ရန်ကုန်တိုင်းဒေသကြီး၊လှည်းကူးခရိုင် လှည်းကူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်အင်အား တိုးတက်ရေး ဝန်းရံ အင်အား ပိုမိုရရှိရေးအတွက် အောင်နိုင်ရေးနယ်မြေ (၄) အင်းတိုင်ဒေသသို့ ခရိုင်ပါတီဥက္ကဌ ဦးအောင်မျိုးနိုင်၊ ခရိုင်အတွင်းရေးမှူး ဦးသန်းဇော်၊ အောင်နိုင်ရေး နယ်မြေ တာဝန်ခံ ခရိုင်ကော်မတီဝင် ဦးအောင်မျိုးဦး၊ မြိုနယ်အတွင်းရေးမှူး ဦးသန်းဝင်းနှင့် ရပ်ကျေးပါတီကော်မတီဝင်များသည် လှည်းကူး မြို့နယ် အင်းတိုင်ဒေသရှိ ဇရပ်ကွင်းကျေးရွာအုပ်စုသို့ အောင်နိုင်ရေး ကွင်းဆင်းတွေ့ဆုံဆွေးနွေးခဲ့ကြ ပါသည်။ လှည်းကူးခရိုင် usdp
ခရိုင်/မြို့နယ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ မြို့နယ်ကော်မတီအဖွဲ့ အစည်းအဝေးကို မိုးညိုမြို့နယ်ပါတီရုံး တွင် ကျင်းပရာ ခရိုင်ပါတီ ကော်မတီဝင် ဒေါ်ဇာခြည်လွင်၊ မြို့နယ်ပါတီ ဥက္ကဌ ဦးညိုမင်းစိုး၊ ကော်မတီဝင် များ တက်ရောက်ကြပြီး လူငယ်နှင့် အမျိုးရေးရာကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးကြောင်း သိရှိရပါသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မကွေးတိုင်း ဒေသကြီးပါတီ ကော်မတီနှင့် ခရိုင်/မြို့နယ်ပါတီ ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မကွေးတိုင်းဒေသကြီးပါတီ ကော်မတီနှင့် ခရိုင်/မြို့နယ်ပါတီ ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ ၀၀. နာရီ အချိန်က သရက်ခရိုင် ပါတီအစည်းအဝေးခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီး ပါတီဥက္ကဌ ဒေါက်တာမောင်မောင်ဌေး နှင့် တိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊ သရက်ခရိုင်ပါတီဥက္ကဌ ဦးဝင်းကျော်နှင့် ခရိုင်ပါတီ ကော်မတီဝင် များ၊ အောင်လံ ခရိုင်ပါတီဥက္ကဌ ဦးစန်းလွင် နှင့် ခရိုင်ပါတီကော်မတီ ဝင်များ၊ သရက်ခရိုင် နှင့် အောင်လံ ခရိုင်အတွင်းရှိ မြို့နယ်များမှ ဥက္ကဌ ၊ အတွင်းရေးမှူး နှင့် ကော်မတီဝင်များ တက်ရောက်ကြပြီး ၁၂ ၃၀ နာရီ အချိန်တွင် ပြီးမြောက်ကြောင်း သိရသည်။
လာမည့်ရွေးကောက်ပွဲမှာ ပထမအကြိမ်မဲပေးမည့် First Voters များအား ကျောက်ဖြူပြည်ခိုင်ဖြိုး တွေ့ဆုံ
လာမည့်ရွေးကောက်ပွဲမှာ ပထမအကြိမ်မဲပေးကြရမည့် First Voters များဖြစ်ကြသည့် လူငယ်များအား ကျောက်ဖြူမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တာဝန်ရှိသူများ တွေ့ဆုံခဲ့ကြသည်။ အဆိုပါ တွေ့ဆုံပွဲကို ယနေ့ ဒီဇင်ဘာ ၁၃ ရက်နေ့ မွန်းလွဲ ၁ နာရီက ကျောက်ဖြူမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးခန်းမ၌ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။ တွေ့ဆုံပွဲတွင် ပါတီတာဝန်ရှိသူများက ကိုယ်စားလှယ်လောင်း ရွေးချယ်တင်မြှောက်ခြင်း ကိစ္စနှင့် ပတ်သက်၍ အကျယ်တဝင့် ဆွေးနွေးဟော ပြောပြီး လာမည့်ရွေးကောက်ပွဲ၏ PR စနစ်အကြောင်းကိုလည်း ပညာပေးဟောပြောခဲ့ကြသည်။ ထို့နောက် တက်ရောက်လာကြသူ First Voters လူငယ်များမှ ရွေးကောက်ပွဲ ဆိုင်ရာကိစ္စရပ်များနှင့် သိရှိလိုသည်
ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီ ပျဉ်းမနားမြို့ ပါဠိတက္ကသိုလ်၊ မင်္ဂလာဇေယျုံ ပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယကဆရာတော် ၏ မွေးနေ့မင်္ဂလာနှင့် သာသနာ့မဏ္ဍိုင် ခဏ္ဍသိမ်တော်မြတ်ကြီး ရေစက်ချ မင်္ဂလာအခမ်းအနားသို တက်ရောက်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ပါတီဒုတိယဥက္ကဋ္ဌ ဦးလှထွန်း၊ အထွေထွေ အတွင်းရေးမှူး ဦးသောင်းအေး၊ ဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင်/မိသားစုတို့နှင့်အတူ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက် ၀၉:၀၀ နာရီမှ နေ့လည် ၁၂:၀၀ နာရီထိ ကျင်းပပြုလုပ် သော နေပြည်တော် ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့၊ ပါဠိတက္ကသိုလ်၊ မင်္ဂလာဇေယျုံ ပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ၊ အဂ္ဂတောင်သာသနာပြု ဆရာတော် ဘဒ္ဒန္တဝိမလဗုဒ္ဓိမဟာထေရ်မြတ်၏ သက်တော်(၇၅)နှစ်ပြည့် မွေးနေ့မင်္ဂလာနှင့် သာသနာ့မဏ္ဍိုင် ခဏ္ဍ သိမ်တော်မြတ်ကြီး ရေစက်ချ မင်္ဂလာပွဲအခမ်းအနားသို တက်ရောက်၍ အလှူငွေများ ဆပ်ကပ် လှူဒါန်း ခဲ့ပါသည်။
ပြည်ခိုင်ဖြိုးပါတီ သာကေတ ၊ဒေါပုံ၊ ဗိုလ်တထောင် မြို့နယ်များ လူငယ်တွေ့ဆုံပွဲ ကျင်းပ
ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်ခရိုင် သာကေတ၊ဒေါပုံ၊ ဗိုလ်တထောင် မြို့နယ်များ ၏ လူငယ် တွေ့ဆုံပွဲ အခမ်းအနား ကို ယနေ့ (၁၁.၁၂.၂၀၂၂) တနင်္ဂနွေနေ့ နေ့လည် (၁)နာရီက သာကေတမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရုံးခန်းမတွင် ကျင်းပခဲ့ပါသည်။ ရှေးဦးစွာ အခမ်းအနားကိုနိုင်ငံတော်သီချင်းသံပြိုင်သီဆို၍ နိုင်ငံတော်အလံကိုအလေးပြုခြင်းဖြင့်စတင်ပြီး သာကေတ မြို့နယ်ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှုးမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
သာကေတ ၊ဒေါပုံ၊ ဗိုလ်တထောင် မြို့နယ်များ ၏ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးထု တွေ့ဆုံပွဲ ကျင်းပ
ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်ခရိုင် သာကေတ၊ဒေါပုံ၊ ဗိုလ်တထောင် မြို့နယ်များ ၏ အမျိုးသမီး ထုတွေ့ဆုံပွဲ အခမ်းအနား ကို ယနေ့ (၁၀.၁၂.၂၀၂၂) စနေနေ့ နေ့လည် (၁)နာရီက သာကေတမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရုံးခန်းမတွင် ကျင်းပခဲ့ပါသည်။ ရှေးဦးစွာ အခမ်းအနားကို နိုင်ငံတော်သီချင်း သံပြိုင်သီဆို၍ နိုင်ငံတော်အလံကို အလေးပြုခြင်းဖြင့်စတင်ပြီး သာကေတမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌမှ အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။
ပြည်ခိုင်ဖြိုးပါတီ သာကေတ ၊ဒေါပုံ၊ ဗိုလ်တထောင် မြို့နယ်များ လူငယ်တွေ့ဆုံပွဲ ကျင်းပ
ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်ခရိုင် သာကေတ၊ဒေါပုံ၊ ဗိုလ်တထောင် မြို့နယ်များ ၏ လူငယ် တွေ့ဆုံပွဲ အခမ်းအနား ကို ယနေ့ (၁၁.၁၂.၂၀၂၂) တနင်္ဂနွေနေ့ နေ့လည် (၁)နာရီက သာကေတမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရုံးခန်းမတွင် ကျင်းပခဲ့ပါသည်။ ရှေးဦးစွာ အခမ်းအနားကိုနိုင်ငံတော်သီချင်းသံပြိုင်သီဆို၍ နိုင်ငံတော်အလံကိုအလေးပြုခြင်းဖြင့်စတင်ပြီး သာကေတ မြို့နယ်ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှုးမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
လိူင်သာယာအရှေ့ပိုင်းမြို့နယ်၊လုပ်ငန်းညှိနိူင်းအစည်းအဝေးပွဲကျင်းပပြုလုပ်
ရန်ကုန်တိုင်းဒေသကြီး လိူင်သာယာအရှေ့ပိုင်း မြို့နယ်ပါတီ လုပ်ငန်းညှိနိူင်းအစည်းအဝေးကို လှိုင်သာယာ မြို့နယ် ပါတီရုံးခန်းမတွင် ဒီကနေ့ ဒီဇင်ဘာ ၁၁ ရက်နေ့၊နံနက် ၁၀ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်ပါတီဥဣဌနှင့်ကော်မတီဝင်များ၊ ရပ်ကျေးပါတီဥဣဌများ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးတွင် ပါတီဝင်အင်အားတိုးပွားရေး၊ ဝန်းရံအင်အားပိုမိုရရှိရေးနှင့် ပါတီဝင်အင်အားပြန်လည်စိစစ်ရေးအကြောင်းအရာများဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို နေ့လည် ၁၂ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြကြောင်း သတင်းရရှိသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
ပေါင်မြို့နယ်ပြည်ခိုင်ဖြိုး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီကနေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့ နံနက် ၁၀ နာရီအချိန်၌ ပေါင်မြို့နယ်ပါတီရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။ အစည်းအဝေးတွင် ရက်၉၀စီမံချက်၊ PR စနစ်နှင့် ပါတီဝင်စီစစ်ခြင်းလုပ်ငန်းများဆောင်ရွက်နေမှုနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ အစည်းအဝေးကို ပြည်နယ်ကော်မတီဝင် ၊ဦးခင်မောင်ဇော်၊ သထုံခရိုင်ပါတီဥက္ကဋ္ဌ ဦးကျော်မြင့်၊ မြို့နယ် ပါတီဥက္ကဋ္ဌ ဦးကျော်လင်းဦး မြို့နယ်အတွင်းရေးမှူး ၊ဦးကျော်စွာလင်းနှင့် မြို့နယ် ကော်မတီဝင် များ မြို့နယ် အရံ ကော်မတီဝင်များ ရပ်/ ကျေးပါတီဥက္ကဌများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။