးသမီးရေးရာစကားဝိုင်းပြုလုပ်
(၁.၁၂.၂၀၂၂)ရက်နေ့ မွန်းလွဲ(၁)နာရီအချိန် တောင်ကြီးမြို့ကျောင်းကြီးစုရပ်ကွက်ပါတီရုံးတွင် လူငယ်နှင့် အမျိုးသမီး ရေးရာ စကားဝိုင်းကိုပြုလုပ်ရာ ဦးစွာပြည်နယ်ပါတီ ဥက္ကဋ္ဌ ဦးစိုင်းလုံကျော် မှပါတီ၏ မူဝါဒ၊ ရည်မှန်းချက်၊ ရည်ရွယ်ချက် နှင့်(၂၀၂၃)ခုနှစ်တွင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အားလုံး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန် ကိုလည်းကောင်း၊ပြည်နယ်ပါတီကော်မတီဝင် ဒေါ်နန်းဝါဝါထွေးက အမျိုးသမီးထု၏ အင်အားနှင့်အရေးပါမှု၊ ဒေါ်ခင်ထွေးအောင် ကအမျိုးသမီးများ၏လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး၊ တောင်ကြီးခရိုင်ပါတီ ဥက္ကဌဦးစိုင်းတင်ထွေးကလည်း ရပ်ကွက်၊ကျေးရွာအတွင်း တစ်ဦးနှင့်တစ်ဦးစည်းလုံး ညီညွတ်ရေးနှင့် လာမည့် (၂၀၂၃)ခုနှစ်ရွေးကောက်ပွဲတွင်ကျင့်သုံးမည့်(PR)အချိုးကျစနစ်အကြောင်းကိုလည်းကောင်း၊တောင်ကြီးမြို့နယ်ပါတီ ဥက္ကဌ ဦးအောင်သူရရှင်း ကတစ်ဦးတစ်ယောက်မှ သည်စုပေါင်းကာကွယ်သည့် စနစ်ကျင့်သုံးဆောင်ရွက်ရန်ကို လည်းကောင်း၊ ရပ်ကွက်ပါတီ ဥက္ကဌ ဦးကျော်ဆန်းကလည်းရပ်ကွက်အတွင်းလုပ်ငန်းဆောင်ရွက်မှု တို့ကိုအပြန် အလှန် ဆွေးနွေးကြပြီး စကားဝိုင်းကိုညနေ(၃) နာရီအချိန်တွင် အောင်မြင်စွာ ရုပ်သိမ်းလိုက်ပါသည်။
ညောင်ရွှေပြည်ခိုင်ဖြိုးပါတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
ညောင်ရွှေမြိုနယ် ပြည်ခိုင်ဖြိုးပါတီ၏ရှေ့လုပ်ငန်းစဥ်များ ရက် (၉၀)စီမံချက် ဆောင်ရွက်နိင်ရန်အတွက် ညှိနှိုင်း အစည်းအဝေးကို မြိုနယ်အတွင်းရေးမှူး၏အိမ်တွင်ပြုလုပ်ကြပါသည်။ အစည်းအဝေးတွင် ပြည်နယ်ဥက္ကဋ္ဌ လမ်းညွန် ချက်ပါ ပါတီဝင်အင်အားစည်းရုံးရာတွင်လက်ရှိအခြေအနေအရ ဦးစားပေးဆောင်ရွက်သင့်သော အခြေအနေ (၄)ချက်၊ စုဆောင်းရမည့်ပါတီဝင်ဟောင်းများ၊ ပါတီမှ ကင်းကွာနေသူများ၊ မိသားစုဝင်များ အားစည်းရုံးခြင်း များအပါအဝင် ရက်(၉၀)စီမံချက်ပါ ဆောင်ရွက်ရမည့် လမ်းညွန်ချက်များအား ရှင်ပြခြင်းအပြန်အလှန် ဆွေးနွေးခြင်း
ဌာနချုပ်လမ်းညွှန်ချက် များ အကောင်အထည်ဖော် ဆောင်ရွက်နေမှုအားအပြန်အလှန်ဆွေးနွေး
ယနေ့(၁-၁၂-၂၀၂၂) နေ့လည်(၁) နာရီက မြစ်ကြီးနားခရိုင်ပါတီရုံး၌ မြစ်ကြီးနားခရိုင်/မြစ်ကြီးနားမြို့နယ်နှင့် အင်ဂျန်းယန်မြို့နယ်တို့မှ ပါတီကော်မတီဝင်များတွေ့ဆုံ၍ ပါတီဝင်အင်အားကျစ်လစ်ခိုင်မာရေး၊ ပါတီဝင်များ သေချာစွာ စိစစ်ရေး၊ပါတီဝင်များ၏ လုံခြုံရေးဂရုစိုက်ရေးနှင့်ဌာနချုပ် လမ်းညွှန်ချက်များ အကောင်အထည်ဖော် ဆောင်ရွက်နေမှုအား အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မကွေးမြို့နယ်ပါတီကော်မတီ နှင့် ရပ်/ကျေးပါတီဥက္ကဌများ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးသို့ တိုင်းဒေသကြီးပါတီ ကော်မတီဝင်၊ တောင်သူလယ်သမားရေးရာတာဝန်ခံ တက်ရောက်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မကွေးတိုင်းဒေသကြီး ပါတီကော်မတီနှင့် မကွေးမြို့နယ်ပါတီ ကော်မတီ ဝင်များ၊ ရပ်/ကျေးပါတီဥက္ကဌများ တွေ့ဆုံပွဲ
နေပြည်တော်ပြည်ထောင်စုနယ်မြေ ပျဉ်းမနားခရိုင်/ပျဉ်းမနားမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှတောင်သူများနှင့် ကွင်းဆင်း တွေ့ဆုံ
ပျဉ်းမနားခရိုင်/ပျဉ်းမနားမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ငကောင်းကံအုပ်စု ဇီးကုန်းကျေးရွာရှိ တောင်သူများနှင့်တွေ့ဆုံပြီး တောင်သူပညာပေး သဘာဝရွှက်ဖြန်းအားဆေး မို့သတ်ဆေး ထုတ်လုပ်ပုံများအား ကျေးရွာအရောက်ပညာပေးလုပ်ငန်းများဆောင်ရွတ်ခြင်း ယနေ့တောင်သူများ၏ အခက်အခဲများ လိုအပ်ချက်များကို ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ကြပါသည်။ အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုနယ်မြေနာယက ဗဟိုကော်မတီဝင် ဦးခင်မောင်ဌေး ကော်မတီဝင် ဦးအောင်မြင့်ကြိုင် ပျဥ်မနားခရိုင်အတွင်းရေးမှူး ဒေါ်ဖြူဖြူကျော် မြို့နယ်ဥက္ကဌ ဦးဇော်တူးအောင်တို့မှ တက်ရောက်ခဲ့ကြပြီး ကျေးရွာရှိတောင်သူများ ပြည်ခိုင်ဖြိုးပါတီဝင်များနှင် ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ကြကြောင်းသတင်းရရှိခဲ့ပါသည်။
ပါတီဝင်အသစ်များ အဆိုပြုလွှာဖြည့်ခြင်းအား ကွင်းဆင်းဆောင်ရွက်
ပြည်ခရိုင်၊ ပြည်မြို့နယ်၊ ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီသို့ပါတီဝင်အသစ်များ ဝင်ရောက်သည့် အဆိုပြုလွှာ ပုံစံများဖြည့်ခြင်းကို ၃၀၊ ၁၁၊ ၂၀၂၂ ရက်နေ့ နံနက် ၉:၀၀ နာရီ က နဝင်းရပ်ကွက် ဖိုးခေါင်နယ်မြေတွင် ဆောင်ရွက်ရာ မြို့နယ်အတွင်းရေးမှူး ဒေါ်မိုးမိုးစံ နှင့် မြို့နယ်ကော်မတီဝင် ဦးစိုးမြင့် တို့ဦးဆောင်ပြီး ပါတီဝင်အသစ်များ ပုံစံဖြည့်ခြင်းနှင့်ဓါတ်ပုံရိုက်ကူးခြင်းများဆောင်ရွက်ကြောင်းသိရှိရပါသည်။
နမ့်ဆန်ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင်ခြင်းနှင့် တအာင်းဘောလုံးအဖွဲ့ချုပ် သို့ အလှူငွေများလှူဒါန်း
ရှမ်းပြည်နယ်(မြောက်ပိုင်း) ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ်တင်ပွဲကို ၂၀၂၂ ခုနှစ်၊နိုဝင်ဘာလ(၃၀)ရက်နေ့မ နက်(၁၁) နာရီ(၄၅)မိနစ်တွင် ကျင်းပပြုလုပ် ခဲ့ပြီးမွန်းလွဲပိုင်း (၂) နာရီအချိန်တွင် တအာင်းဘောလုံးအဖွဲ့ချုပ်သို့ အလှူငွေများသွားရောက် လှူဒါန်း ခဲ့ကြောင်းသိရှိရပါသည်။