
ပြည် မတ် ၂၃
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးဇော်မျိုးသိန်းနှင့်အတူ ဗဟိုအလုပ်အမှုဆောင်ဦးလှသိန်း၊ ဒေါ်ခင်ရွှေမြင့်တို့လိုက်ပါလျှက် (၂၃.၃.၂၀၂၃)ရက် နေ့ညနေ (၄)နာရီအချိန်တွင် ပြည်မြို့နယ်၊တိုင်းပါတီရုံး အစည်းအဝေးခန်းမ၌ တိုင်း/ခရိုင်/မြို့နယ်တာဝန်ရှိသူအဆင့်ဆင့်နှင့် တွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံပွဲ၌ပါတီဒုတိယဥက္ကဋ္ဌမှနှုတ်ခွန်းဆက်စကား ပြောကြားရာတွင် မိမိတို့အားလုံးသည် နိုင်ငံကောင်းကျိုး၊ ပြည်သူကောင်းကျိုး၊ ကိုယ့်ဒေသကောင်းကျိုး၊ ပါတီကောင်းကျိုးကို လုပ်ကိုင်နေကြသူများဖြစ်၍ စေတနာကောင်းထားပြီး လုပ်ကိုင်ရန်လိုအပ်ကြောင်း၊ အသွင်ဟောင်းတွေကို ပြုပြင်ပြီး အသွင်သစ်ဖြစ်သွားကြရန် လိုအပ်ကြောင်း၊ ပါတီဝင်အင်အားစာရင်းများမှန်ကန်ရေး၊ စုဖွဲ့မှု့များ မှန်ကန်ရေးရှိရန်လိုအပ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။





















