ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးခင်ရီသည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့ နေ့လည် ၁၃၀၀ အချိန်မှ ၁၄၀၀ အချိန်ထိ ပဲခူးတိုင်းဒေသကြီး(အရှေ့) ကျောက်တံခါးမြို့နယ်မှ အိန္ဒိယ နွယ်ဖွား ဟိန္ဒူဗုဒ္ဓဘာသာဝင်များနှင့်လည်းကောင်း၊ ညနေ့လည် ၁၄၄၅ အချိန်မှ ၁၅၃၀ အချိန်ထိ ပဲခူးမြို့ အခြေစိုက် နိုင်ငံရေးပါတီများနှင့်လည်းကောင်းတွေ့ဆုံခဲ့ပါသည်။